အပိုင်း။၂၁။

14.3K 1.3K 174
                                    

ကျွတ်......

တဆစ်ဆစ်ကိုက်ခဲနေရသော
ဦးခေါင်း။...

မျက်လုံးတို့ပင်ဖွင့်မရအောင်
ကျိန်းစပ်နေရကာ
အားအင်တွေလည်းကုန်ခမ်း
နေရသည်။

ဘာလဲ

ငါဖျားနေခဲ့တာလား
ကြာကြာပင်မစဉ်းစားလိုက်ရ...
စကားသံတို့ကြောင့်သိခဲ့ရသည်။*

*သခင်လေးနိုးပြီ..
ဒေါက်တာကိုphပြန်ဆက်လိုက်ပါ
မန်နေဂျာစုန့်*

*အင်း သူ့ကိုယ်ပူကျသေးလား
ကြည့်ရတာမသက်သာသေးသလိုပဲ*

*မနေ့ကထက်တော့ကျနေပါပြီ
သုံးရက်လောက်အဖျားကြီးခဲ့ရ
တော့ သူနူန်းနေတာပါ။
အဟာရရှိတာတွေစားပြီး
အားဖြည့်လိုက်ရင်တော့
အရင်လိုပြန်ဖြစ်လာမှာပါ...*

*သူအနာရောကောင်းပြီလား*

*ဆေးက သူဌေးထည့်ပေးနေတော့
အခြေနေဘယ်လိုရှိမှန်း
မသိသေးပါဘူး ဒါပေမယ့်
လမ်းလျှောက်ဖို့တော့
ခက်ခဲနေအုံးမှာပါ။*

*အင်း သူ့ကိုဆက်စောင့်ကြည့်ထား*

*ဟုတ်ကဲ့*

*မင်းကိုရီပေါ်
သူ့ကိုကြည့်ဖို့ဌားထားပေးတာက
သူ့ကိုသတိထားနေဖို့နဲ့
သူ့အကြောင်းမှန်သမျှ
ပြန်တင်ပြဖို့
မင်း
သူ့အပေါ် အကိုတယောက်လို
ဆက်ဆံပါ။
...
ဒါပေမယ့်
အရမ်းနီးနီးကပ်ကပ်
မနေနဲ့ ကြားလား*

*ဟုတ်ကဲ့
ကျတော်မှတ်ထားပါ့မယ်...။*

*အခု​ေတာ့ငါနဲ့
အောက်ထပ်ကိုလိုက်ခဲ့။
သူနိုးလာရင်
စားဖို့အစားတချို့
သွားယူပေးထားးလိုက်
ခဏနေဆရာဝန်ရောက်လာတော့မယ်*

*ဟုတ်ကဲ့*

တံခါးပိတ်သံတွေကြားလိုက်ရကာ
နစ်ယောက် လုံးထွက်သွားကြပုံ

ထိုနေ့ညက
အဖြစ်ပျက်တွေအပြီး
သတိတစ်ချက်ပြန်ကပ်ခဲ့တာကို
မှတ်မိနေသေးသည်။

အဝတ်ကင်းမဲ့နေသော
ကိုယ်သည် အေးစိမ့်အောင်
ဖွင့်ထားသော ACအခန်းထဲ
အရိုးကွဲမတတ်နာကျင်နေခဲ့ရသည်။

အားယူကာ
ထကြည့်ပြန်တော့လည်း
ကျောရိုးတလျှောက်
နာကျင်တတ်လာရကာ
သွေးများပြန်လည်ယိုစိမ့်
လာရသည်။

ကြိုးမဲ့ချည်တိုင်(Completed) Where stories live. Discover now