i will still be waiting !

9.3K 764 14
                                    

"ဝုန်း"
ဘယ်ကမှန်းမသိရောက်လာပီး သူ့ကိုဆွဲခေါ်လာကာ အခန်းတစ်ခန်းထဲ ပစ်ထည့်ပီး ထွက်သွားသော လူတွေကြောင့် one တုန်လှုပ်နေမိသည်
သူ ဘာလုပ်ရမလဲ
သူ့ကို သတ်ပစ်ကြတော့မှာလား
သူ ထွက်ပြေးရမယ်
တွေးမိသည်နဲ့ ထွက်ပြေးရန် အပေါက်နားကပ် လိုက်စဉ်
ရုတ်တရတ် တံခါး ပွင့်လာပီး လူတစ်ယောက် ဝင်လာလေသည်
"ထွက်ပြေးမလို့လား ငါထင်တယ် မင်းထွက်ပြေးလည်း လွတ်မှာ မဟုတ်ဖူး"
"ခင်ဗျား ဘယ်သူလဲ"
"ငါ ? ငါက ဘယ်သူမဆို ဖြစ်နိုင်တာဘဲ ဒါက မင်းအပေါ်မူတည်တယ်"
"ခင်ဗျား ဘာလိုချင်တာလဲ"
ဝမ်း မေးလိုက်တော့ သူ့ကို စိုက်ကြည့်လာတဲ့ မျက်ဝန်းတစ်စုံကြောင့် ကြက်သီးဖြန်းခနဲထ လာသည်
ဒီလူ့မျက်ဝန်းတွေထဲမှာ လူသတ်တော့မယ့်အရိပ်အရောင်တွေ တွေ့နေရသည်
"ငါ မင်း zero နဲ့ ဘယ်လိုဆုံခဲ့လဲ သိချင်တယ် "
"zero? ခင်ဗျား သူ့ကို ဘယ်လိုသိတာလဲ ကျတော် မပြောနိုင်ဖူး"
"ငါ က သူ့ယောကျာ်းဘဲ "
"ဘာ မဖြစ်နိုင်တာ သူက gay မှ မဟုတ်တာ "
"ငါ မင်းကို ရှင်းပြနေတာမဟုတ်ဖူးး သူဘာလို့ ဘိန်းတွေ သုံးနေတာလဲ ငါ့ကိုပြော မင်းငါ့ကို တစ်ခါညာပြောရင် မင်းရဲ့ လက်တစ်ဖက်ကို ချိုးမယ်"
ဝမ်း သူ့ရှေ့က လူကို ကြည့်လိုက်တော့ နောက်နေတဲ့ပုံမရှိ
" ကျတော် သူနဲ့ စတွေ့တော့ သူ့ခေါင်းမှာပတ်တီးတွေနဲ့ သူ့ကိုကြည့်ရတာ ဆေးရုံကထွက်ပြေးလာပုံရှိတယ် ကျတော်နဲ့ တွေ့တော့ သူ့နောက်ကို လူတွေ လိုက်နေတာ
ဒါကြောင့် ကျတော်သူ့ကို ကျတော်နဲ့ အတူ ဘန်ကောက်ကိုခေါ်လာခဲ့တော့ သူညဆို အမြဲ အိမ်မက်ဆိုးတွေမက်ပီး အော်အော်နေတာ ကျတော် သူ့ကို ဆေးပေးလိုက်မှ ငြိမ်ငြိမ်သွားတာ ဒါကြောင့် ကျတော် သူ့ကို ဆေးတွေ ပေးခဲ့တာ"
ရိုင်ယန် သူ့ရှေ့က ကောင် ပြောသော စကားတွေကို နားထောင်ပီး ဒေါသထွက်လာကာ လည်ဂုတ်ကို စုပ်ကိုင်လိုက်ပီး "မင်း ရူးနေလား မင်းပေးခဲ့တာ ဘိန်းတွေ ဘိန်းတွေကွ "
"ကျတော်သိတယ် ဒါကြောင့် သူဆေးမပျက်သွားအောင် ကျတော် အမြဲ ရှာပေးနေတယ်လေ"
"တောက် ခွပ် ခွပ်"
"boss boss တော်ပါတော့ boss မှာ ဒဏ်ရာကြီးနဲ့လေ အရမ်းမလှုပ်ရှားပါနဲ့ ကျတော်တို့ လုပ်ပါ့မယ်"
ရိုင်ယန်က ဝမ်းကို အဆက်မပျက်ထိုးနေတော့ mike တို့အပြင်က ဝင်လာကာ ဝင်ဆွဲရသည်
"တောက် ဒီကောင် ကို ငါ့မျက်စိအောက်က ခေါ်သွားစမ်း"
mike သူ့လက်အောက်က လူတွေကို မျက်ရိပ်ပြပီး ခေါ်သွားခိုင်းလိုက်သည်
"boss အနာ ပြန်ပွင့်သွားပီ ကျတော်တို့ ဆေးထည့်ပေးပါ့မယ်"
"မလိုဖူး အာဒန့်ဆီ သွားမယ်"
ရိုင်ယန် ထွက်သွားတော့
mike မျက်နှာ မကောင်းစွာ ကျန်ခဲ့ရသည်
သူဌေး အကိုလေးကို ပြန်တွေ့လို့ သူတို့လည်း ဝမ်းသာပေမယ့် အခုလိုတွေ ကြုံရမယ်လို့ လုံးဝထင်မထားခဲ့
အခုလည်း ဗိုက်က ဒဏ်ရာက ပြန်ပွင့်ကာ သွေးတွေ စိုနေပေမယ့် သူနာကျင်နေတာတောင် သူမသိ
သူ့စိတ်တွေက အကိုလေးအတွက်သာ

MY CHEMICAL ROMANCE (Z+U)Where stories live. Discover now