-5-

150 17 1
                                    

5.

Taehyung studio ထဲကနေ ထွက်တော့မယ်အလုပ်မှာ
studio တံခါးဝမှာ လူတစ်ယောက်

'A Yo What's up bro!!!
dating news က ၁နာရီပဲ ကြာလိုက်ပါလား တန်းငြင်းပစ်တယ်ပေါ့လေ Min Yoongi shi'

Hoseok ဆိုတဲ့ hyung

'မင်း တော်တော် စိတ်ပျက်ဖို့ကောင်းတယ် Taehyung'

Yoongi ပြောပြီး အပြင်ထွက်သွားတယ်
ကျွန်တော့မှာ အဖြစ်အပျက်တွေကို နားမလည်တော့လွန်းလို့ ဆိုဖာပေါ် ထိုင်လိုက်ရတယ်

'Hoseok hyung ပြောတာကို ကျွန်တော် နားမလည်ဘူး'

'မင်း ဘာတွေပြောနေတာလဲ Taehyung ရ Yoongi hyung က မင်းကို မပြောပြဖူးလား သူ့ရဲ့ dating news က တကယ်မဟုတ်ဘူးဆိုတာလေ'

'မပြောပြဖူး hyung သူပြောတော့ တကယ်တဲ့'

'ဟား ဟား မင်းကို စလိုက်တာနေမှာပေါ့ ကိုယ့် hyung ကိုယ်မယုံဘူးလားကွ သူက သီချင်းပဲ ရေးနေချင်တဲ့ လူစားပါကွာ ငယ်ငယ်တည်းက လည်ပင်းဖက်ပေါင်းလာပြီး ဒါလေးတောင်မသိဘူးလား ငါတို့တောင် သိတယ်'

Hoseok hyung ထွက်သွားပြီးတော့ studio ထဲမှာ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့တယ်
ရယ်ရမလား ငိုရမလားမသိတဲ့ ခံစားချက်ကြီးနဲ့ ထိုင်လိုက် ထလိုက် လမ်းလျှောက်လိုက်နဲ့ hyung ပြန်လာတာကို စောင့်မိနေလေရဲ့
hyung ကို ပြောပြချင်တဲ့ အချစ်အကြောင်းက ဒီလိုအခြေအနေမျိုးမှာ မဟုတ်သေးဘူးလေ
hyung ကို အော်ခဲ့မိတာတွေအတွက် ကျွန်တော် အားလည်းနာတယ် သဝန်တိုပြီး ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ခဲ့တဲ့အတွက်လည်း ရှက်မိသေးတယ်

အားးး ဖြစ်နိုင်ရင် အဝေးကိုလည်း ပြေးထွက်သွားချင်တယ် ဒါပေမဲ့ hyung ကိုလည်း ထပ်တွေ့ချင်သေးတယ် ကျွန်တော့ကို ကယ်ပါဦး hyung ရယ်

အချိန်တွေ ဘယ်လောက်ကြာကြာ စောင့်လိုက်မိလဲမသိ ကျွန်တော်နိုးလာတော့ ဆိုဖာပေါ်မှာ ခွေခွေလေးရယ် studio ခန်းထဲမှာလည်း ဘယ်သူမှမရှိဘူး ကျွန်တော့ကိုယ်ပေါ်မှာလည်း အနွေးထည်တစ်ထည် ခြုံရက်သားလေး
ဒါ hyung ရဲ့ အနွေးထည်ပဲ
ဒါဆို hyung ပြန်လာသွားသေးတာပေါ့
သူ့ကို အနွေးထည်ခြုံပေးသွားတာ hyung ပေါ့
နေ့လည်က ဒေါသတကြီး အော်ဟစ်ခဲ့တာတောင် သူ့ကို အေးမှာစိုးလို့ အနွေးထည်ခြုံပေးသွားတဲ့ hyung ဒီလိုလူသားလေးကို ကျွန်တော် ဘယ်မှာ မချစ်ဘဲနေနိုင်မှာတုန်းဗျာ
..................................................................

အလုပ်အတူတူတွဲလုပ်တဲ့ အဆိုတော်မလေးနဲ့ Dating news က ကောက်ခါငင်ခါကြီး ထွက်လာတယ် အဟက် ဒီလောကက အဲ့လိုပဲ အလုပ်လေးအတူတူ တွဲမလုပ်လိုက်နဲ့ ထွက်လာတာက Dating news ပဲ မီဒီယာတွေရဲ့ ကောင်းမှုပေါ့
Dating
ထွက်ထွက်ချင်းပဲ အေဂျင်စီက ကျွန်တော့ကို မေးပြီး တန်းငြင်းတဲ့သတင်း ထုတ်လိုက်တယ်လေ

အဲ့လိုနဲ့ ကိုယ့်ဘာသာ သီချင်းဆက်လုပ်နေရင်း တံခါးကို ရုတ်တရက် စောင့်ဖွင့်လိုက်တဲ့အသံကြောင့် ကျွန်တော်လှည့်ကြည့်မိလိုက်တယ် Taehyung ရယ်လေ
တော်တော်ကို စိတ်ထိခိုက်ပြီး ဒေါသထွက်နေတဲ့ မျက်နှာနဲ့ ကျွန်တော့ကို မေးတယ် သူကျွန်တော့ကို မယုံဘူးလား ငယ်ငယ်တည်းကနေ ခုချိန်ထိ အတူရှိခဲ့ဖူးတဲ့ အချိန်တွေဟာ နည်းနည်းနောနောလား သူကျွန်တော့အကြောင်းကို ဒီလောက်လေးတောင် မသိဘူးလားဗျာ

Hoseok ရောက်လာတော့မှ အမှန်တရားကို သိသွားတော့ ကျွန်တော် studio ထဲကနေ ထွက်လာခဲ့လိုက်တယ် ကျွန်တော်တို့အတူသွားနေကျ လေညှင်းခံခဲ့ဖူးတဲ့ ဟန်မြစ်ဘေးက တစ်နေရာကိုပေါ့

တကယ်ဆိုရင် Taehyung ရဲ့ ခံစားချက်တွေ အကုန်လုံးကို ကျွန်တော်သိနေခဲ့တယ် အထက်တန်းအရွယ်လောက်မှာ ပြောင်းလဲလာခဲ့တဲ့ သူ့ခံစားချက်တွေကို ကျွန်တော်ရိပ်မိခဲ့တယ်
ရိပ်မိချင်စရာကောင်းလောက်အောင်ပဲ သူ့အကြောင်းကို ကျွန်တော်တစ်ယောက်တည်း ကောင်းကောင်းသိနေခဲ့တာကိုး

သူ့အတွက်တော့ ခံစားချက်တွေ ထိန်းချုပ်ရတာ ခက်တယ်ဆိုရင် ကျွန်တော့အတွက်တော့ သူ့ခံစားချက်တွေကို မသိချင်ယောင်ဆောင် မျက်ကွယ်ပြုနေရတာကလည်း ခက်တယ်

ခင်ဗျားတို့ကတော့မေးမှာပေါ့ Taehyung ကို နည်းနည်းလေးတောင် မချစ်ဘူးလားဆိုပြီး
ဒါပေမယ့် ကျွန်တော် ဒီမေးခွန်းကို မဖြေဘူး skip မယ်ဗျာ

ည ၁နာရီထိုးသွားတော့ သောက်လက်စ မက်ဂျူတွေလည်း ကုန်သွားပြီ Taehyung ကတော့ ကျွန်တော့ကို စောင့်နေဦးမှာပါပဲလေ

studio ကိုပြန်ရောက်တော့ နေ့လည်က စိတ်တွေဆိုး ဒေါသတွေထွက်နေတဲ့ မောင်မင်းကြီးသား Kim Taehyung က ဆိုဖာပေါ်မှာ ခွေခွေလေး အိပ်ပျော်နေလေရဲ့ အိပ်ချင်တာများ အိမ်ပြန်မအိပ်ဘူး လဒကောင်လေး

သူ့ခုံမှာ ချိတ်ထားတဲ့ အနွေးထည်ကို taehyung ကိုယ်ပေါ်ခြုံပေးလိုက်ပြီးတော့ အိတ်နဲ့ ကားသော့ယူပြီး မြေအောက်ကားပါကင်ကို ထွက်လာခဲ့လိုက်တယ် ကားတံခါးဖွင့်မယ့်အချိန်မှာ

'Hyung'
..................................................................

Black & White but I'm in LoveWhere stories live. Discover now