Part (14)

3.9K 239 5
                                    

Zawgyi

ဟူးလီ ထုံးစံအတိုင်း busစီးကာ cafeဆိုင်ကိုထွက်လာခဲ့တယ် သူ့ရဲ့ တနေ့တာဟာ ရှီးဇူနဲ့ပြန်တွေ့တဲ့အချိန်ကစပြီး သာယာလာသလိုခံစားရတယ် ကျင်းမိန် ကတော့ပြောပါတယ်

"ပိုကိုပိုတယ်
တဲ့လေ

အကိုထိုက်ရန် က ဒီနေ့ ကျွန်တော့ကို ဆိုင်ပိတ်မှာပြန်ပေးပါလို့ တောင်းဆိုထားတယ် သူပြောတာတော့ သူ့ကောင်မလေးနဲ့လက်ထပ်တော့မယ် ဆိုပဲ ကျွန်တော်တောင် congratulations လုပ်လိုက်သေးတယ် နောက်မှလိုက်ကျွေးမယ်တဲ့

ရှီးဇူကလည်း ည ည ဆိုလာကြိုပေမယ့် မနေ့က နိုင်ငံခြားက company အခွဲမှာ ပြသာနာတက်လို့လိုက်သွားရတယ်

ဒီနေ့ကတော့ ကျွန်တော်ပျင်းတဲ့နေ့ပေါ့

Cafeဆိုင်ဆိုတော့ သိတဲ့ အတိုင်း လူသိပ်မလာကြဘူးလေ လာရင်လည်း အတွဲတွေဆိုတော့ ရှီးဇူကိုတောင်သတိရမိသွားသေးတယ်

တိတ်ဆိတ်ပြီး အေးနေတဲ့ Air-Con လေးက အိပ်ချင်စိတ်တောင်ပေါက်တယ် ဒါပေမယ့် တောင့်ခံရမယ် ညအထိပေါ့
.
.
.
ညဘက် ၈ခွဲလောက်ကြတော့ ဆိုင်ပိတ်ကာ စရင်းစစ်တာတွေဘာတွေလုပ်တော့ ည ၉ခွဲကျော်သွားတယ်

ဒီအချိန်ဆို ကားလည်းရှား လူလည်းပျက်တယ်လေ အဲ့ကြောင့် ပုံမှန်ဆို ည ၇လောက်တို အိမ်အမြဲစောစောပြန်လေ့ရှိတာပေါ့ နောက်ကျလည်း ဘာမှစိတ်မပူပါဘူး ရှီးဇူရှိနေပေးခဲ့တယ် ဒီနေ့ကတော့မတူဘူးပေါ့ ~

ဟူးလီ bus stop ကို လမ်းအကူး ကားတစီးက အရှိန်နဲ့မောင်းလာကာ...

*ဒုန်း

ကျယ်လောင်တဲ့ တိုက်ချက်ကြောင့် bus စောင့်နေတဲ့လူတချို့ကပြေးလာကာ ဆေးရုံကားခေါ်တာတွေ လုပ် ကားပေါ်ကြည့်တော့ လူမရှိတော့ပေ

"ကျွန်တော်ဆရာဝန်ပါ ဆေးရုံကိုအမြန်ဆုံးဖုန်းဆက်ပေးပါ ဟိတ် ကောင်လေးသတိထားနော် အကိုတို့နဲ့ စိတ်ကိုထားထားနော် လုံးဝလွှတ်မချလိုက်နဲ့ ဒုက္ခပဲကြားရောကြားရဲ့လားမသိဘူး ဟိတ် ဟိတ်

ဟူးလီ တကိုယ်လုံးသွေးတွေစိုပြီး မူးနောက်လို့နေတယ် လူတယောက် လက်ယမ်းပြတာမြင်ပေမယ့်

Love Between You And MeWhere stories live. Discover now