-2-

309 26 0
                                    

2.

တကယ်တော့ hyung နဲ့ ကျွန်တော်နဲ့က ဟိုးငယ်ငယ်တည်းက အိမ်နီးချင်းတွေဗျ hyung က ကျွန်တော့ထက် အသက်၂နှစ်ကြီးတယ် hyung ဆိုတာလေ ငယ်ငယ်တုန်းက အရမ်းကိုသွက်လက်လိုက်တာမှ လက်လက်ကိုထနေတာပဲ ဆိုသလိုမျိုး (အခုရောလို့ မမေးနဲ့ သူနိုးလာရင်သာ ဘယ်လိုမျိုးလဲ ဆက်ရှုစား)

သူရော ကျွန်တော်ရော တစ်ဦးတည်းသောသားတွေ ဖြစ်လို့လားမသိဘူး ကျွန်တော်တို့ ၂ယောက်လုံး တကယ့်ညီအစ်ကိုတွေလိုပဲ တစ်ယောက်အိမ် တစ်ယောက်ဝင်ထွက်နဲ့ သူ့အိမ်ကိုယ်သွားဆော့လိုက် ကိုယ့်အိမ်သူလာဆော့လိုက်နဲ့ ငယ်ငယ်တုန်းကဆို သူ့ကိုယ်သူလည်း hyung ကလေ hyung ကလေနဲ့ ကျွန်တော့ကိုလည်း ထယ်လေး ထယ်လေးဆိုပြီး ခေါ်တာဗျ

အောင်မလေး ထယ်လေးလို့သာခေါ်တာနော် မုန့်ဆို သူပဲအများကြီးစားချင်ရတာနဲ့ ကစားစရာဆိုလည်း သူပဲအရင်ဆုံးဆော့ချင်ရတာနဲ့ ရဲသူခိုးလုပ်တမ်းဆော့မယ်ဆိုလည်း သူပဲ ရဲလုပ်ပြီး သူခိုးက ကိုယ်လေ ကိုယ့်ကို ဖမ်းပြီး လက်ထိပ်က ခတ်ချင်ရတာနဲ့ဗျ ဆရာကြီးကလည်း မတရားလုပ်ချင်သေးတာ

10:00 AM

အော် အတွေးတွေသာကောင်းနေတာ ကျွန်တော်က ခုမှ တံခါးနားမှာပဲ ရှိသေးတယ် ခြေသံဖွဖွနင်းရင်း ပြတင်းပေါက်နားက စာကြည့်စားပွဲဆီလျှောက်သွားလိုက်တယ် စားပွဲပေါ်မှာ ပစ္စည်းတွေ တင်ထားလိုက်ပြီး ထိုင်ခုံကို hyungကုတင်ဘက် မျက်နှာမူပြီး ထိုင်လိုက်တယ် သူဘယ်တော့များထမလဲ ဘယ်လောက်ထိ အိပ်နိုင်မလဲဆိုပြီးပေါ့ ဟော အိပ်ရာပေါ်မှာ တုတ်တုတ်မလှုပ်တဲ့ hyung ရဲ့ခန္ဓာကိုယ်က အနည်းငယ် လူးလွန့်သွားတယ် ထပြီထင်တယ်ဆိုပြီး အကဲခတ်နေတာ တစ်ဘက်ကို ပြန်လှည့်အိပ်သွားတယ် ကဲ ကြည့်ဦး

hyung ကဆက်အိပ်မယ့်ပုံပေါ်တာနဲ့ ကျွန်တော်လည်း စားပွဲဘက်ကို ပြန်လှည့်ပြီး စားပွဲပေါ်က အရာတွေကို တစ်ချက်ကြည့်လိုက်မိတယ် ဘာမှထွေထွေထူးထူးမရှိပါဘူး ဒီလိုပဲ သူဖတ်နေတဲ့ စာအုပ် ၂အုပ် ၃အုပ်ရယ် မီးအိမ်လေးရယ် ဘောပင်တွေထည့်ထားတဲ့ ခွက်လေးရယ် သူ့ရဲ့ သီချင်းတွေ အကြောင်း ချရေးထားတဲ့ မှတ်စုစာအုပ်လေးရယ်ပါပဲ အခန်းထဲမှာလည်း ရှင်းရှင်းလင်းလင်းပဲ ကျွန်တော့လိုမျိုး fashion စိတ်ဝင်စားတဲ့လူမျိုးမဟုတ်တော့ အဝတ်ဘီရိုရယ် စာကြည့်စားပွဲရယ်လောက်ပဲ ကျွန်တော် နောက်ဆုံးတစ်ခေါက်က ရောက်ထားသလိုမျိုးပဲ အပြောင်းအလဲမရှိ
..................................................................

Black & White but I'm in Loveحيث تعيش القصص. اكتشف الآن