အပိုင်း(၁)

9.1K 841 51
                                    

"ဝမ်လေးကို လွမ်းနေခဲ့တာ"

အိမ်ရှေ့စံသည် သူ၏ သွယ်လျသောလက်ချောင်းလေးများဖြင့် ရိပေါ်၏ မျက်နှာကို မေးဖျားမှကိုင်ကာ ဘယ်လှည့်ညာလှည့် လုပ်၍ သေချာစွာကြည့်နေလေသည်။

စစ်ဟူသော ပင်ပန်းကြမ်းတမ်းသည့်အရာ၏ အထုထောင်းအောက်တွင် မျက်နှာနုနုသေးသေးလေးသည် ဒဏ်ရာဗလပွနှင့်။ ပုခုံးကြွက်သားတို့၏ တောင့်တင်းမှု၊ အရပ် မြင့်မား ထောင်မောင်းမှုတို့နှင့်အတူ ဖြောင့်တန်းသေသပ်သော မျက်ခုံး စူးရှတောက်ပသောမျက်လုံးတို့က တော့ လျော့မသွားဘဲ ပိုတိုး၍လာကာ ယောကျာ်းပိုပီသလာသယောင်ယောင်။

"အရှင့်သား..."

ခြေဖျားလေးထောက်၍ မျက်လွှာလေးကို ပိတ်ကာ နှုတ်ခမ်းဖူးဖူးတို့ကို ရှေ့တိုးပေးလာသော မက်မွန်ပွင့်လေး၏ ပုခုံးကို အသာနှိမ့်၍ လည်ချောင်းဟန့်ကာသတိပေးလိုက်သည်။ သူတို့နှစ်ဦးသည် သောင်းချီသော စစ်တပ်ကြီး၏ မျက်စိရှေ့တွင်မဟုတ်ပါလား။ ကံကောင်းထောက်မစွာနဲ့ မြင်းဖြူလေးက သူတို့နားတွင်ရှိသောကြောင့် အကာကွယ်ရလိုက်သေးသည်။

"ဟွန့်"

မျက်ခုံးလှလှတို့သည် အလိုမကျခြင်းတို့နှင့် တွန့်ကွေးသွားရလင့်ကစား ချစ်စဖွယ် အသံနှင့် နှာမှုတ်၍ တဆောင့်ဆောင့်ထွက်သွားသော မင်းသားငယ်ကို ရိပေါ်ကြည့်၍ ပြုံးလိုက်မိသည်။
မြင်းဖြူပေါ်ကိုကုတ်တက်နေသောပုံက ပိုးတီလုံးလေးသဖွယ်။

မြင်းဖြူရဲ့ကျောပေါ်တွင် လှပပျော့ပြောင်းစွာထိုင်လိုက်လာသောမင်းသားနှင့် မြင်းဖြူရဲ့
ဇတ်ကြိုးကိုကိုင်ကာ စစ်တပ်ကြီးဆီ ဦးတည်လျှောက်လမ်းလာသော ချပ်ဝတ်တန်ဆာအပြည့်နှင့် လုလင်ပျိုတို့သည် ထိန်လင်းသော နေရောင်ခြည်အောက်တွင် ပနံတင့်လွန်းလှသည်ဟု မြင်ရသူတိုင်းက စိတ်ထဲတွင်တိတ်တဆိတ်မှတ်ချက်ချကြသည်။

"ငါသာ အိမ်ရှေ့စံက အာ့လိုလာကြိုတာခံရရင် ဒီစစ်တပွဲတင်မကဘူး ပွဲတစ်ထောင်လောက်ကို ကိုယ်ဗလာကျင်းပြီးတိုက်ပစ်မှာ အရှင့်သားအတွက် အရိုးကြေကြေအရည်ခမ်းခမ်း"

ဓားပဲ့လေးကို ပိုက်ကာ သွားရည်တမြားမြားယိုစီးနေသော စစ်သားငယ်၏ပြောစကားကြောင့် ဘေးက စစ်သည်တွေပါ မျက်ဖြူလှန်တဲ့အထိ မျက်လုံးတွေကို လန်ပစ်ကြ၏။ ပါးစပ်တွေက အော့အန်သကဲ့သို့လုပ်ပြီး

The Everlasting Love (Yizhan)Where stories live. Discover now