Episode - 16

2.1K 268 76
                                    

(Zawgyi)

အချစ်ဆိုတာ ပေးဆပ်ခြင်းမဟုတ်ဘူး...။
တကယ်ချစ်ရင် ရယူဖို့အတွက်ကြိုးစားရမှာပဲ...။
အဲဒါကိုအတ္တလို့ အဓိပ္ပာယ်သတ်မှတ်ရင်
ဟုတ်တယ် ကျွန်တော်က အတ္တကြီးသူတစ်ယောက်ပါ...။
~~Kim Taehyung~~

ဒီနေ့လည်း ကျွန်တော့်ကိုကျောင်းသွားဖို့အတွက် Jungkook လာမခေါ်ခဲ့ပါ...။ ကျွန်တော်ကိုယ်တိုင်ကလည်း အရင်လိုမျိုး သူ့ဆီဖုန်းဆက်ပူဆာတာမျိုး မလုပ်ဖြစ်တော့...။ သူနဲ့ကျွန်တော်ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်းနဲ့ သွေးအေးလာခဲ့ပြီ...။ ဝမ်းနည်းလားဆိုတော့ အင်း... နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတာပေါ့...။ ကျွန်တော့်မှာသူငယ်ချင်းက သူတစ်ယောက်တည်းရှိတာလေ...။ ဒါပေမဲ့လည်း အရင်လိုပြန်အဆင်ပြေဖို့ မကြိုးစားတာက ပိုကောင်းမယ်လို့ ကျွန်တော်ထင်မိတယ်...။

တကယ်လို့ ကျွန်တော်က ဦးကိုဘယ်လောက်သဘောကျကြောင်းတွေ ပြောနေမယ်ဆိုရင် သူလည်းစိတ်ကောင်းမှာမဟုတ်ဘူး...။ ဒါ့အပြင် သူက ဦးကိုတိတ်တဆိတ်သဘောကျနေမှန်း ကျွန်တော်သိထားပြီးပြီမို့ သူ့ကိုအရင်လိုလိပ်ပြာသန့်သန့်နဲ့ ဆက်ဆံဖို့က ခဲယဉ်းသွားခဲ့လေပြီ...။

ဘယ်လိုပဲယုံတယ်ပြောပြော သူနဲ့ဦးက တစ်အိမ်တည်းအတူနေတာမို့ ကျွန်တော်စိုးရိမ်မိတာတော့ အမှန်ပင်...။ သူတို့ကြားမှာရှိတဲ့သံယောဇဉ်က အဖြူရောင်မှဟုတ်သေးရဲ့လား...။ Jungkook က ဦးကိုသဘောကျနေသလို ဦးဘက်ကရော Jungkook ကို သဘောကျနေတာမျိုး မဖြစ်နိုင်ဘူးလား...။ ထိုအတွေးက ကျွန်တော့်ကို ညဘက်တွေအိပ်မပျော်အောင် အနှောက်အယှက်ပေးနေတယ်...။

"သားငယ်လေး ကျောင်းသွားမှာလား...
Appa လိုက်ပို့ပေးရမလား...??"

စိတ်ထင်လို့ပဲလားမသိ Appa က ခုတလော ကျွန်တော့်ကို တော်တော်လေးဂရုစိုက်ပေးနေတယ်...။ အရင်ကဆို ပိုက်ဆံကိုသာကုန်းရုန်းရှာနေပြီး ကျွန်တော့်ကိုဆို သိပ်အချိန်မပေးနိုင်ပဲနဲ့...။

"Appa ဒီနေ့အလုပ်သွားတာနောက်ကျတယ်နော်"

"အင်း.. ဟုတ်တယ်.. အရင်လိုမျိုးအလုပ်မှန်သမျှ ကိုယ်တစ်ယောက်တည်းလုပ်မနေတော့ဘဲ တော်ရုံအသေးအဖွဲ့တွေဆို စိတ်ချရတဲ့သူနဲ့ လွှဲထားလိုက်ပြီလေ"

Dearest (Completed) Where stories live. Discover now