3.
12:30 PM
'Hyung ကျွန်တော့ကို နေ့လည်စာ ဝယ်ကျွေးဦးလေဗျာ hyung ရော ကျွန်တော်ရော ဘာမှ မစားရသေးဘူးမလား'
'studio ကျမှပဲ မှာစားတော့မယ်ကွာ ဆိုင်မှာ မစားချင်ဘူး'
'Arr hyung ကလည်း တစ်ရက်တစ်လေလေးပဲကို လာပါဗျာ ကျွန်တော်တို့ စားနေကျ ပဲခေါက်ဆွဲဆိုင် သွားစားရအောင် ဗျာ နော်'
ဗိုက်ထဲက ဂွီကနဲ အသံက Taehyung ရဲ့တိုက်တွန်းချက်ကို ထောက်ခံနေလေရဲ့ သူ ချက်ချင်းပဲ ကားကို သွားနေကျဆိုင်လေးသို့ ဦးတည်လိုက်တယ်
'ဟယ် ဒီကလေး၂ယောက် ဘယ်က ဘယ်လို မျက်စိလည်လမ်းမှားလာကြတာလဲ မတွေ့တာတောင် အတော်ကြာနေပြီ'
ဆိုင်ရှင် အဒေါ်ကြီးက နှုတ်ဆက်လိုက်တော့ ကျွန်တော်တို့ ၂ယောက်လုံး ရယ်ပြပြီး ထိုင်နေကျ စားပွဲမှာ ဝင်ထိုင်လိုက်တယ် တကယ်လည်း ဟုတ်တယ် သူတို့မရောက်ဖြစ်တာ ကြာပြီလေ မနှစ်က hyung မွေးနေ့တုန်းကလည်း ဒီကိုမလာဖြစ်ဘူးမဟုတ်လား
'hyung ဘာစားမှာလဲ ခါတိုင်းလိုပဲမလား'
'.........'
'အန်တီကြီး ခါတိုင်းလိုပဲ ပဲခေါက်ဆွဲ ၃ပွဲရယ် ဝက်ချိုချဉ် တစ်ပွဲရယ် ပြီးတော့ ပိုထည့်ပေးဦးနော် ဟီးဟီး'
'အောင်မလေး ထည့်ပေးရမှာပေါ့ မတွေ့တာကြာတဲ့ ဖောက်သည်လေးတွေရဲ့'
အန်တီကြီးထွက်သွားပြီးတဲ့နောက် ကျွန်တော်တို့ ၂ယောက်လုံး နှုတ်ဆိတ်နေခဲ့ကြတယ်
..................................................................
ကျွန်တော် မူလတန်း စတက်တဲ့နေ့တုန်းက Appa ရော Omma ရော ကျွန်တော် ကျောင်းမပျော်မှာ စိုးရိမ်နေကြတာလေ တကယ်က hyung နဲ့တူတူကျောင်းတက်ရမှာမို့ ကျွန်တော်က ပျော်နေခဲ့တာကြီး နေ့တိုင်း hyung တို့အိမ်က ကားနဲ့ကျောင်းတူတူသွားတယ် hyung က ကျွန်တော့အခန်းထဲထိ လိုက်ပို့ပြီးမှ သူ့အခန်းကို သွားတာ နေ့လည်စာဆိုလည်း တူတူစားကြသေးတာ hyung က အမြဲတမ်း စကားတွေ တတွတ်တွတ်ပြောနေကျ သူ့အတန်းထဲမှာ ဘယ်သူကတော့ ဆရာကြီးဒီဇိုင်းဖမ်းတာ ဘယ်သူကတော့ စာသင်ချိန် မုန့်ခိုးစားတာ ဘယ်သူကတော့ စကားအရမ်းများတာ ဘယ်သူကတော့ အကျင့်မကောင်းတာ အစုံပဲ အစုံပဲ ကျွန်တော်ကလည်း ထမင်းစားရင်း မျက်လုံးအပြူးသားနဲ့ နားထောင်နေရတာလောက် ပျော်တာမရှိဘူးလေ ကျောင်းပြန်လာရင်လည်း တူတူဆော့ကြတယ် ကျွန်တော်တို့ မတွေ့ကြတဲ့ အချိန်ဆိုလို့ ညအိပ်တဲ့အချိန်လောက်ပဲဗျ
..................................................................
![](https://img.wattpad.com/cover/201598280-288-k468152.jpg)
ČTEŠ
Black & White but I'm in Love
Fanfikcehyung ဆိုတာလေ ငယ်ငယ်တုန်းက အရမ်းကိုသွက်လက်လိုက်တာမှ လက်လက်ကိုထနေတာပဲ ဆိုသလိုမျိုး - Taehyung ဒီကောင်လေးဟာလေ ငယ်ငယ်တည်းက ဘယ်နေရာမဆို ကျွန်တော့ကို အလျှော့ပေးနေကျ - Yoongi