အပိုင္း (၂၇)(Z & U)

2K 228 10
                                    


Unicode

ဘုန်းသန့်ကို ဟိုကလေးရဲ့အိမ်ရှေ့မှာ ထားခဲ့ပြီး ကားပြန်လှည့်ပြီးထွက်ရုံရှိသေး ခြံဝန်းထဲကနေ ဘုန်းသန့်အမောတကော ပြန်ပြေးထွက်လာခြင်းကြောင့် ကားကိုအရှိန်ရပ်လိုက်ရသည်

"ဘာဖြစ်လို့လဲ ညီ"

"ဟန်သာကဆေးရုံမှာတဲ့ အကို၊ကျွန်တော့ကို လိုက်ပို့ပေးပါနော်"

"တက်တက် ညီ၊ ဘာမှမဖြစ်ဘူးနော် စိတ်ကိုအေးအေးထား"

"ကျွန်တော့ကြောင့်...ကျွန်တော်အော်ခဲ့မိလို့ သူစိတ်ထိခိုက်သွားတာ အကိုရာ"

"ညီရယ်...စိတ်အေးအေးထားပါ..ဘာမှမဖြစ်ဘူး အကို့ကို ယုံ"

ပြောသာပြောနေရပေမဲ့ ဘယ်အခြေအနေဘယ်လောက်ထိဆိုတာမသိတော့ စိတ်တော့ ပူမိတာအမှန်။ဟိုကလေးသာ တစ်ခုခုဖြစ်သွားကြည့် ညီက သူ့ကိုယ်သူအပြစ်တင်မဆုံးဖြစ်တော့မှာပင်။

"ဖြည်းဖြည်းသွား ညီ၊မပြေးနဲ့"

ဆေးရုံဝန်းထဲ ကားရောက်တာနှင့် တန်းပြေးတော့တာပင်။ကားကို ကတိုက်ကရိုက်ရပ်ပြီး သူ့နောက်ပြေးလိုက်ရသည့် ဒီလူကိုလည်း ခဏတော့မေ့သွားပြီထင်ပါရဲ့။ဆေးရုံကုတင်ပေါ်က ကောင်လေးကတော့ ဆေးပိုက်တန်းလန်းဖြင့် အိပ်ပျော်နေဆဲ။မျက်လုံးမို့ဖောင်းဖောင်းတို့ကတော့ ဘယ်လောက်ငိုထားသလဲ မေးစရာပင်မလို။

"သားတို့ ဘယ်လိုရောက်လာ"

"ဟိုကလေးအိမ်ကို ညီ့ကိုလိုက်ပို့တော့မှ အကြောင်းစုံသိရလို့ ဒီလိုက်လာတာ ဒေါ်လေး"

လူနာစောင့်ကတော့ ဒေါ်လေးတာဝန်ကျသည်။

"အေးကွယ်..သား ဘုန်းကလည်း အကျိုးအကြောင်းတော့ သေချာပြောပြမှပေါ့၊ခမျာမှာ သေချာမသိရှာတော့ စိတ်ထိခိုက်ပြီး လဲကျသွားတာ ဒီကလေးသာ မကူညီရင် မလွယ်ဘူး။လမ်းကြားထဲ ကားက ငှားမရနဲ့ လမ်းထိပ်ထိ ကျောပိုးပြီး သူပြေးရရှာတာ."

"ကျေးဇူးပဲကွာ ဒီတစ်ကြိမ်တော့ ဟန်သာ့ကို ဂရုစိုက်ပေးလို့ တကယ်ကျေးဇူးတင်ပါတယ်"

"ငါလည်း ငါလုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်၊ငါလုပ်ရပ်ကြောင့် ဟန်သာ ဘယ်လောက်တောင်ဒုက္ခရောက်ခဲ့သလဲ ငါမသိခဲ့ဘူး"

စြန္ကေလး(ျစႏၠေလး)Where stories live. Discover now