Chapter 43

9.7K 1.4K 28
                                    

အချိန်တွေကုန်ဆုံးတာ အရမ်းမြန်၏။ စုရီနိုးလာချိန်တွင် နေကခေါင်းကိုပင်ကျော်နေပေပြီ။ သူရဲ့ နည်းနည်းလေး ဟိုရွေ့ဒီရွေ့လုပ်ခြင်းက အသည်းခိုက်အောင်နာကျင်နေစေပြီး အခုတော့ သူ့တစ်ကိုယ်လုံးမနာတဲ့နေရာမရှိလောက်အောင်ပင်ခံစားနေရသည်။ အိပ်ရာပေါ်ကထဖို့အတင်းကြိုးစားနေစဥ်တွင်ပင် ကျီနုန်၀င်လာပြီး သူ့ကိုသာသာယာယာပင်ပြန်လဲစေကာ

"ကြင်ယာတော် ခနလောက်နားပါဦး မထခင် ကြင်ယာတော်ရဲ့ကြွက်သားနာကျင်မှုတွေလျော့အောင် ကျီနုန်လုပ်ပေးပါရစေ"

စုရီ သူမကို တောင်းပန်တိုးလျိုးသည့်အကြည့်များဖြင့်

"မိန်းကလေးကျီနုန် ကျတော့်ကို သခင်လေးလို့ပဲခေါ်ပါ "

ကျီနုန် ဒိတ်ခနဲဖြစ်သွားရင်း စုရီအခုထိထိုအမည်နာမနှင့်အသားမကျသေးမှန်းနားလည်သွားသဖြင့် ရင်လေးမိသွား၏။

"ကောင်းပါပြီ အခုက ကျမတို့ရဲ ကြင်... ကျမသခင်လေးအမိန့်တိုင်းလိုက်နာပါ့မယ် အချိန်အကြာကြီးသခင်လေးလို့ခေါ်လာတော့ ချက်ချင်းကြီးပြောင်းခေါ်တာလည်း ကျမအတွက်အသားမကျလှဘူး"

ပြောပြီး အစေခံတစ်ချို့ခေါ်လိုက်ပြီး စုရီကို ကိုယ်လက်သန့်စင်ပေးကာ မနက်စာပါပြင်ပေး၏။ မနက်စာစားအပြီး ကျီနုန်က

"သခင်လေး ဘာများခိုင်းစရာရှိသေးလဲ?"

"ကျတော်.....အကျဥ်းထောင်ဆီ သွား...သွားလည်ချင်.."

သူ့စကားပင်အဆုံးမခံပဲ ကျီနုန်ချက်ချင်းငြင်းလိုက်၏။

"အဲ့မှာ ဘာမှစိတ်၀င်စားစရာမရှိပါဘူး သခင်လေးရယ်"

ထို့နောက် စုရီ၏ ဇ​ေ၀ဇ၀ါအကြည့်တို့ကြောင့် ပျာယာခတ်သွားသည့်အမူအရာကို တည်ငြိမ်အောင်လုပ်လိုက်ပြီး အိပ်ယာကိုပြန့်အောင်ပြန်ဖြန့်နေရင်းမှ

"ကျတော်မျိုးမပြောချင်တာက သခင်လေးကိုယ်ကကောင်းကောင်းမကောင်းသေးတော့ မဟုတ်သေးဘူး တကယ်လို့ကောင်းနေရင်တောင် အကျဥ်းထောင်က သွားလည်လို့ကောင်းတဲ့နေရာမဟုတ်ပါဘူး ပြီးတော့ ဟိုလူတွေလည်းအခုလောက်ဆိုအိမ်ပြန်ရောက်လောက်ပါပြီ ကျတော်မျိုးမ မနေ့က အရှင်မင်းကြီး အကျဥ်းသားတွေပြန်လွတ်ပေးဖို့ အမိန့်ပေးတာကြားခဲ့တယ်"

ခယောင်းလမ်းကကြင်ရာတော်(mmtrans)ခယောင်းလမ်းကကြင်ရာတော်Where stories live. Discover now