-4-

148 18 0
                                    

အမှန်ဆို ကျွန်တော့အတွက် ချုပ်ထိန်းထားရတာ အရမ်းခက်တယ် နေ့တိုင်းတွေ့ချင်နေတဲ့စိတ်တွေကို ချုပ်ထိန်းထားရတာ ခက်တယ် ၂ယောက်အတူ ရှိချင်နေတဲ့ စိတ်တွေကို ချုပ်ထိန်းထားရတာခက်တယ် ကျွန်တော့အတွက် hyung နဲ့ပက်သက်ရင် အရာအားလုံးက ခက်တယ်

Yoongi hyung မွေးနေ့ပြီးကတည်းက hyung ဆီကို သူမသွားတာ ၁လတိတိဖြစ်သွားခဲ့တယ်
မသွားဘူးဆိုတာထက် မသွားဖို့ ကိုယ့်ကိုကိုယ် ချုပ်ထိန်းထားရတာပေါ့ hyung ကတော့ ကျွန်တော့ကို သတိတောင် မရဘူးထင်ပါတယ်လေ

ဒေါက် ဒေါက်
တံခါးခေါက်သံနဲ့အတူ မျက်နှာလေးတစ်ခု ထွက်လာတယ်

'ဘာတွေလုပ်နေတာလဲ သားကြီးရ'

'အောင်မာ ထူးထူးဆန်းဆန်း ဘာလာလုပ်တာလဲ ဒီဇိုင်နာကောင်ရဲ့'

သူ့သူငယ်ချင်း Jimin ပင်

'မင်း တော်တော်အေးဆေးနေပါလား ဒါမှမဟုတ် မသိသေးတာလား'

'ဘာတွေ လာပြောနေတာလဲ မအားရတဲ့ကြားထဲ'

'မင်းကွာ တကယ်ကြီး မသိသေးတာပဲ'

'ဟေ့ကောင် မင်းပြောစရာရှိတာကို ပြော ဝေ့လည်ကြောင်ပတ်တွေ လုပ်မနေနဲ့'

'အေးကွာ မင်းစိတ်သာ ခိုင်ခိုင်ထား ရော့'
..................................................................

ဒုန်း

'ဒါက ဘယ်လိုဖြစ်ရတာလဲ hyung'

Yoongi ရုတ်တရက် တံခါးဖွင့်သံနဲ့အတူ စိတ်အရမ်းဆိုးနေသော Taehyung ကို တွေ့လိုက်ရသည်

'မင်း ယဉ်ကျေးမှုမရှိဘူးလား Kim Taehyung'

'ဟုတ်တယ် ယဉ်ကျေးမှု မရှိဘူး ကျွန်တော်မေးတာကိုသာ ဖြေလိုက်
Min Yoongi'

'ဘာ Min Yoongi'

'ဒီ Dating scandal က ဘယ်လိုဖြစ်ရတာလဲလို့ ကျွန်တော် မေးနေတယ်လေ Min Yoongi'

'မင်းတွေ့တဲ့အတိုင်းပဲ Kim Taehyung မင်းတွေ့ထားတဲ့အတိုင်းပဲ ဟုတ်ပြီလား ခုချက်ချင်း ငါ့ studio ထဲကနေ ထွက်သွား'

'လုံးဝထွက်မသွားနိုင်ဘူး hyung ခင်ဗျား အဲ့မိန်းမနဲ့ အခုချက်ချင်း အဆက်အသွယ်ဖြတ်ပစ်ရမယ်'

'မဖြတ်ပစ်တော့ မင်းက ဘာဖြစ်ချင်လဲ Kim Taehyung မင်းက ဘာမို့လို့လဲ'

'အဟက် ခင်ဗျားတော်တော်သိချင်နေပုံပဲ
ကျွန်တော်ဘာလဲဆိုတာ ခင်ဗျားသိစေရမယ် Min Yoongi'
..................................................................

ကျွန်တော် အရမ်းကို သွေးဆူလောင်ကျွမ်းနေရတယ် hyung

hyung ကျွန်တော့ကို ဂရုမစိုက်ရင်တောင် ကျွန်တော်ကျေနပ်တယ် hyung ကို ငေးကြည့်နေရရုံနဲ့တင် ကျွန်တော်ကျေနပ်တယ် ဒါပေမဲ့ ကျွန်တော်မဟုတ်တဲ့ တခြားလူရဲ့ရင်ခွင်မှာ ပျော်နေတဲ့ hyung ကို ကြည့်နေရတာကိုတော့ ကျွန်တော်မနှစ်မြို့ဘူးဗျာ

အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းတို့ စွန့်လွှတ်ခြင်းတို့လို့ လူတွေက ပြောရင် ကျွန်တော်ငြင်းချင်တယ် ကျွန်တော့အတွက် အချစ်ဆိုတာ Min Yoongi ဗျ

ဟုတ်တယ် ကျွန်တော် Hyung ကိုချစ်တယ် ငယ်ငယ်တည်းကကို ချစ်တာ

ငယ်ငယ်တုန်းကတော့ အချစ်ဆိုတာ အဆော့မက်ပြီး ဆရာကြီးယောင်ဆောင်ထားတဲ့ နှုတ်ခမ်းထော်ထော်နဲ့ ကလေးလေးတစ်ယောက်

နည်းနည်းအသက်ကြီးလာတော့ အချစ်ဆိုတာ မိဘတွေက သီချင်းရေးတာကို တားလို့ ချောင်မှာ ထိုင်ငိုနေခဲ့ဖူးတဲ့ ကောင်လေးငယ်ငယ်တစ်ယောက်

ဆယ်ကျော်သက်အရွယ်ရောက်လာတော့ အချစ်ဆိုတာ မှုန်ကုပ်ကုပ်နဲ့ ကွန်ပျူတာရှေ့ သီချင်းတွေ ထိုင်ရေးနေတတ်တဲ့ ကောင်လေးတစ်ယောက်

အသက်၂၅ နှစ်အရွယ်ကျတော့ အချစ်ဆိုတာ ခုလေးတင် ကျွန်တော့ကို သွေးအေးအေးနဲ့ မောင်းထုတ်ခဲ့တဲ့ လူတစ်ယောက်ပေါ့
..................................................................

Black & White but I'm in LoveWhere stories live. Discover now