Episode - 10

2.2K 290 87
                                    

(Zawgyi)

ဆရာမ ခိုင်းထားတဲ့အလုပ်တချို့ကို ကူပေးအပြီး အတန်းထဲပြန်ဝင်လာတော့ Taehyung တစ်ယောက် သူ့ဖုန်းကိုတော်တော်လေး အာရုံရောက်နေတာကို သတိထားမိလိုက်တယ်...။ မဝံ့မရဲအတွေးတချို့နဲ့အတူ သူမသိအောင် နောက်ကနေတိတ်တိတ်လေး ခိုးကြည့်မိလိုက်တယ်...။

Online shopping တစ်ခုကနေ ပစ္စည်းရှာနေဟန်ရှိတဲ့သူ့ကြောင့် ကျွန်တော်မသိမသာသက်ပြင်းချမိတယ်...။ ခုတလောကျွန်တော် ဘာတွေကိုစိုးရိမ်နေမိမှန်းမသိ...။ Taehyung နဲ့ပတ်သတ်ပြီး ပေါက်တတ်ကရအတွေးတွေပဲ ဝင်နေမိတယ်လေ...။ ပွင့်လင်းပြီးကလေးဆန်တဲ့ Taehyung ဟာ ဦးကိုများ သဘောကျနေလေသလားလို့ လျှောက်တွေးနေမိတဲ့အထိ...။

"အဲဒါလေး ဝယ်မလို့လား...?? လှသားပဲ"

ကျွန်တော့်ရဲ့စကားကြောင့် သူ့အာရုံက ကျွန်တော့်ဆီပြန်ရောက်လာတယ်...။ ပြီးတော့မှ သူ့ ph screen ပေါ်က ရှာဖွေလက်စ ဆွဲသီးပုံဆန်းလေးကို သေချာပြန်ကြည့်နေသေးတယ်...။

"အင်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"အင်း.. တော်တော်လေးလှတယ်.. အိပ်မက်ထဲက ငါ့ဖူးစာရှင်က အဲ့လိုဆွဲသီးလေး ဝတ်ထားတာလေ.. ငါမှတ်မိနေတယ်"

Kim Taehyung ဟာ တော်တော်လေးကို ကလေးဆန်ပါတယ်...။ ခုလည်းကြည့် အိပ်မက်ထဲကဖူးစာရှင်ဆိုသူကို ယုံကြည်နေပြန်သည်လေ...။

"အဲဒါ မင်းဟိုတစ်ခါပြောတဲ့တစ်ယောက်လား"

"အင်းလေ... သူက ငါ့ဖူးစာရှင်ပဲ... ငါသိနေတယ်... ကြည့်ရတာသူကလည်း ငါ့ကိုသဘောကျပုံပါပဲ အဟိ"

ပြောနေရင်းနဲ့ ရှက်ကိုးရှက်ကန်းခေါင်းငုံ့သွားပြန်တဲ့သူ....။ ကျွန်တော်ကတော့ ဘာမှဝင်ပြောမနေတော့ဘဲ သူ့ကိုသာငေးကြည့်နေမိတယ်...။ အဲဒီ့လူက Min Yoongi ဆိုတဲ့သူ မဟုတ်ဘူးဆိုရင် ဘယ်သူဖြစ်နိုင်မလဲ...?? Taehyung ရဲ့ဘေးမှာ ရင်းနှီးတဲ့သူစိမ်းလည်း မရှိဘဲနဲ့...။

Dearest (Completed) Where stories live. Discover now