အပိုင်း (၃၅)(Z & U)

2K 203 56
                                    

Zawgyi

ဖုန်းမျက်နှာပြင်ကိုမမြင်ရသေးလည်းပဲ ဖုန်းသံကိုကြားရုံဖြင့် ဘယ်သူဘယ်ဝါဆိုတာ တန်းသိလိုက်တာမို့ အိပ်နေရာမှအလူးအလဲထပြီး ဖုန်းဖြေရသည်။မတွေ့တာလည်းကြာလှပြီဖြစ်သလို အလုပ်များနေခြင်းကြောင့် ဖုန်းလည်းမဆက်ဖြစ်ခဲ့။

"အေး...ဟန်သာ ပြော"

"ငါ မင်းကို သတိရလို့ "

ဖုန်းကိုင်လိုက်သည်နှင့် ပစ်ထားရကောင်းလားရယ်လို့ အအော်အဟစ်ခံရမည်ထင်ထားခြင်းက တက်တက်စင်အောင်လွဲလေပြီ။ဟန်သာ၏လေသံအေးက ကြားနေကျနှင့် ကွာခြားလှ၏။

"ဟန်သာ...မင်း နေမကောင်းဘူးလား၊ဟင် မင်းတစ်ခုခုဖြစ်နေတာလား"

အမှန်တကယ်စိတ်ပူသွားခြင်းဖြစ်သော်လည်း ဟန်သာကတော့ ခပ်တိုးတိုးရယ်ရင်း တုံ့ပြန်လာသည်။

"မင်း စိတ်ပူသွားတာပဲ၊ဘာမှမဖြစ်ပါဘူးကွာ၊မင်း ငါ့ဆီမလာတာကြာလို့ ဒီတိုင်းဖုန်းဆက်တာပါ"

"အေးကွာ..ငါ ဒီရက်ထဲမအားနေတာ "

"အေးပါ မအားလို့ဆိုလည်းပြီးတာပါပဲကွာ၊ငါက ငါ့ကိုများ...မင်း စိတ်ဆိုးသွားတာလားလို့လေ"

"မဟုတ်တာ ဟန်သာရာ...မင်းကလေ ပေါက်ကရသိပ်တွေးတယ်နော်..ငါ မင်းကို ဘယ်တုန်းကမှ စိတ်မဆိုးဖူးဘူး..မှတ်ထား"

ထိုစကားသည် မှန်သောစကားပါ။ဟန်သာဟာ ဘုန်းသန့်အတွက်တော့ သွေးသားရင်းထက်ကို ပိုမိုတန်ဖိုးထားရသော လူသားတစ်ယောက်ဖြစ်သလို၊ဘုန်းသန့်အတွက် အရင်းအနှီးဆုံးလူသား၊တန်ဖိုးအထားဆုံးလူသားသည်လည်းဟန်သာ သာဖြစ်သည်။ဟန်သာ့အပေါ် တစ်ခါလေးတောင် မငြိုငြင်ဖူးခဲ့တာ ဘုရားသိ၏။

"မင်းအားရင် ငါ့ဆီလာခဲ့ဦးနော်၊ငါ့မှာ မင်းပဲရှိတာ"

တိမ်ဝင်သွားသော အသံသေးသေး၏နောက်ဆက်တွဲစကားကြောင့် ဘုန်းသန့်ရင်ထဲ ဆစ်ခနဲ။ဘုန်းသန့်သာ အကို့ကိုရွေးချယ်ခဲ့ကြောင်း ဟန်သာသိခဲ့ရင် လက်ခံ‌နိုင်ပါ့မလား။ကြည်ဖြူပေးပါ့မလား။ဟန်သာခွင့်မပြုရင်ရော ဘုန်းသန့်က ရှေ့ကို ဆက်တိုးနိုင်ပါ့မလား။

စွန်ကလေး(စြန္ကလေး)Where stories live. Discover now