"ဟယ်လို ဒယ်ဒီ...ဟုတ် မောင် ခုပဲပြန်
ရောက်တာ""နေ့ခင်းလောက်က ဒီဇိုင်းနာက ဝတ်စုံတွေလာပို့ထားတယ်တဲ့။ ဒယ်ဒီ နဲ့ သား နှစ်ယောက်လုံးအတွက်။ ဆယ်စုံလောက်ပါတယ်ပြောတယ်။ သားအဆင်ပြေတာရွေးထားလိုက် ။ ဒယ်ဒီ ၈နာရီလောက်ပြန်လာမယ်"
"ညစာစားပွဲက ဘယ်နှစ်နာရီစမှာတဲ့လဲ"
"အဲ ၉နာရီထင်တယ်။ အိပ်ခန်းထဲက ခုံပေါ်မှာ ဖိတ်စာရှိတယ်။ သေချာအောင်
ကြည့်လိုက်ဦး""ဟုတ် ဟုတ် "
"ဒီနေ့ ဖြေနိုင်လား"
"မေးစရာလား ဒယ်ဒီသာ ကတိတည်
ဖို့ပဲလိုတာ အဟင်းဟင်း။""ဒယ်ဒီဖုန်းချလိုက်တော့မယ်"
"မောင် ဒယ်ဒီ့ကိုချစ်တယ်နော်"
"..."
"တွေ့လား ရှက်သွားတာ။ သေချာတယ်
သူ့အခန်းထဲ သူ့အတွင်းရေးမှူးပါရှိနေ
မှာ သေချာတယ်။ ခဏလေး ကျွန်တော် ဝတ်စုံတွေသွားကြည့်ရဦးမယ်"-
-
-"ဒယ်ဒီ့အခန်းကို ပြောင်းအိပ်တည်းက
အဝတ်လဲခန်းကို ထပ်ချဲ့လိုက်တာ။
အစက ဒီအကန့်က ဒယ်ဒီ့စတိုရီယို
လေး။သူ ဒီထဲမှာ ပန်းချီဆွဲတတ်တယ်။
အခန်းကျယ်ကြီးထဲမှာထက် အခု အကန့်လေးထဲမှာဆို ပိုစိတ်ငြိမ်တယ်လို့ပြောတာပဲ။ ကျွန်တော်ပြောင်းအိပ်တော့
ကျွန်တော့်အဝတ်တွေနဲ့အသုံးအဆောင်
တွေကိုပါ ဒီအကန့်လေးထဲ ရွှေ့လိုက်တာ။ သြ ဒယ်ဒီက ပန်းချီဆရာ အစစ်
တော့မဟုတ်ဘူး။ သူ့ဝါသနာအရ စိတ်
ငြိမ်စေတဲ့အရောင်တွေနဲ့ ရှုခင်းလေးတွေဘာလေးတွေ ဆွဲတာ။ လက်ရာက
သာမန်ပဲ။ သူက ဝါသနာပါပြီး ဆွဲဖို့
လောက်ထိ အပါရမီမပါတာလားပဲ
သိတယ်မလား တချို့တွေဆို စာအရမ်းဖတ်တယ်။ စာတစ်ပုင်္ဒကိုဖတ်
ရင် သူများတွေထက် ပိုမြင်တတ်တွေး
တတ်ကြတယ်ပြီး ရေးဆိုတော့ မရေး
တတ်ကြဘူးလေ။ ဒယ်ဒီလည်း ပန်းချီ
နဲ့ပတ်သတ်ရင် အဲ့လိုဖြစ်နေတာ။
ပန်းချီ ကို အကဲဖြတ် သုံးသပ်တဲ့နေရာ
မှာတော့ ဆရာတစ်ပါးပဲ။ ဒါကြောင့်
အခု ပါရီလို အနာပညာမြို့တော်မှာ
တောင် သူစီစဥ်တဲ့ ပြပွဲတိုင်းက အောင်
မြင်တာလေ။ အဲ့မှာ ပါရမီတော့ပါ
တယ်။ သူအဖေ အမွေဖြစ်တဲ့ ချောကလက်စက်ရုံကိုတောင် ကျွန်တော်နဲ့ လွှဲထားပြီး သူ့ ပန်းချီ
တွေကိုပဲ ဇောက်ချလုပ်နေတာသာကြည့်တော့။ ပြောဖို့မေ့နေတာ။ ဒယ်
ဒီနဲ့ ကျွန်တော်က အခု ပါရီမှာနေနေတာ
ကျွန်တော်လည်း ဒီမှါပဲကျောင်းတက်
ရတာ။ ထားတော့ ခဏနော် ဝတ်စုံတွေ
ကြည့်လိုက်ဦးမယ်"