Chapter 36

9.7K 1.4K 85
                                    

စုရီခပ်ပေါ့ပေါ့ပင်

"ဂုဏ်သတင်း? စစ်ရှုံးစစ်သူကြီးက ဘာလို့ဂုဏ်သတင်းဆိုတာကြီးကိုဂရုစိုက်နေရဦးမှာလဲ?"

၀မ့်ရန်ရှိုးကိုပြောနေသလိုနှင့် သူ့ကိုယ်သူသာရည်ညွှန်းပြောနေမိ၏။ ၀မ့်ရန်ရှိုးကတော့

"ဒါပေါ့ ခများတို့နှစ်ယောက်လုံးက စာအုပ်ကြီးသမားတွေဆိုတော့ ဘာဂုဏ်သတင်းတွေဂရုစိုက်ဖို့လိုမှာလဲဒါကိုတစ်ခြားလူတွေဆုံးဖြတ်ကြလိမ့်မယ် ခများသာမန်ပြည်သူတွေရဲ့အသက်အတွက် စွန့်လွတ်ပေးခဲ့ရင် သူတော်စင်အနေနဲ့သတ်မှတ်ကြလိမ့်မယ် တကယ်လို့ခများမလုပ်ခဲ့တဲ့အမှားတစ်ခုကတိုင်းပြည်ကိုပျက်စေရင် ကြက်ဥပုပ်အဖြစ်သတ်မှတ်ကြလိုက်လိမ့်မယ်  ဟမ် ခများက စစ်သူကြီးဖြစ်ပြီး ကျတော့်လို့ကလေးလောက်တောင်အမှန်တရားကိုနားမလည်ဘူးလား "

ပြောပြီး ထွက်သွားဖို့ပြင်ပြီးမှရုတ်တရက်ပြန်လှည့်လာရင်း

"ဒါပေမယ့်အဆင်ပြေပါတယ် နောက်ကျရင် ဒီသား​ေတာ်ကသေချာသင်ပေးပါ့မယ် မယ်တော် "

ပြောပြီးတခစ်ခစ်ရယ်ကာထွက်သွားသော မှန်စာဆိုးလေးအား လက်ဖက်ရည်ပန်းကန်နှင့်ပစ်ပေါက်ချင်စိတ်ကိုအတော်လေးထိန်းလိုက်ရ၏။ အခုခနတွင် စုရီရနေခဲ့သည့်နောင်တတရားတို့က အတော်တန်လျော့သွားလေပြီဟုခံစားနေရ၏။ ရုတ်တရက်ပင်သူ့ရှေ့တစ်ယောက်ယောက် ရောက်နေသလိုခံစားရသဖြင့်မော့ကြည့်လိုက်သောအခါ သူတို့ပြန်လည်တွေ့ဆုံခဲ့သည်ကနေအခုမှ ထပ်ဆုံကြရသည့် ရွီကျင်းဟွာကိုတွေ့လိုက်သဖြင့် အယောင်ယောင်အမှားမှားထရပ်လိုက်မိ၏။ ကျင်းဟွာကပင် သူ့ကိုပြန်ထိုင်စေလျက်

"မင်းကိုကြည့်နေတဲ့မျက်လုံးတွေအများကြီးကြား ချီကလူတွေလူ့ကျင့်၀တ်တောင်မသိရကောင်းလားလို့မထင်ရအောင် ကိုယ်ရောက်နေတဲ့အဆင့်နဲ့ညီအောင်နေသင့်တယ်"

စုရီဖြေးဖြေးလေးပြန်ထိုင်ချရင်း သူ့ရှေ့ကလူကိုမယုံနိုင်စွာကြည့်နေမိ၏။

"မင်း မင်းဘယ်လိုရောက်လာတာလဲ?"

"မင်းလက်ထပ်ပွဲကိုငါဘာလို့မလာနိုင်ရမှာလဲ မင်းဆန္ဒရှိရှိမရှိရှိ မင်းတစ်ဘ၀လုံးနဲ့ဆိုင်တဲ့ကိစ္စနော် မင်းမှာဒေါသတွေ၀မ်းနည်းမှုတွေကျန်နေသေးတာငါမြင်လို့ မင်းကိုလာအကြံပေးတာ အဲ့လို့မှမဟုတ်ရင်မင်းအရာအားလုံးကိုခက်အောင်လုပ်နေတော့မှာ အဲ့ခါကျငါဘယ်လိုစိတ်ဖြောင့်တော့မှာလဲ?"

ခယောင်းလမ်းကကြင်ရာတော်(mmtrans)ခယောင်းလမ်းကကြင်ရာတော်Where stories live. Discover now