i will protect you !

9.4K 696 3
                                    

"ကိုကို မပီးသေးဖူးလား"လှန်းအော်ရုံသာမက
ရေချိုးပီး အင်္ကျီဝတ်နေသော ရိုင်ယန့် နားလူပါရောက်လာကာ အင်္ကျီ ကြယ်သီးတွေ တပ်ကူနေသေးသည်
"ဘာလို့ လောနေတာလဲကွာ"
"ကိုကို ပြောတယ်လေ ဒီနေ့  ကျတော့်ရဲ့ ဆိုင်ကို ခေါ်သွားပေးမယ်ဆို "
"ကျစ် ဘေ က ဒီလောက် တက်ကြွနေတော့ မခေါ်သွားချင်တော့ဖူးကွာ"
"ဟာ အာ့လို မယုတ်မာနဲ့နော် ကိုကို မနေ့က ကတိပေးထားတယ်လေ "
"ဘေ အရမ်းသွားချင်တာလား ?? "
"အွန်း ကျတော် အရင်က ဘယ်လို နေထိုင်ခဲ့တယ်ဆိုတာ သိချင်တယ် အဲ့ကို သွားရင်းနဲ့ ကျတော့်မှတ်ညဏ်တွေလဲ သတိရလာနိုင်တယ်လေ"
ရိုင်ယန် အာဒန့်ကို ကြည့်လိုက်တော့ အင်္ကျီ အမဲကို ကြယ်သီး နှလုံး ဖြုတ်ထားကာ အောက်က ဒူးဗြဲနဲ့
all black ဝင်းစိုနေသော အသားအရည်နဲ့ ဟပ်နေကာ တော်တော်ကြည့်ကောင်းနေသည်
ခြေဆုံးခေါင်းဆုံး တစ်ချက် ကြည့်လိုက်ပီးမှ
"အွနိး ကိုကို့ ကို လာဘ်ထိုးလေ ကျေနပ်ရင်
ဘေ့ ကို ခေါ်သွားပေးမယ်"
အာဒန့် နှုတ်ခမ်းရှေ့ထော်လာပီး  မျက်မှောင်ကျုတ်လိုက်ကာ မျက်လုံးလန်ပီး ရိုင်ယန့်ကို မကျေမနပ်နဲ့ ကြည့်လိုက်သည်
ပီးတော့မှ ရိုင်ယန့် နှုတ်ခမ်းကို တစ်ချက် နမ်းလိုက်ကာ
"ရပီလား"
"ဟင် ဒီလောက်နဲ့ လာဘ်ထိုးလို့ ရမလား မရပါဖူး "
"ဂါးးးး"
အာဒန် တစ်ချက် အော်လိုက်ပီး ရိုင်ယန် လည်ပင်းကို သိုင်းကာ နမ်းတော့  ရိုင်ယန် အာဒန့်ခါးကို တင်းနေအောင် ဖတ်ထားပီး မလွှတ်တော့ နက်နက်ရှိုင်းရှိုင်း နမ်းနေပီး
လည်ပင်းတွေကို စုပ်ယူလိုက်ပီးမှ လွှတ်ပေးလေသည်
"အာ hickey တွေ ထင်ကုန်ပီ ကိုကို
ကိုကို တမင် လုပ်တာမလား "
အာဒန်စိတ်ပေါက်ပေါက်နဲ့ ရပ်ကြည့်နေတော့
ရိုင်ယန်က ခပ်တည်တည်ပင်
"သွားမယ်လေ  မသွားဖူးလား"
သူမဟုတ်တဲ့စတိုင်နဲ့ ပြောပီး ထွက်သွားလေသည်
ဆိုင်ကို ထွက်လာတဲ့ တစ်လျှောက်လုံး အာဒန် က နှုတ်ခမ်းဆူကာ ပါလာလေသည်
ဟုတ်တယ်လေ သူများ စိတ်ကြည်ကြည်လေးနဲ့ ပုံစံကျကျလေးသွားပါမယ်ဆို
အခုတော့ လည်ပင်းက အမှတ်ကြောင့် ကြယ်သီးတွေ အကုန်တပ်လိုက်ရပီ
ဟွန်း မကျေနပ်ဖူး လုံးဝကို မကျေနပ်ဖူး
"bae စိတ်ဆိုးနေတာလား ကိုကိုက ချစ်လို့စတာပါကွာ စိတ်မဆိုးနဲ့တော့နော် နော် လို့
ဒီလိုလုပ်ကွာ ဘေ မကျေနပ်ရင် ကို့ကို ကို ပြန်လုပ်လေ
ကျေသွားတာပေါ့"
အာဒန် ရိုင်ယန့်ဘက် လှည့်လိုက်ပီး မျက်လုံး ကို မှေးကာ
"ကားရပ်ပေး"
"ဟင်ဒီမှာလား ရောက်တော့မှာဘဲ ရုံးခန်းထဲသွားမယ်လေ"
"မရဖူး ဒီမှာဘဲ ရပ်ပေး " ဆူပုတ်ကာဖြင့် ပြောဆိုနေသော
ဘေးက ကောင်လေးကြောင့် တစ်ချက်ပြုံးလိုက်ပီး
ရိုင်ယန် ကား ကို ဘေး ချရပ်လိုက်သည်
ကားရပ်ရပ်ချင်းပင် အာဒန်က ခါးပတ်ဖြုတ်ပီး သူလည်ပင်းကို ကိုက်လေသည်
"အာ့ ကြည့်စမ်း ကိုကို က ကိုကို့ ယောကျာ်းကို လူလေးထင်နေတာ ခွေးလေး ဖြစ်နေပါလား"
လည်ပင်းကသွေးစို့နေသော သွားရာကို လက်နဲ့ ပွတ်လိုက်ပီး ပြောလိုက်တော့
"ကြယ်သီးတတ်ထားလေ လူများတွေ မမြင်စေချင်ရင်"
"ရပါတယ် ဒီအတိုင်းဘဲထားလိုက်မယ်"
"အန် မရဖူး တပ်ထား သူများတွေ မြင်ကုန်ရင် ကျတော်က ဆိုးတယ် ပြောမှာပေါ့ တပ်ထား တပ်ထား"
အာဒန် ဘယ်လောက်ပြောပြော ရိုင်ယန်က မကြားချင်ယောင် ဆောင်ကာ ကားကို မောင်းထွက်လာလေသည်
ဆိုင်ရောက်တဲ့ထိ လိုက်ပြောပေမယ့် ရိုင်ယန်က မကြားချင်ယောင်ဆောင်နေပီး ရှေ့ကလျှောက်နေတော့ အာဒန် ဇွတ်လိုက်ကာ ကြယ်သီး လိုက်တပ်ပေးနေပေမယ့် အရပ်က ကွာနေတော့ သေချာတပ်လို့မရ
ဒီကြားထဲ ရိုင်ယန်ကဘရှောင်နေတော့ ဘယ်လိုမှ တပ်လို့မရ
.သူတို့နှစ်ယောက်ရဲ့ အပြင်မှာ ဖြစ်ပျက်နေသော ပုံစံကို ဆိုင်ထဲက လူတွေက အကုန်မြင်နေရတာကို အာဒန်က မသိ။
အထဲက သူတို့ကို ပြူးကြည့်နေသော သူတွေကို မြင်မှ ချက်ချင်း ရပ်လိုက်ကာ တစ်ယောက်တည်း အထဲကို ခပ်တည်တည် ဝင်လာလိုက်သည်
ဆိုင်ထဲလည်း ရောက်ရော အနောက်က ရောက်လာတဲ့ ရိုင်ယန်က အာဒန့်လက်ကို လှမ်းဆွဲလိုက်ပီး လက်ဖဝါးချင်း ချိတ်ကာ အရှေ့က သွားတော့ အာဒန်လက်ကို အတင်း ရုန်းနေပေမယ့် မရ
အားလုံးကလည်း ဝိုင်းကြည့်နေသောကြောင့် အာဒန့်မျက်နှာက ပန်းသီးတစ်လုံးလို ဖြစ်နေလေပီ
ရိုင်ယန်က ရုံးခန်းထဲထိ ဝင်သွားပီးမှ လွှတ်ပေးလိုက်လေသည်
အာဒန် တစ်ခုခု ပြောဖို့ ပြင်လိုက်စဉ်
"boss boss ပြန်လာပီ နောက်ဆုံးတော့ ပြန်လာပီပေါ့
😭"
ကောင်းထက် က အော်ရင်းပြေးလာကာ ဖက်ရန်ပြင်လိုက်တော့
ရိုင်ယန်က ရှေ့က ပိတ်ရပ်လိုက်လေသည်
ထိုအခါမှ ကောင်းထက် လည်း
"ဟီး ကျတော် ဝမ်းသာသွားလို့ "
ဆိုကာ အာဒနိ့ဆီ တွန့်ဆုတ် တွန့်ဆုတ်နဲ့ တိုးသွားလေကာ
"boss ဘန်ကောက်မှာ accident ဖြစ်လို့ဆို အခုအဆင်ပြေရဲ့လား ကျတော်တို့ boss သေပီလို့ကြားတုန်းက ဘယ်လောက်တောင် ငိုခဲ့ရတုန်း ကျတော်ဆို အပတ်တိုင်း boss အတွက် ကုသိုလ်တွေ သွားလုပ်ခဲ့ပေးရတာ အခုလို boss အကောင်းအတိုင်း ပြန်ရောက်လာတော့ ကျတော် အရမ်းဝမ်းသာတာဘဲ 😭😭"
ပြောလည်းပြော ငိုလည်း ငိုနေသော ရှေ့က လူကြောင့် အာဒန် ဘာပြောရမှန်းမသိဖြစ်ကာ ရိုင်ယန့်ကို ကြည့်လိုက်တော့ သူ့ကို မမြင်ချင်ယောင်ဆောင်နေလေသည်
"အွန်း ကျတော့်အတွက် အခုလို လုပ်ပေးခဲ့တာတွေ ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျတော်မေးလို့ရမလား ခင်ဗျားက ဘယ်သူလဲ"
"ဟင် boss ကျတော့်ကိုမသိတော့ဖူးလား"
"အင်း ကျတော် ခေါင်းကို ထိထားလို့ အတိတ်ကို သတိမရတော့ဖူး ဒါပေမယ့် အခု နည်းနည်းချင်းတော့ သတိရနေပါတယ် ကျတော်တို့အကြောင်းတွေ ကျတော့်ကို ပြောပြပါလား ကျတော်လည်း နားထောင်ရင်း မှတ်မိလာနိုင်တယ်လေ"
"အင်း ကျတော်ပြောပြမယ် "
"ဘေ အာ့တာဆို ကိုကို ဟော်တယ် ခဏသွားမယ် ညနေ ဘေ့ကို ဝင်ခေါ်မယ်"
"ဟုတ် သတိထားသွားနော်"
ရိုင်ယန်ခေါင်းညိတ်ပြလိုက်ပီး အာဒန့် နဖူးကို နမ်းကာ ထွက်လာလိုက်သည်
အာဒန် အခြားလူရှေ့မှည အနမ်းခံလိုက်ရတာကြောင့် ရှက်သွားပေမယ့် သူ့ရှေ့က လူကတော့ ကြက်ကြီ လည်လိမ်သလို ဖြစ်နေတာ မြင်တော့ ပြုံးလိုက်မိသည်
အာဒန် ရောက်ပီး မကြာခင် အိမြတ်တို့လည်းဆိုင်ရောက်လာကာ အကုန် ဆိုင်မှာ အဖွဲ့ကြသွားတော့ အချိန်တွေ ဘယ်လိုကုန်မှန်းပင် မသိတော့
ရိုင်ယန် ဖုန်းဆက်မှ အိမ်ပြန်ချိန်ရောက်တော့မယ်ဆိုတာ သတိရကြသည်
"ဟယ်လို ဘေ ကိုကို နောက် နာရီဝက်လောက်ဆို ရောက်မယ်နော်"
"ဟုတ်"
ထိုအခါမှ အားလူံးလည်း အလျှိုလျှို ထွက်သွားကြပီး သူနဲ့ ကောင်းထက်ရယ် ဆိုင်က လူတွေရယ်သာ ကျန်ခဲ့တော့သည်
ထိုအချိန်
"hi Adam မတွေ့ရတာကြာပီ"
"ဟုတ်ကဲ့ဗျ ဘယ်သူလဲမသိဖူး"
အာဒန် သူ့ရှေ့က လူကို ကြည့်လိုက်တော့ သူ မသိသောကြောင့်မေးလိုက်သည်
"မင်း အတိတ်မေ့နေတယ်ဆိုတာ တစ်ကယ်ဘဲကိုးးး
ဟား အာ့ကျတော့ ငါက ငါ့ကိုယ်ငါ ပြန်မိတ်ဆက်တာပေါ့ထပ်ပီး တွေ့ရတာ ဝမ်းသာတယ် အာဒန်
ငါက ဒေးဗစ်ပါ"
အာဒန် မတုန့်ပြန်မိ သူ့ရှေ့က လူကိုသာ စိုက်ကြည့်နေမိသည်
သူ ဘာလို့ ဒီလူနဲ့ ပတ်သတ်ပီး မကောင်းတဲ့ ခံစားချက်တွေ ခံစားနေရတာလဲ
သူ အရင်ကကော ဒီလူနဲ့ ဘယ်လို ပတ်သတ်ခဲ့ဖူးတာလဲ
"ကျတော်တို့ အရင်က ရင်းနီးလား"
"မပြောတတ်ဖူးလေ ဒါပေမယ့် ငါတို့ ခဏခဏ ဆုံဖူးတာဘဲ ပီးတော့ ငါက ရိုင်ယန့်ရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ဘဲ"
"ကိုကို နဲ့ သိတယ်လား"
"ဟက် မင်းသိတာထက် ငါ ရိုင်ယန့်အကြောင်းကို ပိုသိတယ် ငါ ပြောပြမယ်လေ မင်းရော် မကြားချင်ဖူးလား"
အာဒန် ကိုကို့အကြောင်းတွေ ပိုသိချင်ပေမယ့် သူ့အသိစိတ်က ဒီလူနဲ့ မပတ်သတ်ဖို့ သတိပေးနေသလို ခံစားနေရသည်
"ရပါတယ် ကျေးဇူးတင်ပေမယ့် ကျတော် နားမထောင်တော့ဖူးဗျ"
အာဒန် နာရီကို တစ်ချက်ကြည့်ပီး ပြောလိုက်တော့
"ကောင်းပီလေ
ဒါနဲ့ ရိုင်ယန် နဲ့တွေ့ရင် တစ်ခုလောက် သတင်းပါးပေးပါ
ငါက နှုတ်ဆက်တယ် လို့
သူ့ကြောင့် ငါ အရမ်းကို အဆင်ပြေနေတယ်ဆိုတဲ့အကြောင်းပြောလိုက်ပါ"
ပြောချင်တာပြောပီး ထွက်သွားသော ထိုလူ့ကျောပြင်ကို ကြည့်ကာ သူ့ခေါင်းတွေ ကိုက်လာတော့ သူ့ခေါင်းကို ဖိထားလိုက်မိသည်
"ဘေ ဘေ ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား ခေါင်းကိုက်လို့လား "
ရိုင်ယန့်အသံကို ကြားလိုက်မှ
"အင်း နည်းနည်း ကိုကို ခုဏက ကိုကို့ သူငယ်ချင်းတဲ့ အခုဘဲ ထွက်သွားတယ် မတွေ့ဖူးလား "
"ဘယ်သူလဲ"
"david တဲ့"
"ဘာ!!!!"
ထိုနာမည် ကြားပီး ပြောင်းလဲသွားသော ရိုင်ယန့်မျက်နှာကြောင့် အာဒန် ဘာမှ မပြောတော့ဘဲ ငြိမ်နေလိုက်သည်
"သူ ဘေ့ကို ဘာတွေပြောသွားတာလဲ"
"ကိုကို ကြောင့် သူအခူ နေရတာအဆင်ပြေတယ်တဲ့"
"ဘေ ကိုကို ပြောတာ သေချာနားထောင်
နောက်တစ်ခါ အဲ့လူကို တွေ့ရင် စကားမပြောပါနဲ့
ကိုကို့ဆီ ဖုန်းတန်းဆက်ပါ
သူက လူကောင်းမဟုတ်ဖူး ဒါကြောင့် ဘေကဘဲ ရှောင်ပါ
သူနဲ့ ဘယ်တော့မှ မတွေ့ပါဖူးလို့ ကိုကို့ ကို ကတိပေးပါ "
"အင်းးးး ကျတော်ကတိပေးတယ် "
"ကိုကိုလည်း ကတိပေးတယ် ဘေ ကို ကိုကို့အသက်နဲ့ရင်းပီး ကာကွယ်ပေးမယ် "
ပြောပီး သူ့ ကို ရင်ခွင်ထဲ ထည့်ကာ ဖက်ထားသော သူကို
အာဒန် ပြန်ဖက်ထားလိုက်သည်
ကိုကို ဘာလို့ ကြောက်နေတယ်လို့ ခံစားရတာလဲ
ဟိုလူက ဘယ်သူမို့လို့လဲ??

MY CHEMICAL ROMANCE (Z+U)Where stories live. Discover now