ဇာတ်သိမ်းပိုင်း။ ၅၂၈+၉၇၂+၁၅၀၀

17K 1.4K 208
                                    

မြင်ကွင်းတို့သည်
ကျဆင်းနေသောမျက်ရည်တို့ကြောင့်
ရှေ့ကိုကောင်းစွာမမြင်ရခဲ့ရ.....။

နှလုံးသားထဲမှ
အတွေးအိမ်ငယ်သည်လည်း
သွေးရောင်လွမ်းနေသော
ခန္ဒာကိုယ်ငယ်ကိုသာ
အရိပ်တစ်ကြည့်ကြည့်
မြင်ရောင်နေမိရင်း
ရင်ဘက်တစ်ခုလုံးပွင့်ထွက်ချငိလာမိသည်...။

Operating roomရှေ့တွင်
ရူးကြောင်ကြောင်စကားတွေ
တစ်ယောက်ထဲပြောရင်း
ငါဆိုတာ
အနာဂတ်ကိုမသိချင်တော့....။

^^မင်းတစ်ခုခုဖြစ်ရင်
ငါလည်းတစ်ခုခု ဖြစ်ရမယ်

မင်းငါ့ကိုထားခဲ့လို့မရဘူးနော်
ရီပေါ်

မင်းငါ့ကိုထားခဲ့လို့မရဘူး

တစ်သက်လုံး
ဦးနှောက်မဲ့နလုံသားမဲ့စွာ
ရှင်သန်လာရပေမယ့်

ဒီတစ်ခါ တော့ မဖြစ်စေရဘူး ရီပေါ်

မင်းဆိုတာမရှိတော့ရင်
ငါဆိုတာလည်းမရှိစေရဘူး

ငါတကယ်ပြောနေတာသ်ိလား

တကယ်ပြောနေတာ..

ငါ....ငါ့ကိုချစ်ရင်
မင်းဘာမှမဖြစ်ရဘူးနော်

မင်းဘာမှမဖြစ်ရဘူး!!!!!

ငါ့ကိုမထားခဲ့ရဘူး

ငါခွင့်မပြုဘူး

ငါလူံးဝ......^^

*Zhan စိတ်ထိန်းပါအုံး
သားရယ်..Zhan*

*ရီပေါ်.လေ..သူ့ကိုယ်မှာသွေးတွေ
သွေးတွေက*

*Zhan စိတ်အေးအေးထားပါ သားရယ်၊
....
သားပါ အခုလိုဖြစ်နေလို့မရဘူးလေ..
ပါးပြောမယ် ရီလေး ဘာမှမဖြစ်ဘူးနော်
သူ့သားအတွက်ရှိနေမှာ သူဘာမှမဖြစ်ဘူး*

*သွေးတွေ..ရီပေါ် သွေးတွေ
သူ့နာကျင်နေမှာ..
သေချာပေါက်ကိုနာကျင်နေမှာ..
......သူ....
သူလေ နာကျင်နေတာတောင်
ကျတော့်ကိုပြုံးပြနေခဲ့တာ...
.....
သူ....သူနာကျင်နေတာကျတော်သိတယ်
....
ရီပေါ်!!!လေ..
သူကိုယ်မှာသွေးတွေ*

*ဘာမှမဖြစ်ပါဘူးသားရယ်
သူကောင်းသွားမှာပါ
သား
ခဏလေးငြိမ်ငြိမ်နေပေးနော်
...
ရီပေါ်ကသားပြန်နိုးလာရင်
သက်သာနေမှာ ဒါကြောင့်သားခဏ
အိပ်လိုက်နော် ပါးတို့ရှိနေမယ်*

ကြိုးမဲ့ချည်တိုင်(Completed) Where stories live. Discover now