Episode - 3

2.7K 333 70
                                    

(Zawgyi)

ကျယ်ဝန်းခမ်းနားလှတဲ့ခြံဝန်းကြီးရှေ့မှာ ကျွန်တော့်စက်ဘီးလေးကို ရပ်တန့်လိုက်တယ်...။ အထဲက အိမ်ကြီးသည်လည်း ကြီးမားခန့်ညားလွန်းလှတယ်...။

ထိုအိမ်ကြီးထဲသို့ ကျွန်တော်မရောက်ဖူးပေမယ့် ဒီခြံဝန်းကြီးရှေ့ကိုတော့ ကျောင်းဖွင့်ရက်တိုင်းရောက်ဖြစ်တယ်...။ အကြောင်းမှာ ဒီခြံကြီးနဲ့အိမ်ကြီးထဲမှာ Kim Taehyung ဆိုတဲ့ အရှုပ်ထုတ်လေးတစ်ယောက် နေထိုင်သောကြောင့်ပင်...။

တကယ်ဆိုဒီနေ့က ကျောင်းပိတ်ရက်ပါ...။ အဲဒါကို သကောင့်သားက သူ့ကိုစာလာရှင်းပြပေးပါဆိုလို့ ကျွန်တော်အောင့်သက်သက်နဲ့ပင် ရောက်လာခဲ့ရခြင်းပင်...။ ကျောင်းစာနဲ့ပတ်သတ်ရင် ကျွန်တော်မတွန့်တိုချင်ဘူးလေ...။

"ဟော Jungkook ရောက်လာပြီလား.. အထဲဝင်ခဲ့လေကွယ်.. မင်းကို Tae လေးက တမျှော်မျှော်နဲ့"

မျက်မှန်းတမ်းမိနေပြီဖြစ်တဲ့ ခြံစောင့်ဦးလေးကြီးက ကျွန်တော့်ကိုမြင်တာနဲ့ ခြံတံခါးကိုဖွင့်ပေးလာတယ်...။ ဦးလေးကြီးကို ပြုံးပြနှုတ်ဆက်လိုက်ပြီး ကျွန်တော်လည်း စက်ဘီးလေးတွန်းကာ ခြံကျယ်ကြီးထဲသို့ ပထမဆုံးအကြိမ်ခြေချလိုက်မိတယ်...။ အရင်ရက်တွေ သူ့ကိုကျောင်းသွားဖို့လာခေါ်တုန်းကလည်း အထဲကိုသူအလည်ခေါ်ပေမယ့် ကျွန်တော်မဝင်ဖြစ်...။

အိမ်ကြီးဆီသို့လျှောက်လမ်းကလည်း ကားတစ်မှတ်တိုင်စာလောက် ရှိသလိုပင်...။ ကားတစ်စီးစာမက ကျယ်ပြန့်တဲ့လျှောက်လမ်းရဲ့ ဘယ်ဘက်ခြမ်းမှာတော့ ပန်းဥယျာဉ်လေးတစ်ခုကို စိုက်ပျိုးထားတယ်...။ ပန်းဥယျာဉ်လေးရဲ့အထဲမှာ အပန်းဖြေနားနေဖို့အတွက် မှန်တွေကာရံထားတဲ့ အိမ်သေးသေးလေးတစ်လုံးတောင် ရှိနေသေးရဲ့...။

ညာဘက်ခြမ်းမှာတော့ ရေကူးကန်အကြီးကြီးရှိနေပြန်တယ်...။ ရေကူးရတာဝါသနာပါတဲ့ ကျွန်တော့်အတွက်ကတော့ ရေကူးကန်ကြီးက မျက်စိကျစရာပင်...။ Taehyung သိရင်တော့ဖြင့် နေ့တိုင်းသူ့ဆီလာလည်ဖို့ခေါ်နေဦးမယ်...။ တကယ်တမ်းလည်းသူက အရမ်းအဖော်မင်တယ်လေ...။ ဒါပေမဲ့ ဘာလို့များသူ့ဘေးမှာ သူငယ်ချင်းတစ်ယောက်မှ မရှိတာလဲဆိုတာ ကျွန်တော်မစဉ်းစားတတ်...။

Dearest (Completed) Where stories live. Discover now