အပိုင်း ၂

42.4K 3K 49
                                    

"ကဲ ကျွန်တော်ပြောနေတာ ဘယ်ထိ
ရောက်ပြီလဲ...အ ကျွန်တော်နဲ့ ဒယ်ဒီ
စတွေ့တာ။ အဲ့တုန်းက ကျွန်တော်တို့
ရွာက ကျောင်းလေးပြိုလို့ လာလှူပေး
တာ။ ကျွန်တော်တို့ရွာက အရင်က...
အရင်ကဆိုတာ long long agoနော်
အဲ့တုန်းက စော်ဘွားတွေက ပဒေသရါဇ်စနစ်နဲ့အုပ်ချုပ်တာ။ ဒယ်ဒီက အဲ့အဆက် တဲ့။ အရင်က ဟော်နန်းစံ
အမျိုးအနွယ် ဒယ်ဒီ့ကို စမြင် စကဆို
ကျွန်တော် အကြည့်မလွှဲနိုင်ဘူး။ လွန်
ခဲ့တဲ့ ၁၀နှစ်ဆိုတော့ ဒယ်ဒီက အခု
ကျွန်တော့်အရွယ်သာသာပေါ့။ သူ့အမေ ဆုံးသွားတာမကြာသေးတဲ့အတွက် ဒယ်ဒီ့ ပုံက ဆွေးလျလျပဲ။ အဲ့တုန်းက
ဟိုတစ်ယောက်ပါ ပါလာတယ်။ ထား
ပါ။ ကျွန်တော်သူ့ကိုစကားထဲ ထည့်မ
ပြောချင်ဘူး"

"ဒယ်ဒီက ကျွန်တော်တို့ဆရာမကိုမေး
တယ်။ အမေမရှိတော့တဲ့ ကလေးရှိလားတဲ့။ ဆရာမက ချက်ချင်းပဲကျွန်
တော့်ကိုခေါ်ပေးတယ်။ အဲ့တုန်းက အမေဆုံးတာ ၅ရက်တောင်မပြည့်သေးတာလေ။ ဒယ်ဒီခေါ်တွေ့တော့
ဆရာမကြီးရုံးခန်းမှာ။ ဒယ်ဒီရယ်
စကားထဲထည့်မပြောချင်တဲ့ သူရယ်
ဆရာမကြီး နဲ့ ဆရာမပဲရှိတယ်။ အမေ
ကဆုံး ၊ အဖေ က ဘိန်းစွဲ လေဖြတ်ပြီး
အိပ်ရာထဲက မထနိုင်ဖြစ်နေတဲ့အကြောင်း ဆရာမက ထပ်ပြောတယ်။
အဲ့တုန်းက ကျွန်တော်ရှက်လွန်းလို့ခေါင်းတောင် မဖော်နိုင်ဘူး။ ကျွန်တော့်
ပခုံးပေါ် ဆုပ်ကိုင်လာတဲ့ ဒယ်ဒီ့လက်
ချောင်းဖြူဖြူသွယ်သွယ်တွေကိုပဲ
ခေါင်းစောင်းပြီး ခိုးကြည့်မိတယ်။
လက်သည်းကြည်ကြည်လေးတွေ နဲ့
မွှေးညှင်းလေးတွေ စိမ်းနေတဲ့ အပြင်
သွေးကြောနီနီလေးတွေပါ မြင်နေရတာ။ ကြည်သန့် ဒယ်ဒီ့လက်တွေ
​ကိုကြည့်ပြီးကျွန်တော့်ရဲ့ နှပ်ချီးညှစ်ထုတ်ထားတဲ့ လက်တွေကို အဖေ့ဂျာကင်အနွေးထည်ဟောင်းကြီးထဲ ထည့်ဖွက်ထားလိုက်မိတယ်။ ဒယ်ဒီ့လက်တွေကိုကိုင်ကြည့်ချင်ပေမဲ့ ဒယ်ဒီညစ်ပတ်သွားမှာစိုးတယ်လေ။
ဒီအတိုင်း ဆရာမပြောတာတွေနားထောင်နေရတဲ့ အထဲ ကျွန်တော်
မကြားချင်တဲ့ ဆွေမရှိ မျိုးမရှိ ၊ အဆိုး
ဆုံးက အဖေဟာလည်း မကြာခင်မှာ
ကျွန်တော့်ကိုထားခဲ့နိုင်မဲ့အကြောင်း
တွေပဲ။ ခင်ဗျားတို့သိလား။ ကိုယ့်မိသားစုရဲ့ စုတ်ပြတ်နေပုံကို
မတ်တပ်လေးရပ်ပြီးနားထောင်နေရတာ
လေ ။ဘယ်လောက်စပ်ဆုပ်ဖွယ်ကောင်းလိုက်သလဲလို့။ အဲ့နားအငွေ့ပြန်ပျောက်သွားချင်တယ် သိလား။ ဒယ်ဒီ့ရှေ့ကျွန်တော့်ရဲ့ စုတ်ချာမှုတွေကို မပြောပြချင်ဘူး။ ဒါပေမဲ့ မကြာပါဘူး။ ကျွန်တော်အကြိုက်ဆုံး အပိုင်းကိုရောက်လာတယ်လေ"

သားတော်မောင် Where stories live. Discover now