အပိုင်း (၄)(Z &U)

2.6K 325 3
                                    

Zawgyi

မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ဘုန်းသန့်တို့ကျောင်းမှာတင်ပြုလုပ်ပြီး ကျောင်းပေါင်းစုံကလာကြသလို ဖြေဆိုသူများထဲတွင်ဘုန်းသန့်လည်းအပါအဝင်ဖြစ်သည်။၁၀ကနေစပြီး ၁နာရီမှ ပြီးမှာမို့ ဟန်သာ့ကို ကျောင်းဆင်းအပြန်စောင့်ဖို့အရေး အသေအချာမှာခဲ့ရသေးသည်။အရင်ကဆို စာနဲ့ပတ်သက်လာရင်ဘာကိုမှအာရုံမရှိတဲ့ကောင်က ခုတော့ဟန်သာ့စိတ်မချဖြစ်ပြီး ထိုင်ရာမှတကြွကြွရယ်ပါ။ကျောင်းတက်လာသည့်အစဉ်အဆက် ပြိုင်ပွဲတိုင်းဆုရနေကျ ဂုဏ်ပုဒ်တော့ ဟန်သာ့​ကြောင့်ပြုတ်တော့မယ်ထင်ပါရဲ့။

ခေါင်းထဲကနေ အကြောင်းအရာတွေကို နည်းမျိုးစုံနဲ့ညှစ်ထုတ်ရေးပြီး အချိန်မပြည့်ခင်မှာပင် ခပ်မြန်မြန်အဆုံးသတ်လိုက်သည်။ဒါတောင် ကျောင်းဆင်းခေါင်းလောင်းက ထိုးလုလု။

"ဆရာမ....ကျွန်တော် အပြင်ထွက်လို့ရပြီလားခင်ဗျ"

ဘုန်းသန့်က ရပ်ကွက်ထဲမှာ ဇိုးရယ်လို့ နာမည်တွင်ပေမဲ့လူကြီးသူမများကိုတော့မရိုမသေလုပ်လေ့မရှိပေ။တချို့လူကြီးမပီသသူတွေကလွဲရင်ပေါ့။ခုလည်းပဲ ဆရာမက ဘုန်းသန့်အဖြေလွှာကို လိုအပ်တာကြည့်ရှူစစ်ဆေးပြီး အတန်းပြင်ထွက်ခွင့်ပေးသည်။ခွင့်ရရချင်းဒုန်းစိုင်းပြေးမိတော့တာပင်။

"ဒေါင်.....ဒေါင်....ဒေါင်..."

လည်တဆန့်ဆန့်မျှော်ရင်း ထွက်လာသူများထဲလည်း ကိုဟန်သာများပါမလားလို့လည်တဆန့်ဆန့်ဖြင့်မျှော်ရသည်။အတန်းတွေသာ ကုန်သွားသော်လည်း ဟန်သာကပါမလာ။

"ဟို... ဒုက္ခိတတော့ သူ့နားကြပ် အသေအကြေ ပြန်ရှာနေမှာဘဲ..."

"ရှာပါစေ...ဒီနေ့ဟိုကောင်လည်းမရှိတော့ သူအားကိုးရာမဲ့နေမှာ။အဲ့လိုကောင်နဲ့ပေါင်းရင် သူပါအကျင်ခံရမယ်ဆိုတာသိသွားတာပေါ့ကွာ။''

"ကောင်းတယ်..ငါလေ သူ့ကိုသော့ပါခတ်ခဲ့တာကွ...သိလား..ဥက္ကာ..''

"ဘာ...မင်း...အဲ့လိုတော့မလုပ်သင့်ဘူးလေ..သူဘယ်လိုပြန်ထွက်မလဲ။''

"ဟေ့ကောင် ပြန်မသွားနဲ့တော့ ထားလိုက်တော့..''

နားထဲ စူးဝင်လာသည့်အသံအချို့နှင့်အတူ ဥက္ကာကျော်က အတန်းဘက်ကိုပြန်ပြေးဖို့ကြံသည်။ချက်ချင်းနောက်ကနေပြေးလိုက်သွားလိုက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်ထိုနှစ်ကောင်ရှေ့ပိတ်ရပ်ပစ်လိုက်၏။

စွန်ကလေး(စြန္ကလေး)Where stories live. Discover now