don't leave me

9.6K 766 1
                                    

<<<Zaw Gyi>>>

"ဒီး ဒီ"
စားပွဲပေါ်ကဖုန်းက မြည်လာတော့ ရိုင်ယန် အလျင်အမြန် ကိုင်လိုက်သည်
မဟုတ်ရင် ကလေး နိုးသွားနိုင်တယ်မဟုတ်လား
ကြည့်လိုက်တော့ mike
အရေးကြီးကိစ္စမဟုတ်ရင် ဖုန်းခေါ်မှာမဟုတ်
"ပြော"
"boss casino မှာ မီးလောင်နေတယ် "
"ဘာ ငါချက်ချင်းလာခဲ့မယ်"
ဖုန်းပြောပီး မြန်မြန်အဝတ်တွေကောက်ဝတ်လိုက်သည်
bae ကိုလည်း အဝတ်အစားဝတ်ပေးလိုက်ပီး နိုးလာရင် စားဖို့ sandwich နှစ်ခု မြန်မြန်လုပ်ပီး နဖူးလေးကိုတစ်ချက်နမ်းကာ မြန်မြန်ထွက်လာခဲ့လိုက်သည်
သူ casino ရောက်တော့ အကုန်လုံး ရုတ်ရုတ်သဲသဲတွေ ဖြစ်နေပီ
"boss ကျတော်တို့ အချိန်မီတားနိုင်လို့ တော်သေးတယ် နှစ်ထပ်တော့ပါသွားတယ် "
"ဘယ်ကစဖြစ်တာလဲ"
"ကျတော်တို့ စုံစမ်းနေတယ် boss ဒါပေမယ့် ဒါ မရိုးသားဖူး boss ကျတော်တို့ သက်သေမတွေ့သေးပေမယ့် ဒါကသေချာ ရှို့တာသေချာတယ် ပီးတော့ လူမရှိတဲ့နေရာကို သေချာရှို့သွားတာ boss "
"သေချာစစ်ပါ nine ဒါက မ ရိုးသားတာသေချာတယ်
တစ်ယောက်ယောက်က ငါ့ casino ကိုမီးရှို့ရဲတယ်ဆိုတော့ သူတို့က တော်ရုံအဖွဲ့ကဖြစ်မှာမဟုတ်ဖူး "
"ဟုတ်ကဲ့ boss "
ထိုအချိန် mike နဲ့ ရဲဝတ်စုံဝတ်ထားသော လူနှစ်ယောက် အနားရောက်လာကာ
"boss ရဲမှုးက boss ကို မေးမြန်းစရာလေးတွေရှိလို့တဲ့"
"ဒါပေါ့ ကျတော်က ရဲမှုးတို့ အလုပ်ကို သေချာ ပူးပေါင်းပေးမှာပါ"
ထိုနေ့တစ်နေ့လုံး ရဲတွေနဲ့ စကားပြောရ ဧည့်သည်တွေကို တောင်းပန်ရနဲ့ ရိုင်ယန် တစ်ရက်လုံး အလုပ်ရှုပ်နေသည်
သူကိစ္စတွေအားလုံးပြတ်တဲ့အချိန်က ညနေစောင်းနေပီ
သူဖုန်းကို ထုတ်ကြည့်လိုက်တော့ bae ခေါ်ထားသော missed call တွေ
သူဖုန်းခေါ်ရန်ပြင်လိုက်ပီးမှ 
"တော်ပီ မခေါ်သေးဖူး အခုပြန်ပီး suprise လုပ်ရမယ်"
ရိုင်ယန် bae အတွက် မုန့်ဝယ်ပီး ထွက်လာချိန် ဖုန်းထပ်ဝက်လာတော့ ကိုင်လိုက်သည်
"ဟယ်လို"
"ကိုကို ကိုကို ကျတော်သိပီ ပန်းတွေရဲ့အဓိပ္ပာယ်ကို ဟင် ခင်ဗျားတို့ ဘယ်သူလဲ
အကိုလေး အကိုလေး "
"အာဒန် အာဒန် "
ရုန့်ရင်းဆန်ခပ် ဖြစ်နေသောအသံတွေ ကြားလိုက်ရပီး နောက် တီ တီ တီ တီ.....
အာဒန် ဖုန်းကို ထပ်ခေါ်လို့မရတော့
ရိုင်ယန့်ရင်ထဲ ပူလောင်ခြင်းတွေ နေရာယူလာပီး ကားကို ခြံဆီသို့ ဒလကြမ်း မောင်းလိုက်သည်
"ဘေ မင်း ဘာမှ မဖြစ်ပါနဲ့ ဘာမှ မဖြစ်ပါနဲ့ "
သူခြံထဲရောက်တော့ ဖူးယောင်ဒဏ်ရာတွေနဲ့ ရပ်နေသော ကောင်လေးဆီတန်းသွားကာ
"အာဒန့်ကို ဘယ်သူခေါ်သွားတာလဲ"
"ကျတော် ကျတော် မသိဖူး ကားက အမဲရောင်နဲ့ နံပါတ်ပြားလည်း မတပ်ထားဖူး လူတွေကလည်း ခေါင်းစွပ်တွေနဲ့"
ရိုင်ယန့်ရင်ထဲမှာဒေါသတွေကော အပူမီးတွေပါ စောင့်တတ်လာသည်
*ဘေမင်းဘာမှ ဖြစ်လို့မရဖူး*
သူ့လူတွေကို အာဒန့်ကို ရှာဖို့အမိန့်ပေးပီး သူဘယ်လိုမှ ထိုင်နေလို့မရ
ဘယ်သူဖြစ်နိုင်လဲ ဘယ်သူက အာဒန့်ကို ပြန်ပေးဆွဲတာလဲ သူဘာကို လိုချင်တာလဲ
"Boss ကျတော်တို့ အကိုလေး ဘယ်မှာလဲ သိပီ"
ရိုင်ယန်ချက်ချင်းထကာ "ဘယ်မှာလဲ"
"အခုဘဲ ကျတော့်ဆီကို message ဝင်လာတယ်"
mike က msg ကို ပြကာ ပြောတော့
"ဆိပ်ကမ်း ၃ ဂိုဒေါင်အမှတ် ၂၈ မှာကောင်လေးရှိနေတယ်"
"အခုချက်ချင်းသွားမယ်"
*ဒေးဗစ် သူသာ တစ်ခုခုဖြစ်ခဲ့ရင် ငါမင်းကို လုံးဝခွင့်မလွှဖူး*
ရိုင်ယန်တို့ရောက်တဲ့အချိန် ဆိပ်ကမ်းမှာ ဖယိုဖရဲ ဖြစ်နေပီ
ဒေးဗစ် ဘက်က လူတွေနဲ့ ရိုင်ယန့်ဘက်ကလူတွေ အပြန်အလှန်ပစ်ကြပီး ဒေးဗစ်လည်းထွက်ပြေး လွှတ်မြှောက်သွားသည်
"မင်း ဘယ်မှာဘဲရှိနေနေ ငါမင်းက ရအောင်ရှာပီးသတ်ပစ်မယ်"
ထိုစဉ် မျက်နှာမှာ ဖူးယောင်နေသော ဒဏ်ရာတွေနဲ့ လူတစ်ယောက် ရောက်လာကာ
"K ကောင်လေးက ဒီဘက်ကို ပြေးသွားတာ ကျတော်တို့ သွားခေါ်ရမယ်"
ရိုင်ယန် ချက်ချင်း ကားပေါ်တတ်ကာ မောင်းထွက်ရန်ပြင်တော့ Mike လည်း အလျင်အမြန် ကားပေါ်လိုက်တတ်လိုက်သည်
သူ့ဆရာ ရဲ့ စိတ်အခြေအနေကြောင့်တစ်ယောက်တည်းလွှတ်လို့မဖြစ်
သူတို့တော်တော် မောင်းလာပီးချိန်ထိ အာဒန့်အရိပ်တောင်မတွေ့ခဲ့
"ခဏ ခဏ ကျတော်တစ်ခုခု တွေ့လိုက်တယ်"
သူတို့ကားကိုရပ်ကာ ပြေးဆင်းကြည့်တော့
သွေးတွေ
ဒါ ဒါ bae ရဲ့သွေးတွေလား
သွေးတွေနားမှာ ရှုပ်ယှက်ခတ်နေသော ခြေရာတွေရယ်
မီးလုံးစ အကွဲတွေရယ် ကားပေါ်ဆွဲတင်သွားပုံရသော သွေးစီးကြောင်းရာတွေက သက်သေပြနေသည်
ရိုင်ယန့်ရင်ထဲ စိုးထိပ်ခြင်းတွေ ဝင်ရောက်လာပီး
"ဆေးရုံ ရှိသမျှ ဆေးရုံတွေမှာ ရှာပါ အခုချက်ချင်း"
ရိုင်ယန့်အသံတွေ တုန်နေသလို ကြောက်ရွံခြင်းတွေပါ mike ခံစားလိုက်ရသည်
သူတို့ရဲ့ boss ဆီမှာ တစ်ခါမှ ဒီလို ကြောက်ရွံ့ခြင်းကို မတွေ့ဖူးခဲ့ ။
၁လ လုံး ရှိသမျှ ဆေးရုံတွေကို လိုက်ရှာခဲ့ပေမယ့် အာဒန့်ကို လုံးဝရှာမတွေ့ခဲ့
ရိုင်ယန် လုံးဝလက်မလျော့ ဆေးရုံတွေကို သူကိုယ်တိုင် လိုက်မေး လိုက်ရှာ သည်
အအိပ် အစားဆိုတာ ဘာမှန်း မသိအောင် သူလုံးဝမနားခဲ့။

MY CHEMICAL ROMANCE (Z+U)Where stories live. Discover now