အပိုင်း ၁

66.6K 3.5K 68
                                    

"ကျုပ်နာမည် ဇာမဏီမောင်"

"​ကျုပ်လို့ မပြောနဲ့လေ"

"နေပါ ဒယ်ဒီနဲ့ပြောတာမှ မဟုတ်ဘဲ
ကျုပ်မပြောလို့ ကျုပ်က မောင် ဆိုပြီး
ပြောရမှာလား"

"ဟုတ်ဘူးလေ...ဒယ်ဒီပြောတာ။ ကျွန်
တော်လို့ သုံးနှုန်းရင် ရပြီလေ။ သား
လည်း ပြောတတ်နေပြီကို"

"သား။ မောင် လို့ ခေါ်ရင် သူတို့ကို
လည်း ကျွန်တော်နဲ့ သုံးပြီးပြောမယ်"

"သား..."

"ရှက်မနေနဲ့လေ။ ဒါဆို ကျုပ်လို့ပဲ..."

"အိုကေအိုကေ...ကျွန်တော် ဆိုပြီး
ချိုချိုသာသာ ပြောရတယ်...မောင်"

"နေပါဦး။နောက်ဆုံးတစ်လုံးက ဘာကိစ္စ တိုးသွားတာလဲ...ထားတော့ထား
တော့"

"ဒီဘက်က ကျွန်တော့် ဒယ်ဒီ ၊ ကျွန်
တော့်မွေးစားအဖေ ၊ ရိပ်တော့ရိပ်မိတယ်မလား။ ဘယ်သူက ကိုယ့်မိန်မးမွေးထားတဲ့ သားကို မောင် လို့ ရှက်ကိုးရှက်ကန်း ခေါ်မလဲ။ နေပါ
ဒယ်ဒီ မောင့်လက်ကိုကုပ်မနေနဲ့"

"ဇာမဏီ...မင်း ကတော့ကွာ"

"ဒယ်ဒီ့နါမည်က စိုင်းဆိုင်မိန်း တဲ့ ။
အသက်က ၃၀ နော်၊ ဟုတ်တယ်
မလား"

"၂၉ ပါ"

"ဟုတ်ပါပြီ ၂၉ ဆိုလည်း ၂၉ပေါ့။
ကျွန်တော်ကတော့ ၁၈"

"မပြည့်သေးဘူးလေ...သင်္ကြန်မှ ပြည့်
မှာလေ"

"၁၈ ဝင်နေပြီ ဆိုတော့ ၁၈ ပဲ"

"ထားပါတော့"

"အင်း ဒယ်ဒီ့ ပုံကိုပြောရမယ်ဆိုရင်..."

"အဲ့လောက် မကြည့်နဲ့လေ သားရာ"

"အင်း...တစိမ့်စိမ့်ကြည့်လေ...
ချောလေ ခန့်ညားလေ နောက်ဆုံးပြော
ရရင်ဆက်စီ ကျလေ။ ဟုတ်တယ်မလားလိုက်ကြည့် ပါလား။ ဒယ်ဒီက ရှမ်း-အမေရိကန် ကပြား ဆိုတော့ အသားအရေက ကျွန်တော်တို့ဖြူတယ်ဆိုတာဘာလားနော့်"

"မဟုတ်ပါဘူး သားရာ"

"မဟုတ်လို့လား ကြည့်ပါလား။ပါးလေး
တွေဆို ပန်းရောင်သန်းနေတာ။ တစ်
ကိုယ်လုံးအသားအရေညီတယ်ဆိုတာ
မယ်တွေမှာမှ ရှိတာနော်။ ဒါမျိုးက ဒယ်
ဒီ့ ဆီမှာလည်းရှိတယ်။ ဒယ်ဒီ့ အမေလို
မျက်လုံးမျက်ဖန်ကောင်းတာရော အဖေ ဆီက အရပ်အမောင်းရော
အကြိုက်ဆုံးက အုန်းခွံ​ေရာင် မျက်ဆံ
အိမ်တွေ..."

"...."

"ဟာဗျာ ပြောနေရင်းက အဲ့မျက်တောင်
ကြီးတွေနဲ့ မပိတ်နဲ့ဗျာ။ ကျွန်တော့်ကို
ကြည့်"

"သားရာ မင်း ငါ့ကိုအရမ်းမြှောက်နေပြီ"

"ကြည့်ချင်လို့ပါ နော် နော် ကျွန်တော့်
ကို ကြည့်"

သုံးစက္ကန့်မက အကြည့်ဆုံကြပြီး

"တော်ပြီ ။ ဒယ်ဒီအလုပ်သွားတော့မှာ
မလား သွားတော့"

"ဟမ် ချက်ချင်းကြီး"

"အင်း ချက်ချင်းကြီး သဝန်တိုလာလို့
ဒယ်ဒီ့ ကို သူတို့ စိတ်ဝင်စားနေကြပြီ
မြင်ချင်နေကြပြီ။ ကျွန်တော်သိတယ်။ဒီတေါ့ သွားတော့သူတို့စိတ်ဝင်စားနေပြီ။ သွားတော့ သွားသွား"

"သားကတော့ကွာ...မဟုတ်တာကို"

"နေဦး"

"အင်"

"ဝမ်း ကစ်"

" ဟာကွာ"

"ငြင်းနေရင်..."

"အိုကေ အိုကေ"

"ဖြတ်ခနဲအနမ်းလေးတွေတိုင်းကိုစုဗူး
လေးနဲ့ ထည့်သိမ်းထားလို့ရရင်ကောင်း
မယ်"

"သားကတော့ကွာ"

ရပ်စောင့်နေသော အတွင်းရေးမှူး အရိပ်
ဆီ တစ်ချက်ကြည့်ပြီးမှ

"ဒယ်ဒီ တာ့တာ့"

"ကြည့်ပါဦး။ ထွက်သွားတဲ့ ကျောပြင်
ပြန့်ကျယ်ကျယ်က အစ ရင်ခုန်စေ
နိုင်စွမ်းတယ်ကွာ။
ဒယ်ဒီ့ရဲ့ ၅ပေ ၁၁လက်မခွဲပါသော
အရပ်ကို မီဖို့ ဟင်းးးးးးးး"

"ကဲကဲ ထားထား။ ကျွန်တော် နဲ့ဒယ်ဒီ
ဘယ်လိုတွေ့ပြီး ဒယ်ဒီက ဘယ်လိုများ
ကျွန်တော့်ကိုမွေးစားဖို့ ဖြစ်လာတယ်
ဆိုတာ သိချင်နေပြီမလား
အင်း...ဒယ်ဒီ ကျွန်တော်တို့ ရွာကို
ရောက်တုန်းက ကျွန်တော့်အသက်က
၈နှစ်ပဲရှိသေးတာ....အင်း တွေးကြည့်
ရင် အရမ်းကြာတာပဲ"

သားတော်မောင် Where stories live. Discover now