ဇာတ်သိမ်းပိုင်း

42K 2.4K 45
                                    

"အ! စကားစပြတ်သွားတာ ဆောရီး
အလုပ်က ဖုန်းလာလို့။ V-day နီးလာ
တော့ နေရာတိုင်းမှာ
ချောကလက်တွေချည်းပဲ။
အဲ့ လုပ်ငန်းက ကျွန်တော့်နာမည်နဲ့
လွှဲပေးထားတာဟုတ်ပေမဲ့ ဆုံးဖြတ်မှု
အပိုင်းတွေကကျ အကြံပေးတစ်
ယောက်ထားထားတာလေ။ ကျွန်တော်
ကလည်း သူဌေးသားရဲ့ လူ ဆိုတာနဲ့ ပဲဘာမှမသိသေးတဲ့ အလုပ်ကို ခပ်
တည်တည်ဝင်မလုပ်ချင်ဘူး။ ဒါကြောင့်ဟိုးစက်ရုံ အောက်ခြေဝန်ထမ်းကနေစခဲ့တာ ။ စက်ရုံလည်ပတ်ပုံသိဖို့ ဌာန
တစ်ခုစီမှာ သုံးလစီလုပ်ရတယ်။ နောက်မှ ရုံးပေါ်ရောက်တာ။ Supplierတွေနဲ့ သိဖို့ အခုက purchase မှာ ။ အငယ်တန်းဝန်ထမ်း လက်တလောတော့ အား
လုံးသိအောင် သူများခိုင်းတာအကုန်
လုပ်တယ်။ ဒီတေါ့ ဘာဖြစ်လဲ သေမလို
ပင်ပန်းတာပေါ့။
အဲ ပြောရင်း အလုပ်ကြောင်းပြောလို့
ဒယ်ဒီ့အကြောင်းမေ့သွား။ ကလေးတွေ
အပြင်ထွက်နော် ။ ထပ်သတိပေးတာ
ဒါနဲ့ ဘယ်ထိရောက်ပြီလဲ"

"...."

"အ! သူ့ ကို ဘားမှာ သွားခေါ်ရတာ။
အင်း မူးပြဲနေပါရော ။ လူစိတ်တောင်
သိပ်မရှိဘူး။ လူမှန်းမသိအောင်မူး
တယ်ဆိုတာဒါမျိုး။ လမ်းတစ်လျှောက်
လုံးလည်း ကျွန်တော့်ဖက်ပြီး ငို။
အဲ့မှာတည်းက စိတ်က သိပ်ရှည်တော့
တာ မဟုတ်ဘူး။ စဥ်းစားကြည့်လေ
စကားထဲတောင် ထည့်မပြောချင်တဲ့
လူ နာမည်ကို တောက်လျှောက်နား
ထောင်လာရတာ။
ခက်ခက်ခဲခဲ အခန်းထဲထိ ပို့ပြီးတာတောင် သူ့မှာ မပြီးနိုင်ဘူး။ ဒါပေမဲ့
လမ်းမှာတုန်းကလောက် အသိစိတ်
မမဲ့တော့ဘူး။ သားရယ်...မင်း ဒယ်ဒီ
အပစ်ခံလိုက်ရတယ် ဆိုတာမျိုးတွေ
ပြောပြောလာတယ်။
​ဖိနပ်တွေ ခြေအိတ်တွေ ချွတ်ပေးတော့
လည်း သားသမီးက မိဘကို ပြုစုပေး
နေသလို ထင်ရှာမှာပေါ့။ ငြိမ်နေတယ်
သိလား ကျွန်တော်က သူ့ သားအရင်း
လည်းမဟုတ်ဘူး။ အရက်မူးနေပြီး
တအင်းအင်း ညည်းနေတဲ့သူက အရမ်း
ဆွဲဆောင်မှုရှိတယ်။ ရှပ်အဖြူရဲ့ ကြယ်
သီးတစ်လုံးချင်းကို စိမ်ပြေနပြေထိုင်
ဖြုတ်နေတဲ့ထိ သူ ငြိမ်နေတာပဲ။
လွယ်လွယ်ကူကူ ပဲ အချွတ်ခံတယ်။
နောက် သူ့ဘောင်းဘီ။ အင်း ခါးပတ်
ခေါင်းကို စဖြုတ်တော့ တိုက်တိုက်ဆိုင်
ဆိုင် သူ မျက်ရည်ကျလာပြန်ရော...
အဲ့ အချိန် ဒယ်ဒီရယ် မငိုနဲ့လို့ တစ်ခွန်း
မပြောဘူး။ ဒီအတိုင်း လုပ်စရာရှိတာ
လုပ်ပေးနေသလို အေးအေးဆေးဆေး
ပဲ လုပ်ပေးနေလိုက်တယ်။ လူကသာ
အေးဆေးနေတာ။ အဲ့ အချိန် ရင်ခုန်
ချက်က ဟားသေလောက်တယ်နော်။
တကယ် သေလို့ မရသေးဘူး။ သေလို့
မဖြစ်သေးဘူးဆိုပြီး ကိုယ့်ကိုကိုယ်သတိပေးနေရတာ။ ဘယ်လောက်
ချောမောခန့်ညားပြီး နှစ်လိုဖွယ်အတိ
ပြီးတဲ့ အမျိုးသားလဲလေ။
အရွယ်ကောင်းနေတဲ့ အချိန် GYM
ဆိုတာမျိုးဆိုတာကိုလည်းကြိုက်တဲ့
လူဆိုတော့ သူ့ခန္ဓာကိုယ်က ဂရိနတ်ဘုရားကျောက်ဆစ်ရုပ်လိုပဲ။ အချိုးအစားကပြေပြစ်နေတာ။ ကျောက်ဆစ်ရုပ်ထက်ရင်ခုန်စရာကောင်းတာက အပြိုင်းပြိုင်း
ထနေတဲ့ သူ့သွေးကြောမျှင်တွေပဲ
ပါးရိုးထင်းထင်းပေါ်က စီးကျနေတဲ့
မျက်ရည်စီးကြောင်း။ တစ်ခုကံကောင်း
တာ သူ ကျွန်တော့်ရှေ့မှာ မိမွေးတိုင်း
ဖမွေးတိုင်း​နီးပါးဖြစ်နေတာကို သူရှက်ဖို့
မေ့နေတာပဲ...ခဏလေး အဲ့တုန်းက သူ့ပုံကို ပြန်စဥ်းစားပါရစေ"

သားတော်မောင် Where stories live. Discover now