အပိုင်း(7)

5.4K 607 38
                                    

"ရှောင်တူးတူး..ရှောင်တူးတူး"

ရိပေါ် အိမ်တော်ထဲရော အလုပ်သမားတန်းလျားထဲရော နောက်ဖေးခြံထဲရော ရောက်ခဲ့ပြီးပြီ။ ရှောင်တူးတူးကို မတွေ့။

ရိပေါ်ရဲ့ အချစ်တော် ခွေးလေးသည် ဖြူစွတ်သောအမွှေးပွခွေးဖြစ်ပြီး ဦးလေးဖြစ်သူက သူ့ ၁၄နှစ်ပြည့်မွေးနေ့မှာလက်ဆောင်ပေးထားခြင်းဖြစ်သည်။

"သခင်လေး မတွေ့ဘူးဗျ"

အလုပ်သမားတွေက မျက်စိမျက်နှာပျက်နဲ့ပြောကြသည်။

ရှောင်တူးတူးက အိမ်တော်အပြင်လျှောက်သွားတတ်သည့်ခွေးလဲမဟုတ်။ ရိပေါ်နောက်ကိုပဲ တကောက်ကောက်လိုက်သည်။ ရိပေါ် စာသင်သွားရသည့်အချိန်ဆို အိမ်ရှေ့ခြံထဲ ခွေနေကောင်းခွေနေလိမ့်မည်။ မဟုတ်လျှင်လဲ အလုပ်သမားကလေးတွေနဲ့ ဆော့ကစားနေပေလိမ့်မည်။

ရိပေါ်စိတ်ပျက်လက်ပျက်နဲ့ အလုပ်သမားတွေခေါ်ပြီး အပြင်သွားရှာဖို့ စဉ်းစားနေဆဲတွင်။

"သခင်လေး ခုနက ရှောင်တူးတူးကို မင်းသား၂ခေါ်သွားတာမြင်လိုက်တယ်"

ဟူ၍ ရေထမ်းရာမှပြန်လာသော အလုပ်သမားတစ်ယောက်က လှမ်းပြောသည်။

ရိပေါ်မျက်မှောင်တချက်ကြုံလိုက်သည်။

"အားကျန့်ကလား"

"ဟုတ်တယ်သခင်လေး ခုနကအရှေ့ဘက်ခြမ်းက ရေကန်နားမှာ မြင်လိုက်တယ်"

အားကျန့်က အဖေ့ဆီကနေ ညနေတိုင်း စစ်ရေးနဲ့ဓားရေးသင်ယူလေ့ရှိတယ်။ရိပေါ်ကမနက်ဆို ကျောင်းတော်ကို သွားရတာမို့ ပြန်လာရင်တော့ အားကျန့်နဲ့တူတူ လေ့ကျင့်ပေးတယ်။

အိမ်တော်ရဲ့ လေ့ကျင့်ကွင်းထဲ ဒီအချိန်ရောက်နေရမယ့်ကလေးက ဘာလို့ အရှေ့ဘက်ရေကန်မှာရှိနေတာလဲ။ပြီးတော့ အားကျန့်က ရှောင်တူးတူးနဲ့ဆော့လေ့မရှိဘူး။

ရိပေါ်ထူးဆန်းတယ်လို့ခံစားရပေမယ့် ရှောင်တူးတူးက အားကျန့်နဲ့ရှိတာမို့ စိတ်အေးသွားသည်။

"အာ့လိုလား..ဒါဆိုမင်းတို့သွားလို့ရပြီ"

အလုပ်သမားတွေကို ပြန်လွှတ်လိုက်ပြီး အဝတ်စားအမြန်လဲကာ အရှေ့ဘက်ကန်ဆီ မြန်မြန်ပြေးသွားသည်။လက်ထဲတွင်တော့ ကျောင်းကအပြန်ဈေးထဲကဝယ်လာသည့် သစ်သီးသကြားစိမ်ချောင်းကို ကိုင်လာသည်။
အားကျန့်က ဒီလိုသရေစာတွေကို သိပ်နှစ်ခြိုက်သည်။ ရိပေါ်က ချောင်းဆိုးမှာဆိုး၍ ဈေးထဲကမုန့်တွေကို မကျွေးချင်သော်လည်း မုန့်မပါလာပါက အရမ်းဂျီကျငိုယိုလွန်းတာကြောင့် ကျောင်းကပြန်လာတိုင်း မမေ့မလျော့မုန့်ဝယ်လာရသည်။

The Everlasting Love (Yizhan)Where stories live. Discover now