အပိုင်း (၃၇)(Z & U)

1.8K 203 35
                                    

Zawgyi

"ဟေး...ဥက္ကာ"

ခေါ်သံကြားကတည်းက ဇော်မောင်ဆိုတာမှားစရာမရှိ။ဘေးမှာပါလာသူကတော့ သတို့သမီးမဟုတ်ဘဲ သတို့သမီးနှင့်ခပ်ဆင်ဆင်တူသော အမျိုးသမီးတစ်ဦးဖြစ်သည်။

"ဒါ သံသာနွေတဲ့ ငါ့ခယ်မလေ..မင်းနဲ့မိတ်ဆက်ချင်တယ်ဆိုလို့"

ဥက္ကာရပ်နေသည့်နေရာနှင့် ဟန်သာထိုင်နေသည့်နေရာက ‌အနည်းငယ်လှမ်းသော်လည်း ပြောနေသည့်စကားကိုတော့ ရိပ်ဖမ်းသံဖမ်းကြားနေရသည်။

"အင်း "

ဟင်...။မိန်းကလေးတစ်ယောက်က မိတ်ဆက်တာကို တုံ့ပြန်ပုံက ဒါပဲလား။ဒီဥက္ကာတစ်ယောက်နဲ့တော့ ခက်တော့တာပါပဲ။

"ကိုဥက္ကာရဲ့fb accလေး ပေးပါလားဟင်"

"မသုံးဘူးဗျ"

ဟော...။ဇာတ်လမ်းကိုပြတ်ရော။အေးလေ။ပြောသာပြောရပေမဲ့ ဟန်သာဖွင့်ထားပေးသည့် accကလည်း friဆိုလို့ လက်ငါးချောင်းတောင် မပြည့်ချင်။သူကြည့်ချင်သည့် သတင်း‌တွေလောက်ပဲ ဝင်ပြီးကြည့်တတ်တာမျိုးဆိုတော့ မသုံးဘူးပြောခြင်းကလည်းမမှားပေ။

"ငါ့မဂ်လာဆောင်လာပေးတာ ကျေးဇူးတင်တယ်နော် ဟေ့ရောင်..ဒါနဲ့မင်းရော ဘယ်တော့၊ခုထိ ဘာလှုပ်ရှားမှုမှမရှိသေးတာတော့ မဟုတ်ဘူးနော်"

"ဟန်သာ့ကိစ္စတွေနဲ့တင် မအားပါဘူးကွာ"

ဒီစကားအတွက်တော့ ဟန်သာတွေသွားမိသည်။ဆယ်တန်းကျောင်းသားဘဝကတည်းက ဟန်သာနားနေရင်း အရှုပ်မှန်သမျှ၊အလုပ်ဟူသမျှ ကူပေးလာခဲ့တာ ဒီနေ့ ဒီအချိန်ထိဖြစ်သည်။ဒါကြောင့်လည်းပဲ ခုချိန်ထိ ရည်းစားထားချိန်မရှိခဲ့တာများလား။

"ဟဲ့...ဟိုကန်ဘောင်နားမှာရပ်နေတဲ့တစ်ယောက်ကိုကြည့်စမ်း..အညိုဆင်ပေမဲ့ချောလိုက်တာဟယ်"

"ဟယ်...ဟုတ်ပါ့။ခန့်ချောတော့ နော်၊စမက်ကလည်းကျနေရော"

အနောက်ဝိုင်းမှ အမျိုးသမီးနှစ်ယောက်၏ ညွှန်ပြရာသည် ဥက္ကာဆီသို့သာဖြစ်သည်။လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ရင်း လက်တစ်ဖက်မှာ ဝိုင်ခွက် ကိုင်ကာ မော့သောက်နေဟန်က တကယ်လည်း ငေးစရာပင်။

စွန်ကလေး(စြန္ကလေး)Where stories live. Discover now