Zawgyi
အလုပ်သွားဖို့ အင်္ကျီကို သန့်သန့်ပြန့်ပြန့်ရွေးဝတ်လိုက်တယ် 1st expressionကအရေးကြီးဆုံးပဲမှတ်လား
Busစီးရင်ချွေးထွက်မှာဆိုးလို့ Taxiစီးပဲ ရုံးလာလိုက်တယ်
နာရီကြည့်တော့ ၈နာရီ ၁၅မိနစ် ပဲရှိသေးတယ် ပထမနေ့မို့ မိနစ်၃၀ ကြိုလာခဲ့ပေးပါပြောထားတာကြောင့်ပင်
"ဟို ကျွန်တော်က ဟူးလီပါ လာတဲ့နေ့မှ စာချုပ်ချုပ်ရမယ်ပြောလို့ပါ
"အော် သူဌေးရဲ့ အတွင်းရေးမှူးထင်တယ်
ဒီဘက်ကြွပါရှင့်ကိုယ့်ထက်ငယ်တဲ့လူက ရာထူးကြီးနေလို့ထင်ပါရဲ့ ပြုံးသာပြုံးနေတာမကျေနပ်ကြသလိုပင် စောလို့ထင်ပါရဲ့ ဝန်ထမ်းတွေသိပ်မတွေ့ရဘူး တချို့တွေကရုံးမှာအိပ်ကြတာများလားမသိဘူး ခေါင်းဦးတွေနဲ့ အလုပ်စားပွဲမှာမှောက်အိပ်နေကြတယ်
"ရော့ မောင်လေး ဒီမှာလက်မှတ်ထိုးပေးနော်
"ဟုတ်ကဲ့
စာချုပ်ထဲမှာ ၅လစာချုပ်ချုပ်တာရယ် အဲ့ကြားထဲ ထွက်ခဲ့ရင် လခရဲ့ ၅ဆပြန်ပေးရမှာရယ်ရေးထားတယ် သူ့အနေနဲ့ထွက်ဖို့လည်းအစီအစဉ်မရှိပါဘူး ၁လစာကအများကြီးပဲကို
"ဒီမှာနော်
"ရပြီ သူဌေးက အပေါ်ဆုံးအထပ်မှာရှိတယ် ဓာတ်လှေကားနဲ့တက်သွားလိုက်နော်
"ဟုတ်
"ပြီးတော့ ဝန်ထမ်းသုံးတဲ့ ဓာတ်လှေကားနော် သူဌေးပဲသုံးတဲ့ဟာမဟုတ်ဘူး
"အာ ဟုတ်(အဲ့လိုတောင်ခွဲထားတာလား)
.
.
.
အပေါ်ထပ်ရောက်တော့ သူဌေးရုံးခန်းကိုမေးပြီးသွားရတယ် အခန်းရှေ့ရောက်တော့ အကို၁ယောက်က ကထိုင်နေတယ်"ညီလေးရောက်ပြီလား လာလာ နေရာလိုက်ပြမယ် သူဌေးကတော့မရောက်သေးဘူး
"ဟုတ်အကို
ဒီအကိုက ဖော်ဖော်ရွေရွေပင်နှုတ်ဆက်ပြီးကျွန်တော့ကိုကြိုဆိုတယ်
"အကို့နာမည်က ဒ့ယန် သူဌေးရဲ့ လက်ထောက် ဒီမှာ အလုပ်လုပ်တာတော့ကြာပြီ အကူအညီလိုရင်ပြောပေါ့ကွာ လာ သွားမယ်
YOU ARE READING
Love Between You And Me
RomanceZawgyi နာမည်ကြီး Companyပိုင်ရှင် သူဌေးတယောက်နဲ့လောကကြီးကို ခပ်ပေါ့ပေါ့ပဲဖြတ်သန်းရင်း Intention လွှတ်ခံရပြီး တက္ကသိုလ်တက်နေတဲ့ကောင်လေး ငယ်ငယ်ထဲကကွဲခဲ့ရတဲ့ သူတို့၂ယောက် သူတို့၂ယောက်ကြားကပြသာနာတွေ ချစ်ခြင်းတွေ အရှုတ်အထွေးတွေကို ဘယ်လိုဖြေရှင်းကြမလည်းဆိုတ...