Extra (Rated-M)

4.3K 272 227
                                    

(Zawgyi)

Toronti City, Canada

Toronto University မှာဝင်ခွင့်စာမေးပွဲဖြေဆိုခဲ့တဲ့ Jungkook... အခုတော့လည်း အကြောင်းပြန်စာရခဲ့ပြီမို့ ဦးနဲ့အတူတူ Toronto မှာ အခြေချဖို့ဖြစ်လာခဲ့တယ်...။ သူတို့ရောက်ရှိသွားတော့ ဆောင်းဝင်ခါစအချိန်မို့ ကနေဒါနိုင်ငံရဲ့အလှဟာ အရင်ကထက်ပိုပေါ်လွင်လို့နေလေတယ်...။

ကြိုတင်ငှားရမ်းထားတဲ့အိမ်လေးရှေ့ကို Taxi ကားလေးထိုးရပ်သွားတော့ သူတို့လည်း အထုပ်အပိုးတွေကိုယ်စီဆွဲကာ အိမ်လေးထဲသို့ဝင်ခဲ့ကြတယ်...။ Jungkook ကတော့ လေယာဉ်ပေါ်ကဆင်းကတည်းက မြင်မြင်သမျှငေးမောနေတာ အခုထက်ထိကို အံ့ဩငေးမောလို့မဆုံး ဖြစ်နေလေရဲ့...။

"ဦး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဦး.. ဒီအိမ်လေးက တော်တော်လှတာပဲ.. ပရိဘောဂတွေပါ တခါတည်းပါတော့ ဈေးအရမ်းကြီးမှာပဲနော်... Kookie ထင်တာကလေ သူများနိုင်ငံမှာဆိုတော့ အထပ်ခိုးလိုနေရာမျိုးမှာပဲ ငှားနေရမှာလားလို့လေ"

ရိုးသားလွန်းတဲ့ Jungkook ရဲ့အပြောကြောင့် အထုတ်တွေကိုနေရာချနေတဲ့ Hoseok အော်ရယ်မိတော့တယ်...။ ဒီကလေးဟာ သိပ်ဖြူစင်ပြီး ချစ်စရာကောင်းလွန်းနေသည်လေ...။

"ဒီနိုင်ငံမှာက အိမ်ငှားရင်အဲလိုပဲလေ.. ပရိဘောဂပစ္စည်းတွေကို မသယ်နိုင်တဲ့အတွက် အကုန်ထားခဲ့ကြတာချည်းပဲ.. အိမ်ဘယ်လောက်ပြောင်းပြောင်း ကိုယ့်အသုံးအဆောင်ပစ္စည်းပဲ သယ်သွားကြတာ"

"အာ.. အဲလိုလား.. အနောက်နိုင်ငံတွေရဲ့ထုံးတမ်းစဉ်လာတွေက ထူးဆန်းတယ်နော်... ကိုရီးယားတွေဆို အပ်တိုတစ်ချောင်းကအစ နှမျောတာ"

မျက်နှာအမူအယာလေးနဲ့ပါ စကားပြောနေတဲ့ Jungkook ကိုကြည့်ရင်း Hoseok ပြုံးလို့နေခဲ့တယ်...။ အခုသူတို့အဖြစ်က အိမ်ထောင်ကျကာစ ကြင်စဦးစုံတွဲတွေလို ဖြစ်နေသလားလို့လေ...။

Dearest (Completed) Where stories live. Discover now