what happened to you

9.5K 777 4
                                    

<<<Zaw Gyi>>>

"ဟာ ဒီတစ်ခါက် ငါတို့ပွတာဘဲ"
ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေထုတ်ကြည့်ပီး ပြောလိုက်တဲ့ one
"zero မင်း ဘာတွေ စဉ်းစားနေတာလဲ ငါပြောတာကော ကြားရဲ့လား"
"ဟင် မင်းဘာပြောလိုက်တာလဲ"
"မင်းဘာတွေ စဉ်းစားနေတာလဲ"
"one ငါထင်တာ ငါအခု ခါးပိုက်နှိုက်ခဲ့တဲ့လူက ငါ့ကို သိတယ်ထင်တယ် "
"ဘာလို့ ထင်တာတုန်း"
"ဒီလူ ငါ့ကို နာမည်တစ်ခု ခေါ်လိုက်တယ်ထင်တယ်"
"မင်း နားကြားမှားတာ နေမှာပေါ့ ပိုက်ဆံအိတ်ပျောက်လို့ လိုက်အော်တာဘဲ ဖြစ်မှာ"
"အေးနော် ငါ အထင်မှားတာဘဲ နေမှာ သွားကြစို့ ငါတို့
လုပ်စရာရှိတာလေးသွားလုပ်ရအောင်"
one သူ့ပုခုံးကို ဖက်ကာ တူတူ လျှောက်နေသော သူကို တိတ်တိတ်လေး ခိုးကြည့်လိုက်သည်
ဟိုလူက အာဒန် လို့ ခေါ်လိုက်တာ သူလည်း ကြားလိုက်သည်
တစ်ကယ် ဟိုလူက zero ကို သိနေရင်ကော
သူ zero ကို ပြန်ပေးလိုက်နိုင်လား??? ဟင့်အင်း
ပြန်မပေးနိုင်တာသေချာတယ်
သူတို့လျှောက်လာရင်းတိုက်ခန်းရှေ့ရောက်လာစဉ်
"zero မင်း အရင် ဝင်နှင့်လိုက် ကျားကြီး  ငါ့ကို ခေါ်နေလို့ သွားတွေ့လိုက်ဦးမယ် အကယ်လို့ မင်း ခေါင်းကိုက်လာရင် သေတ္တာအောက်မှာ ရှိတယ်"
"အင်း သတိထားသွားဦး  "
"အေး မင်းလည်း ဂရုစိုက် အပြင်သိပ်မထွက်နဲ့"
"အေးပါကွာ"
zero သူ့ကို ကျောခိုင်းကာ ထွက်သွားသော one ကို ရပ်ကြည့်နေမိသည်
လွန်ခဲ့တဲ့ ၆ လက one နဲ့ စတွေ့ခဲ့တာ တွေးမိတော့ ပြုံးလိုက်မိသည်
သူတို့စတွေ့ချိန်မှာ သူ ထွက်ပြေးရင်း one နဲ့ ဝင်တိုက်မိတော့ one က ပုန်းစရာပေးကာ သူ့ကိုကယ်ခဲ့ပီး ဘန်ကောက်ကို သူနဲ့အတူ ခေါ်လာခဲ့ကာ သူ့ကို စောင့်ရှောက်ပေးခဲ့သည်
သူတစ်ကယ် one ကို ကျေးဇူးတင်မိသည် သူလို ဘယ်သူမှန်း ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်ကို ခေါ်ပီး စောင့်ရှောက်ထားပေးတယ်
နာမည်ကိုတောင်မမှတ်မိတဲ့ သူ့ကို zero ဆိုတဲ့ နာမည် ပေးခဲ့သေးသည်
အမှန်တစ်ကယ်ဆို သူတစ်ယောက်တည်း မနေချင်
သူ ညဆို အိပ်မက်ဆိုးတွေ မက်တတ်တာကြောင့်  တစ်ယောက်တည်း နေရတာမျိုးကို သူကြောက်သည်
one ရှိနေလျှင် အိမ်မက်ဆိုးတွေ မက်တဲ့ အချိန်တိုင်း one က သူ့လက်ကို ကိုင်ပေးတတ်တာကြောင့် သူစိတ်သက်သာရာရပေမယ့် one က မကြာခဏဆို သလို အိမ်ပြန်မလာဘဲနေတတ်တော့ သူအမြဲ တစ်ယောက်တည်း လိုလို ပင်
"ဟူး ဒီနေ့လည်း တစ်ယောက်တည်း အိပ်ရမှာပေါ့ "
သူ သက်ပြင်းချကာ အိပ်ယာထဲ ဝင်ပီး အိပ်လိုက်တော့သည်
"မလုပ်နဲ့ မလုပ်ပါနဲ့ ကိုကို ကိုကို ကျတော့ကို ကယ်ပါဦး ကိုကို ကိုကို အား"
သူ ကြောက်လန့်တကြားပင် မျက်လုံးကို ဖွင့်လိုက်ပီး
အခန်းမျက်နှာကျက်ကို မြင်တော့မှ သက်ပြင်းချလိုက်သည်
"ငါ ဒီအိမ်မက်ဘဲ မက်ပြန်ပီ"
သူစိတ်ရှုပ်စွာ စားပွဲပေါ်တင်ထားသော စီးကရက်ဘူးထဲက စီးကရက်ကို ထုတ်လိုက်တော့ မရှိတော့
"ကျွတ် စီးကရက် ဝယ်ခဲ့ဖို့ မေ့သွားတာဘဲ"
သူ စီးကရက်မသောက်ဘဲ ပြန်အိပ်ပျော်ဖို့ မဖြစ်နိုင်
အပေါ်အင်္ကျီ ကောက်ဝတ်ကာ စီးကရက်ဝယ်ရန် ထွက်လာခဲ့လိုက်တော့ တော်တော်မှောင်နေပီ
သူ seven eleven မှာ စီးကရက်နှင့် စားစရာအချို့ ဝယ်ပီးအိမ်ပြန်လာစဉ်
အနောက်က သူ့လက်ကို ကိုင်ကာ လှည့်လိုက်သောကြောင့် သူ ဟန်ချက်ပျက်သွားကာ နောက်ကလူကို လှည့်ကြည့်တော့
ထိုလူက သူ့ကို တင်းတင်းဖက်ထားလေသည်
ရုတ်တရတ်သူကြောင်သွားတာကြောင့် ငြိမ်သွားပေမယ့် သူအသိဝင်လာတော့ ထို လူကို တွန်းထုတ်လိုက်သည်
ထိုလူက မရွေ့သွားဘဲ တစ်ဖြေးဖြေး သူ့အပေါ် ခန္ဓာကိုယ်ကြီး အိကျလာတော့ သူမထိန်းနိုင်ဘဲ သူပါ လှဲသွားတော့သည်
"ခင်ဗျား ဟင် ဒါဘာလဲ သွေး  သွေးတွေဘဲ "
ထိုလူကိုကြည့်လိုက်တော့ သတိလစ်နေလေပီ
"ဟိတ်လူ ဟိတ်လူ သေပီလား ဒုက္ခဘဲ ငါဘာလုပ်ရမလဲ
ငါဘာလုပ်ရမလဲ
ဆေးရုံကား ဆေးရုံကားခေါ်ရမယ်"
သူ ဖုန်းကို ထုတ်ကာ ဆေးရုံကားခေါ်မယ်ပြင်တော့
ထိုလူ့လက်က ဖုန်းကို ပုတ်ချလိုက်ကာ
"ဆေးရုံသွားလို့မရဖူး"
ပြောပီး သတိ လစ်သွားပြန်သည်
"အာ့တာဆို ကျတော် ဘယ်ကို ဆက်သွယ်ပေးရမလဲ
ဟိတ်လူ ဖြေဦးလေ  ကျွတ်"
သူ အချိန်အတော်ကြာစဉ်းစားပီးတော့
"မဖြစ်သေးပါဖူး ဒီအတိုင်း ထားခဲ့ရင် ဒီလူ သေမှာဘဲ ကျွတ်"
သူ ထိုလူ့ခန္ဓာကိုယ်ကြီးကို မနိုင်မနင်း ပွေ့လိုက်ပီး သူ့ အခန်းထဲ ခေါ်လာလိုက်ကာ အိပ်ယာမှာ တင်ထားလိုက်သည်
"ဟူး လေးလို့ သေတော့မယ် "
သူ ခဏလောက် အမောဖြေလိုက်ပီးမှပင် ထိုလူ့ကို ကြည့်လိုက်တော့ သတိလစ်နေတုန်းပင်
"ဒီလူကို ရင်းနီးနေသလိုဘဲ..... ကျွတ် ဒါ ငါမနက်က ခါးပိုက်နှိုက်ခဲ့တဲ့လူဘဲ "
သူ ဘာလုပ်ရမှန်းမသိဖြစ်ကာ ဒီအတိုင်းကြီး ရပ်နေမိကာ
"မဖြစ်သေးပါဖူး နောင်ခါလာ နောင်ခါ ဈေး ဘဲ  သေသွားမှ အမှု့ပတ်နေဦးမယ် "
သူမြန်မြန် ဆေးသေတ္တာကို ထုတ်ကာ ထို လူ့ဒဏ်ရာကို ကြည့်လိုက်တော့ ဝမ်းဗိုက်ကို ဓါးထိုးခံထားရတာဘဲ
ကြည့်ရတာ အလစ်ဝင်ထိုးတာ ဖြစ်လိမ့်မယ် တော်သေးတယ် သေနိုင်တဲ့ နေရာမဟုတ်လို့
ဒီလူ ဘာလုပ်တာမို့လို့များ ဓားထိုးခံရပါလိမ့်
"ကျွတ် zero မင်း လူအရင်ကယ်ပါ ဒါနဲ့ သေတော့မယ် ပီးမှ မေးလည်းရတာဘဲကို" သူ့ဟာသူ ပြောလိုက်ပီး မြန်မြန် ထိုလူ အင်္ကျီကို ချွတ်လိုက်တော့
"wow မိုက်လိုက်တဲ့ ဘော်ဒီ"
ထိုလူ့ ဘော်ဒီကို တစ်ချက်ကြည့်လိုက်ပီး သူ့ကိုယ်သူပင် အားငယ်လာသလို ခံစားရသည်
သူခေါင်းကို ခါထုတ်လိုက်ပီး ဒဏ်ရာကို ဆေးပေးတော့ထိုလူက လူးလွန့်လာတော့
"ကျွတ် ကျွတ် ကျွတ် ကျွတ် မနာတော့ဖူးနော် မနာတော့ဖူး" ဆိုမှ ငြိမ်ကျသွားလေသည်
*ဟင် ငါက ဘာလို့ ကလေးချော့သလို ချော့နေရတာတုန်း*
သူ ဆေးသေတ္တာထဲက အပ်ကို ယူကာ ဒဏ်ရာကို ချုပ်လိုက်ပီး ဆေးထည့်ကာ ပတ်တီး စည်းပေးလိုက်သည်
တော်သေးတယ် one က ဒဏ်ရာမကြာခဏ ရလာတတ်တော့ သူ ဘဲ အမြဲဆေးထည့်ပေးရတာကြောင့် ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်နေတာကြောင့်သာ တော်သေးသည်
ဒဏ်ရာကို အကုန်လုပ်ပီးတော့ သူတော်တော်ချွေးပြန်နေလေပီ
ပင်ပန်းလွန်းတာကြောင့် သူ့မျက်လုံးတွေ စင်းလာကာ သူစားပွဲပေါ်မှာဘဲ မှောက်ရက်လေး အိပ်ပျော်သွားတော့သည်
~~~~~
ရိုင်ယန် မျက်လုံးတွေ ပွင့်လာတော့ သူမရင်းနှီးတဲ့ နေရာ တစ်ခုကို ရောက်နေတာကြောင့် လန့်ကာ လှုပ်ရှားရန်ပြင်လိုက်တော့
"အ"  သူ့ဗိုက်က စူးခနဲ့ နာကျင်မှု့ကြောင့် ဗိုက်ကို ဖိထားရင်း ဘေးကိုကြည့်မိတော့
သူ့ဘေးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကောင်လေး
သူ့လက်တွေ တုန်ယင်လာကာ မျက်နှာလေးကို ထိမိတော့
လူးလွန့်သွားသော မျက်နှာလေး
သူ့မျက်ဝန်းက မျက်ရည်တွေ စီးကျလာပေမယ့် သူမသုတ်မိ
ထိုအချိန် လူးလွန့်ကာ မျက်စိပွင့်လာသော ကောင်လေး
သူ့ကို စိုက်ကြည့်နေပီးမှ
"အားးးးးးး  "  အော်ကာ ကုတင်ပေါ်က ပြုတ်ကျသွားသော သူ
"bae" သူစိုးရိမ်တကြီး ခေါ်ကာ ထထူရန်ပြင်တော့
"အား "သူဗိုက်က နာကျင်မှု့ကြောင့် အော်လိုက်မိသည်
"ဟင် ခင်ဗျား ဒဏ်ရာရှိတယ်လေ ဘာလို့ ထတာလဲ"
"bae " သူ့ကိုခေါ်ကာ ရီဝေဝေနဲ့ ကြည့်နေသော သူကြောင့် zero နေရခက်လာကာ
"ခင်ဗျား လူမှားနေတယ်ထင်တယ် ခင်ဗျား ဘယ်သူနဲ့ မှားလဲမသိပေမယ့် ကျတော်က ခင်ဗျားရှာနေတဲ့ သူမဟုတ်ဖူး"
"လူမှားတယ်??" ရိုင်ယန် သူ့ရှေ့က သူကို ကြည့်လိုက်တော့ လိမ်ပြောနေတဲ့ ဟန်မပေါက်
"ဒါဆို မင်းက ဘယ်သူလဲ"
"ကျတော်က zero "
"zero??? မင်း ဒီမှာ မင်းတစ်ယောက်ထဲနေတာလား"
"မဟုတ်ဖူး ကျတော် သူငယ်ချင်းတစ်ယောက်နဲ့ နေတာ "
"ငါ့ကို ကယ်ခဲ့လို့ ကျေးဇူးတင်ပါတယ် မင်းအကြောင်း ငါ သိလို့ရမလား မင်းက ငါသိတဲ့တစ်ယောက်နဲ့အရမ်း တူနေတယ် မင်း ဒီမှာအရင်ကတည်းကနေတာလား"
"ဟင့်အင်း ကျတော် သိတာ ကျတော် လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ဒီမှာနေတာ"
"အရင်ကကော "
"ကျတော်...... ကျတော် မသိဖူး ကျတော် အရင်ကအကြောင်းတွေကို "
*သူက တစ်ကယ် အာဒန်ဘဲ*
"ငါ ဒီမှာ ခဏလောက် နေလို့ရမလား ငါ ဒဏ်ရာရထားတော့ အပြင်မှာဆို ငါ့အတွက် မလုံခြုံလို့"
"အင်း ရပါတယ် ခင်ဗျား ဒဏ်ရာသက်သာမှ သွားပေါ့"
"ကျေးဇူးတင်ပါတယ်"ပြောပီး သူ့ကို ရီဝေစွာကြည့်နေသော သူကို သူပြန်ကြည့်နေမိသည်
*သူ ဘာဖြစ်နေတာလဲ သူစိမ်းတစ်ယောက်ကို ဘာလို့ ရင်းနှီးသလိုခံစားနေရတာလဲ *
သူ one ကိုတောင် ဘယ်တုန်းကမှ ဒီလို ရင်းရင်းနီးနီး မခံစားခဲ့ဖူး
သူ့အကြောင်းတွေကိုရော ဘာလို့ သူဒီလူ့ကို ပြောပြချင်နေရတာလဲ
ဒါ ထူးဆန်းလွန်းတယ်
"ကျတော်အပြင်ခဏသွားမယ် ခင်ဗျား မှာချင်တာရှိလား"
"ဟင့်အင်း မရှိဖူး မင်း အန္တာရာယ်ကင်းဖို့ဘဲ မှာချင်တယ်
ငါစောင့်နေမယ် မင်းပြန်လာတဲ့ထိ"
zero မျက်ခုံးပင့်သွားကာ
"အိုကေ ခင်ဗျား နားလိုက်ဦး"
ပြောပီး ထွက်လာခဲ့ပေမယ့် သူ့စိတ်တွေက ထိုလူဆီမှာသာ
one က သူတို့ဆီကို တစ်စိမ်းတစ်ယောက်ခေါ်ထားတာ ကြိုက်မှာမဟုတ်ဖူးဆိုတာ သိနေတာတောင် သူဘာလို့ ဒီလူကို ခေါ်ထားချင်နေတာလဲ
သူ့ကို ကြည့်နေတဲ့ ထိုလူ့ မျက်ဝန်းတွေက ဝမ်းနည်းမှု့တွေ ပါနေတယ်လို့ကော သူက ဘာလို့ခံစားနေရတာလဲ
"ကျွတ် မသိဖူးကွာ စိတ်ရှုပ်တယ်"
~~~~~~~

MY CHEMICAL ROMANCE (Z+U)Where stories live. Discover now