Chapter 10

11.5K 1.7K 33
                                    

စုရီ ဤအ​ခြေအ​နေတစ်​ခုလုံး​ကြောင့်​ တ​ဖြေး​ဖြေးအသည်းထိတ်​လာရ​လေသည်​။ ၀မ့်​ရန်​ရွှီး၏ ဦးတည်​ချက်​အားလုံးက ရည်​ရွယ်​ချက်​အပြည့်​ဖြင့်​...ထိုအ​စေခံတို့ပင်​လျှင်​ သူ့အရှင်​ကိုမယုံကြည်​နိုင်​စွာကြည့်​​နေကြ၏။
***အဲ့တာက ဖြစ်​နိုင်​လို့လား. ငါ ကံဆိုးစွာနဲ့ ခန့်​မှန်းတာကြီးမှန်​သွားခဲ့တာလား?***
စုရီ သူ့ကိုသူ ဒါကြီးက အမှန်​ပါလို့လည်း မယုံကြည်​​စေလို..အဘယ်​​ကြောင့်​ဆို​သော်​ကား ထိုဝမ့်​ရန်​ရွှီးဆိုသူအ​ကြောင်းကို စစ်​​ရေးစစ်​ရာသာမက ကိုယ်​​ရေးကိုယ်​တာကိုပါ သူ​ကောင်း​ကောင်းသိခဲ့ ​လေ့လာခဲ့ဖူး၏။ သူဆိုသည်​က ဘယ်​တုန်းကမှ ဒီလိုလုပ်​ရပ်​မျိုးလုပ်​ခဲ့ဖူးသူမဟုတ်​...စိတ်​ကူးပင်​မယဉ်​ခဲ့ဖူး​လောက်​...

မယုံနိင်​တာ​တွေ ယုံတာ​တွေနှင့်​ ဦး​နှောက်​ကအလုပ်​လုပ်​​နေ​သော်​လည်း ဒီအ​ခြေအ​နေတွင်​ စုရီ၏ ​ခြေလက်​​တော့က​တော့ သူ့အလိုအ​လျောက်​ကို စရုန်းကန်​​နေပြီး တကယ်​စရုန်းကန်​သင့်​​ကြောင်း သိချိန်​တွင်​ ထင်​သ​လောက်​မလွယ်​...သူ့ကိုယ်​တစ်​ခုလုံးက ၀မ့်​ရန်​ရွှီး လက်​ထဲတွင်​ အ​ပွေ့ခံထားရထားရသဖြင့်​ သူ့ဘယ်​​နေရာကလုပ်​ပြီး ဘယ်​လိုရုန်းရမည်​နည်း။ သူစပြီး မရုန်းကန်​ခင်​ မကန်​နိုင်​ခင်​​လေးတွင်​ ၀မ့်​ရန်​ရွှီး ကျီစယ်​အပြုံး​လေးတစ်​ခုဖြင့်​ ​လှောင်​လျက်​နှင့်​....

"ဘုန်း"

အသံကျယ်​ကြီးနှင့်​ ​ရေကန်ကြီးတစ်ခု​​ထဲ​တော်​​တော်​​ဝေး​ဝေးကျသွား​သော စုရီမှာ ဘားမှမချွတ်​ရ​သေး​သော သူ့ဝတ်​စုံစုတ်​အပြည့်​နှင့်​ပါ။

စုရီ​ရေမွန်းသွားပြီး ယက်​ကန်​ယက်​ကန်​ ဖြစ်​​နေချိန်​တွင်​ ၀မ့်​ရန်​ရွှီးမှာ အ​ပေါ်က​နေကြည့်​လျက်​ရယ်​​နေ၏။

"စုစစ်​သူကြီး စိတ်​​အေး​အေးထားပါ ဒါကအ​နောက်​ဥယာဉ်​က ​နွေဦး​ရေ​စမ်းဖြစ်​ပြီး သန့်​ပါတယ်​..ဒါကမင်းကျန်းမာ​ရေးအတွက်​​တကယ်​​ကောင်းတာ အဲ့​တော့များများ​သောက်​​လေ အကျိုးထူး​လေပဲ..မင်းကိုအား​တောင်​ဖြည့်​နိုင်​ပြီး ငါ့လက်​​မောင်း​တွေကြား မင်းပိုရုန်းနိုင်​ဖို့ ကူညီပါလိမ့်​မယ်​"

ခယောင်းလမ်းကကြင်ရာတော်(mmtrans)ခယောင်းလမ်းကကြင်ရာတော်Where stories live. Discover now