အပိုင်း၂၉ ထာဝရဖြစ်တည်ခြင်း

9.7K 1K 45
                                    

ကျတော်တို့ရဲ့
အချစ်ဆိုတာက
ရိုးရိုးလေးပါပဲ

ကိုယ့်ဘက်ကချစ်နေရုံနဲ့***

သူ့ကိုပျော်ရွင်စေရုံနဲ့***

ထိုမျှနဲ့သာ
အစပျိူးထားခြင်းမို့....

ကျတော်တို့ရဲ့အချစ်တွေက
ထာဝရ အဓိပ္ပာယ် ရှိနေမှာပါ...။

အချိန်တွေဘယ်လောက်ကြာကြာ
တကယ်ကို အဓိပ္ပာယ် ရှိနေအုံးမှာပါ။**

============

*မောင်!!!!*

*ဗျာ..*

*မောင်*

*Innn ပြောလေ ချစ်*

*မောင်*

*ဘာလားကွခေါ်ပြီး
ထူးလည်းမဖြေဘူး..။*

*ဒီအတိုင်းခေါ်ကြည့်နေချင်လို့ပါ
အိမ်မှာဆို သိပ်မခေါ်ရဲလို့
အခုခေါ်နေရတာ..*

*ဖြစ်ရမယ်...
ဟုတ်ပါပြီခေါ်ပါ..
အိမ်မှာလည်းခေါ်ပါ
ကိုယ့်တွေ့တိုင်းလည်း မောင်လို့ခေါ်ပါ
ပြောတဲ့လူရှိရင် ကိုယ့်လာပြော..*

*ရန်လုပ်ဖို့သင်ပေးနေပြန်ပြီဟဟ
.....
ဟိုလေ ရီပေါ်.*

*ဟင်*

*ဘာလို့ ခုလောက်ထိ
ငါ့ကိုချစ်သွားရတာလဲ
မင်းငါ့ကိုအရမ်းနိုင်စားခဲ့တာလေ.
......
ပြီးး..မင်းမှာ ကောင်မလေးတွေလည်း
ရှိခဲ့ဖူးတယ်၊ ငါတောင်မနာလိုရသည်အထိ
မင်းစန်းပွင့်ခဲ့တာလေ...အဲ့တာကို
ဘယ်လိုလုပ် ငါ့ကိုချစ်သွားရတာလဲ*

*မင်းမသိလို့ Zhan
အချစ်က ကြောက်ဖို့ကောင်းတယ်
ကိုယ်မင်းကိုချစ်နေမိတာ
ကိုယ့်ကိုကိုယ်တောင်
ဘာမှ မသိလိုက်ရဘူး...။
ကိုယ်အထက်တန်းပထမနစ်မှာမင်း
ကိုစဆွဲလမ်းမိနေကြောင်း
ကိုယ့်ကိုကိုယ်
သံသယဝင်စေခဲ့တယ်...
ပြီးး...ဒီအတိုင်း ကျော်လွှားသွားမယ်
နိုင်မယ်ထင်ခဲ့တာ...
ဒါပေမယ့်

အဲ့ဒီအချစ်ဆိုတဲ့ ကောင်က
အရမ်းဆိုးသွမ်းတယ်သိလား

ကိုယ့်နလုံးသားကို
တချက်ခလေးတောင်
ခွင့်မတောင်းဘဲ

နှလုံးသားရဲ့ အခန်းလေးခန်းလုံးမှာ
မင်းကိုချစ်နေတဲ့အချစ်တွေ
အပြည့်ထည့်ပြီးး..
ကိုယ့်ရူးအောင်လုပ်သွားတာ..

ကြိုးမဲ့ချည်တိုင်(Completed) Where stories live. Discover now