Part II

59 4 1
                                    

24hr မှာ 3M လောက်ထိ မှန်းပေမယ့် မရလိုက်
2.8M ထိပဲ ပြည့်သည်...

YouTube က freeze လို့ဟုဆိုကာ သူတို့အဖွဲ့ YouTube ကို မေတ္တာ ပို့ မဆုံးတော့

Showcase ပြီးလို့ ပြန်မယ် လုပ်ကြတော့ ခြေထောက်တွေလည်း တော်တော်ကို ညောင်းနေပြီ

Yoona - ဟဲ့ နင်တို့ ငါ့ကို အပြင်မှာ စောင့်ချင်စောင့်ပါလား ငါ toilet သွားချင်လို့

All - အေး အေး

အပေါ့က သွားချင်တာ ကိစ္စ က ထိပ်ဝရောက်နေပြီ

ခက်တာက toilet ဘယ်နားမှန်းမသိ

ဟိုသွား ဒီသွားနဲ့ ရှာကြည့်ရမှာပေါ့

ကော်ရစ်ဒါ အဆုံးထိ လျှောက်သွားလိုက်တော့ toilet sign လေးတွေ့ပြီး ပျော်သွားသည်

Staff only လို့တော့ ရေးထားတာပဲ... မတတ်နိုင်ဘူး

တခြားဘယ်မှလည်း မသွားတတ်တော့တဲ့ တူတူ အဲ့ထဲပဲ ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီး အမြန်ဆုံးနည်းနဲ့ ပြေးဝင်သွားလိုက်သည်

အရေးထဲ female toilet ဘယ်က maintainance လုပ်နေတယ်ဆိုတဲ့ ဆိုင်းဘုတ်ကြီး တပ်ပြီး ပိတ်ထားတာ

ဒုက္ခပဲ... မထူးဇာတ်ခင်းပြီး male toilet ထဲကို နည်းနည်း ကဲကြည့်လိုက်တော့ အထဲမှာ ဘယ်သူမှ ရှိပုံမရ

အဟမ်းးးး ငါဟဲ့ မိန်းမဘသား အချစ်နဲ့ ရှူးပေါက်တာက အောင့်ထားလို့မရဘူးတဲ့

Male toilet ထဲ ကို လှစ်ခနဲ ပြေးဝင် အိမ်သာထဲအမြန်ဝင်ပြီး lock ချ

မဆီမဆိုင် အဝန်းမျက်နှာတောင်ပြေးမြင်တယ် တကယ်

"အွန်းပါ Hyung ရဲ့ Chani မွေးနေ့ကလည်း နီးနေပြီဆိုတော့ first win ရရင် သူ့အတွက်လည်း မွေးနေ့လက်ဆောင် ဖြစ်တာပေါ့"

ငှယ်... ငါ ရူးများနေပြီလား... အဝန်းမျက်နှာ မြင်ယောင်ယုံတင်မဟုတ်ဘူး သူ့အသံကြီးပါ အနီးကပ်ကြီး ကြားနေရသလို ခံစားနေရ

"First win မှာက ဒီအတိုင်းဆို သေချာသလောက်ရှိပါတယ် ကျွန်တော်တို့ရဲ့ ဖန်ထာဂျီတွေလည်း အရမ်း ကြိုးစားပေးထားကြတာ... "

မဟုတ်သေးပါဘူး... အိမ်သာတံခါးကို ဖြေးဖြေးလေး အသံမထွက်အောင် ဖွင့်ပြီး တံခါးကို အသာလေးလှပ်ကြည့်

Switched Where stories live. Discover now