အပိုင်း(8)

4.9K 557 53
                                    

"အရှင့်သား မနက်ခင်း ညီလာခံသွားဖို့ ပြင်ဆင်သင့်ပါပြီ"

စုန့်ယန်က အသံကို မနိမ့်မမြင့်အနေထားနှင့် လျှောက်တင်ကာ အိမ်ရှေ့စံရဲ့အမိန့်ကို နားစွင့်နေလိုက်၏။

"အေး ဝင်ခဲ့"

အရှင့်သားက ဝင်ခွင့်ပြုတော့ စုန့်ယန်နဲ့အပျိုတော်တွေ တိတ်တိတ်ဆိတ်ဆိတ် အခန်းထဲသို့ဝင်သွားကြသည်။

"စုန့်ယန် ဆေးကြိုထားလား"

အရှင့်သားက သလွန်ထက်ကနေ ထိုင်နေ၍ ခပ်တိုးတိုးလှမ်းမေးသည်။အရှင့်သားဘေးတွင်တော့ စစ်သူကြီးက ကိုယ်တစောင်းအနေထားနဲ့ အိပ်မောကျနေဆဲ။

"ကြိုထားပါတယ် အရှင့်သား စစ်သူကြီးနိုးလာတာနဲ့တိုက်လိုက်ပါ့မယ်"

အိမ်ရှေ့စံက လက်ယပ်ခေါ်သည်ကို မြင်တော့ စုန့်ယန်က ရှေ့တိုးသွားလိုက်၏။

"ကပ်ကြေးသွားယူခဲ့"

စုန့်ယန် ကပ်ကြေးယူဖို့ အပျိုတော်တယောက်ကိုမှာလိုက်ပြီး မျက်နှာသစ်ဖို့ အမွှေးနံ့သာရေထည့်ထားတဲ့အင်တုံကို အရှင့်သားနားယူသွားကာ ပိုးပုဝါစကို ရေစိမ်ပြီး မင်းသားရဲ့မျက်နှာတော်ကို သန့်စင်ပေးလိုက်၏။ ထို့နောက် ရွှေဘီးကိုယူကာ အိမ်ရှေ့စံရဲ့ အထုံးအနှောင်မရှိပြေလျော့နေသော ဆံနွယ်တွေကို ဖြီးသင်ပေးကာ ပိုးစဖြင့်ချည်ပေးလိုက်သည်။

"အရှင့်သားကပ်ကြေးရပါပြီ"

စုန့်ယန်က အရှင့်သားကို ကပ်ကြေးပေးလိုက်ပြီး အရှင့်သားဘာလုပ်မည်ကိုစိတ်ဝင်စားစွာကြည့်လိုက်၏။ အရှင့်သားက မျက်တောင်တချက်မခတ်ပဲ
သူအကြိုက်ဆုံးဝတ်ရုံတော်ရဲ့ လက်တဖက်စကို ကပ်ကြေးနဲ့ဆွဲဖြဲလိုက်၏။

စုန့်ယန် ပထမတော့အံ့ဩသွားသော်လည်း ခဏကြာတော့ မင်းသားက ထလာတော့မှ အကြောင်းရင်းကိုနားလည်တော့သည်။
ပြတ်ထွက်သွားသော အင်္ကျီစက ဘေးတွင်လှဲအိပ်နေသော စစ်သူကြီးရဲ့ကျောအောက်တွင်ညပ်နေသည်ပင်။  မင်းသားက အင်္ကျီစဆွဲယူလိုက်လျှင် စစ်သူကြီးနိုးမှာစိုး၍ အင်္ကျီလက်တဖက်ကိုဖြတ်ပစ်ခြင်းသာ။

"ခုမှထလို့ရတော့တယ် မြန်မြန်ပြင်ပေး နောက်ကျနေပြီမလား"

The Everlasting Love (Yizhan)Where stories live. Discover now