Epi 6 /Zawgyi

23.9K 1.3K 32
                                    

"ဟဲလို...ဆော်ရီး ဒီရက်ပိုင်း အလုပ်တွေ
များသွားလို့ ။ မင်းတို့သိတဲ့ အတိုင်း
ကျောင်းတစ်ဖက် ၊ အလုပ်တစ်ဖက်
ဟူး လွယ်မနေခဲ့ဘူး။ မတွေ့ရတာကြာ
လို့ မောင့် ကိုများ မေ့နေကြပြီလား"

"..."

"မမေ့ဘူး ဆိုလို့ ကျေးဇူးပါ။ အခု အကြိုက်ဆုံးအပိုင်း ကို ပြောပြမယ်
ရှေ့မျက်နှာ ဖင်ခုထိုင်ပြီးပေါ့။ ဟုတ်
တယ်။ မင်းတို့ထဲ အသက်မပြည့်သေး
တဲ့ လူတွေပါရင် ခုတည်းက leave
နော်။ "

"...."

"ဘာ ကျွန်တော်လည်း အသက်
ပြည့်သေးလို့လား။ အေးလေ မပြည့်
သေးတဲ့ လူ က လုပ်ခဲ့တာတွေမို့ အတုယူမှားကြမှာဆိုးလို့ ထွက်ခိုင်းနေ
တာလေ။ ကြိုပြောမယ်နော်။ ဒါတွေကို
ဒယ်ဒီသာသိရင် လုံးဝတါးမှာ။ သူရှက်
တာက တစ်ပိုင်း မင်းတို့ အတုယူမှား
မှာတစ်ပိုင်းမို့ လုံးဝပြောခိုင်းမှာမဟုတ်
ဘူး။ ဒါပေမဲ့ ပြောပြမယ်။ လုံးဝ လိုက်
လုပ်ဖို့တော့စိတ်မကူးနဲ့နော်။ ကြိုပြော
တာ ဒယ်ဒီ့လို လူမျိုးရှားတာမို့ ကျွန်
တော်အောင်မြင်တိုင်း မင်းတို့ အောင်
မြင်မယ်မထင်နဲ့နော်။ ကဲ ပြောပြီ။
ကိုယ့်အသက်ကိုယ်သိပြီးကလေးတွေ ဒီနေရာကနေ လစ်လိုက်တော့"

"အင်း ကျွန်တော်တို့ နယူးယော့ခ်ရောက်တော့  တိုက်ခန်းတစ်ခုမှာအတူတူနေကြတယ်။ ဘယ်ရပ်ကွက်
လည်းတော့ မပြောတော့ဘူး။ အခန်းက
ကျယ်တယ်။ ဒယ်ဒီက ကျွန်တော့်အ
တွက်ပါတွေးပြီး အိပ်ခန်း၂ခန်းပါတဲ့
အခန်းကို ရွေးခဲ့တာ။
ဒယ်ဒီရယ် စကားထဲထည့်မပြောချင်တဲ့
တစ်ယောက်ရယ်က တစ်ခန်း ၊ ကျွန်
တော့်အတွက် တစ်ခန်းပေါ့။
အဲ့တုန်းက သူတို့ ကျောင်းမပြီးသေးဘူး။
နှစ်ယောက်လုံးက ပန်းချီမေဂျာယူကြ
တာလေ။ စကားထဲထည့်မပြောချင်တဲ့
တစ်ယောက်က ပန်းချီမှာတော့ ပါရမီ
ထူးတယ်။ သူ့လက်ရာတွေက ရန်သူ
ဖြစ်တဲ့ ကျွန်တော်တောင် မချီးကျူးဘဲ
မနေနိုင်ဘူး။ ဒါကြောင့်လည်း ပညာ
အားကိုးနဲ့ ဒယ်ဒီ့ကို ခြေစုံကန်တာပေါ့
သူ့ ကျောင်းတစ်လျှောက်လုံး ဒယ်ဒီ
ထောက်ပံ့ခဲ့တာပဲ။ သူကတော့ အားလပ်ရက်တွေဆို ပန်းခြံမှာ ပုံတူ
သွားဆွဲပြီး ဝင်ငွေရှာတတ်တယ်။ မြန်မာအချင်းချင်းတွေ့ရင် သူ့ကိုအား
ပေးတတ်ကြတယ်။ တစ်ချို့ကလည်းဒယ်ဒီ့လူမှန်းသိလို့ တမင်အားပေးတာမျိုးလည်းရှိတယ်။ ဒယ်ဒီကလေ
တခြားသာနားလည်ပေးတာ အဲ့လိုတွေ
ကျ သူ့ရဲ့ ပဒေသရါဇ် စိတ်က မရဘူး
သူများဆီက အသနားခံတောင်းနေတယ်လို့ပဲမြင်တာ။ ပန်းချီရောင်းချင်
လား ပြပွဲလုပ် ၊ သူအကုန်ခံပြီးလုပ်ပေး
မယ်။ အဲ့လိုတော့ သွားမလုပ်ပါနဲ့ဆို
ပြီး ခဏခဏတားပေမဲ့ မရပါဘူး။
ဟိုတစ်ယောက်ကလည်း မရှိမာနပေါ့
အဲ့မှာ သူတို့ဆက်ဆံရေး စအက်တယ်
ထင်တာပဲ။ တဖြည်းဖြည်းနဲ့ အက်
ကြောင်းကလိုက်လိုက်လာတာ
အစကတော့ ဒယ်ဒီက ထိန်းထိန်းသိမ်း
သိမ်းနဲ့နေတယ်။ ကျွန်တော်သိမှာဆိုး
တာလည်းပါမယ်။ ရယ်ရတာပြောမယ်
သူက မိဘတွေ အဆင်မပြေတာသိ
ရင် ကျွန်တော်စိတ်မကောင်းဖြစ်နေမှာ
ဆိုးနေတာ။ ဟားဟား ကျွန်တော်လား
ဒယ်ဒီစိတ်ဆင်းရဲနေတာပဲ မကြည့်ချင်
တာ ဟိုတစ်ယောက်ဘာဖြစ်ဖြစ်ကျွန်
တော့်အရေးမဟုတ်ဘူး။ နောက်ပြီးဒယ်
ဒီကိုရော သူ့ကိုပါ မိဘလို့တစ်ခါမှ မသတ်မှတ်ခဲ့ဘူး။ အထူးသဖြင့် ဒယ်ဒီ။ ဒယ်ဒီ့ကို ကျွန်တော့်ရဲ့ စောင့်ရှောက်သူလို့ပဲမှတ်ထားတယ်။ ပြီးတော့ကျွန်တော်သိတာလည်း ဒယ်ဒီပဲ ကျွန်တော်ကြည့်တာလည်းဒယ်ဒီ့တစ်ယောက်ပဲ။
အဲ နောက်တော့ ဟိုတစ်ယောက်ကပြပွဲ
တွေမှာ အဖိတ်ခံရတယ်။ နောက်ကျောင်းပြီးတော့ သူက ပြပွဲတော်တော်
များများကို ဝင်ဆန့်နေပြီ
နောက်ပြီး အေးဂျင့်ရလိုက်တယ်။ သူ့အေးဂျင့်က တရုတ် အမေရိကန်ကပြား
အမျိုးသမီး ။ လှတယ်။ ထက်ထက်
မြက်မြက်လည်းရှိတယ်။ မျိုးရိုးကလည်း ဒယ်ဒီတို့လိုပဲ ကုန်သည် နိုင်ငံရေး မျိုးရိုးတစ်ဖက်စီရှိနေတာမျိုးဒယ်ဒီနဲ့ အဲ့တစ်ယောက်ရဲ့ ဆက်ဆံရေး
ကို သိပြီးမှ ဝင်လာတာက သူ့အတွက် အခွင့်အရေးရသွားတာပေါ့ဗျာ။ မိန်ူမတွေရဲ့ စိတ်ကလည်း လိုက်မမီဘူး။ စံဖြစ်နေတဲ့ ဒယ်ဒီ့ထက် ဒယ်ဒီ့လက်
အောက်က အဲ့တစ်ယောက်ကို သနားချစ်နဲ့ ချစ်သွားပုံပါပဲ။ ဟိုတစ်ယောက်ကလည်း ဒယ်ဒီကပဲ သူ့ကိုငွေနဲ့အတင်းသိမ်းပိုက် ချုပ်နှောင်ထားသလိုလို
လည်း နေပြတာကိုး...
ဟက် အထည်ကြီးပျက်အိမ်က ဟန်
လုပ်ပြီး အမေရိကားကို ကျောင်းတက်
ဖို့ လွှတ်လိုက်ပြီးမှ ကျောင်းလခမသွင်း
နိုင် သောက်ကြွေးတွေ နစ်နေတာကို
ဒယ်ဒီက အကုန်ရှင်းပေးခဲ့တာ။ နောက်မြှပန်သိတာ ဒယ်ဒီက သူ့ကိုစပြီး
သဘောကျခဲ့တာမှန်ပေမဲ့ သူ့ဖက်က
အရင် စခဲ့တာ။ ဒယ်ဒီမတောင်းဆိုပါဘဲ
သူအရင်ပေးခဲ့ပြီးမှ နောက်တော့ အင်း
သူကြိုက်တဲ့ လိင်အမျိုးအစားတွေ့
တော့ ဒယ်ဒီနဲ့ သူ့ရဲ့ဆက်ဆံရေးက
အပေးအယူတစ်ခုထက်မပိုသလိုအချိုး
တွေလုပ်ချသွားတာ။
ဒယ်ဒီ့ကို သူပဲ ရက်ရော ၊ သူပဲ ကြင်နာ
သူပဲ ရှင်ဘုရင်လို မြှောက်စား ခယ
ခဲ့တာဗျ။ ဒါကျွန်တော်အပိုပြောတာ
မဟုတ်ဘူး။ သူတို့စခေါ်လာတဲ့ အရွယ်
တည်းက မြင်နေရတာ။ ဒယ်ဒီ့ ဖိနပ်ကအစ သူတိုက်ပေးခဲ့တာ။ အဲ့ဒါတွေအကုန်လုံးက ဒယ်ဒီ့သူ့ကိုပေးခဲ့သမျှတွေ အတွက် ခန္ဓာရင်းပြီးကို အကျေဆပ်ခဲ့တာ ဆိုပဲ။ နောက်ဆုံးတော့မှ ဒယ်ဒီကအများအမြင်မှာ ချစ်တီးကုလားသာသာပုံစံမျိုးဖြစ်အောင် ရိုက်ချခဲ့တာ။ ဒယ်ဒီက သူ့ကိုတကယ်ချစ်ခဲ့ရှာတော့ အလဲလဲအပြိုပြိုပဲ။ သူ အိမ်ကထွက်သွားတဲ့ နေ့ကစပြီး ဒယ်ဒီဆိုတာကျွန်တော့်ရှေ့မှာတောင် ဣန္ဒြမေကြီးနိုင်ရှာတော့ဘူး။
စကားထဲ ထည့်မပြောချင်တဲ့ လူကိုပါမက သူ့ မိန်းမဖြစ်မဲ့ သူကိုပါ ဒယ်ဒီ
တောင်းပန်ခဲ့တာ။ ဒါပေမဲ့...သူတို့
မျက်နှာပြောင်ပြောင်နဲ့ပဲ ဒယ်ဒီ့ကိုထား
ခဲ့ကြတယ်။ ခြံခုန်ရုံပါမက ကန်ပါကန်
ထည့်သွားတာလေ။ ဒယ်ဒီဆိုတာနေ့တိုင်း အရက်ခွက် ကိုင်ပြီးကိုကျန်ခဲ့ရှာတာ။ ညညသန်းခေါင်ဆို ရေချိုးခန်းထဲ အသံတိတ်ကျိန်ငိုသံတွေကိုမကြားချင်မှ အဆုံးပဲ
အဲ့အချိန်မှ စသိတာ။ ကိုယ်ချစ်တဲ့လူ
တစ်ယောက်နာကျင်နေတာကို မြင်ရ
တွေ့ရကြားရတာကိုက ငရဲကျနေတာပဲ
ဆိုတာ။ ဒီတေါ့ ဒီငရဲက လွတ်ဖို့ဆို
သားရေပေါ်အိပ် သားရေနားစား တဲ့
တိရစ္ဆာန်လိုဖြစ်လည်းရတယ်။ အချိန်
တန်မေ့သွားအောင် ကုစားပေးမယ်လို့
ဆုံးဖြတ်လိုက်တဲ့ ညက ဒယ်ဒီ့ကို ဘား
ကနေ သွားခေါ်ထုတ်လာရတဲ့ ညပေါ့..."

tbc....

ဒီရက်ပိုင်း အလုပ်တွေပိ ၊ စိတ်ပိ ၊
စာတွေပိ နဲ့ အကုန်ပိနေလို့ စိတ်ထောင်း
ကိုယ်ကျေဖြစ်နေတာရယ်
အခုတော့ စိတ်ထဲနည်းနည်းသက်သာ
သလိုရှိနေပေမဲ့ စိုးရိမ်ချိန်မှတ်ရဲ့နောက်
ဆုံးအခြေအနေမှာ ဘာမှမလုပ်ဘဲနေရင် ပိုဆိုးလာမှာမို့ စာကောက်ရေးတာပါပဲ။ အကြာကြီးစောင့်နေရအောင်လုပ်မိတဲ့ အတွက်လည်း အားနာရပါတယ်

သားတော်မောင် Where stories live. Discover now