Part (11)

4.1K 253 11
                                    

Zawgyi

ဘိုးဘွား ဘီဘင် လက်ထပ်ထဲက တည်ရှိနေခဲ့တဲ့ စံအိမ်ကြီးမို့လို့ မြေကွက်ဟာကျယ်လှတယ် သစ်ပင် ပန်းပင်တွေကြောင့် အရိပ်ကောင်းစွာရတဲ့အိမ်လေးပေါ့ ဒီအိမ်ကို ခြေမချတာ ဘယ်နှနှစ်ရှိလို့ပင်မမှတ်မိ ကျွန်တော်မှတ်မိတာကတော့ ဟူလီကိစ္စနဲ့ရန်ဖြစ်ပြီးဆင်းလာတာပဲမှတ်မိတော့သည်

သူအဲ့ထဲက ပြန်ခြေမချဘူးဆုံးဖြတ်ခဲ့ပေမယ့် အခုတခါ ဟူးလီကြောင့် ပြင်ရောက်လာခဲ့ပြီ~

*တီတီ

"ဟာ သခင်လေး

"တံခါးဖွင့်

"အာ ဟုတ်ကဲ့ပါ သခင်လေး

ကားကို အိမ်ကြီးရဲ့ အရှေ့တံခါးမှာရပ်ခဲ့ပြီး

"ကားထိုးလိုက်   အန်တီ အမေကော

"သခင်လေးအမေက ဘုရားခန်းထဲမှာပါ  ခဏနေသူဆင်းလာပါလိမ့်မယ်

"ဟုတ်ကဲ့ပါ

"ဒါနဲ့ သခင်လေး ဘာသောက်မလည်း

"ရတယ် ရေပဲပေးပါ

"ဟုတ်ကဲ့ပါ

မမြင်ရတာကြာပြီဖြစ်တဲ့ ဧည့်ခန်းကို ဟိုကြည့် ဒီကြည့်လုပ်တုန်း ထင်ထင်ရှားရှားချိတ်ထားတဲ့ မိသားစုဓာတ်ပုံလေးကိုကြည့်ကာ

"(အဲ့တုန်းက အခုလိုအပူအပင်မရှိခဲ့ဘူး အရာအားလုံးက ပျော်ရွှင်စရာပဲ အင်းလေ အချစ်ဆိုတာ ပူလောင်တဲ့ ဂုဏ်သတ္တိရှိတာပဲ)

"သား! သားပြန်လာတယ် အမေပျော်လိုက်တာသားရယ်

"အမေဘာလို့အဲ့လိုလုပ်တာလည်း

"ဘာကို? အော် ဟက် သားကသူ့ကြောင့်ပြန်လာတာလား

"အမေလုပ်နေတာကကော ဟုတ်လို့လား

"မိဘဆိုတာ သားသမီးအတွက်ပဲ စဉ်းစားပေးတာပါ ဘယ်မိဘမှ ကိုယ့်သားသမီးထိခိုက်တာကိုမကြည့်နိုင်ဘူး

"ထိခိုက်တယ် ဟုတ်လား ဘယ်နားလည်း သူ့ကြောင့် ကျွန်တော်ဘယ်နားထိခိုက်ထားလည်း ကျွန်တော်မြင်သလောက်ကတော့ ကျွန်တော်တို့ကြောင့် သူနာကျင်နေတာပဲ အမေ

"မင်းကိုသူများတွေ လက်ညှိုးထိုး ဝိုင်းပြောကြမှာကိုငါမလိုလားဘူး

Love Between You And MeWhere stories live. Discover now