Part VI

43 4 0
                                    

"ဟဲ့ Yoona... ထ... ထ..."

ဘုန်း... ဘုန်း... ဘုန်း....

ငင်... ဘာလဲ ဥက္ကာခဲ ထပ်ကြွေတာလား... လူပြန်လဲဖို့လား

"ဟဲ့ Kim Yoona... ထ ဆိုနေ"

အော်လည်းအော် တဘုန်းဘုန်းနဲ့လည်း ထုပြီး နှိုးနေလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ Nayoon နဲ့ Mina

"Yoona... ထ လို့... ဒီနေ့ Seogyo Fansign သွားရမယ်လေ.. "

ဟင်... ဟုတ်သား... ငါဘာလို့ ဒီ Schedule ကို မေ့နေပါလိမ့်

ငေါက်ခနဲ ထထိုင်လိုက်မိတယ်

"ဟဲ့ ကောင်မရယ် ဖြေးဖြေး ထပါ... လန့်တာ..."

ငင်... ဒါမယ့် ငါက ခု Rowoon မှ မဟုတ်တာ... ဟိုကလေးမ Kim Yoona ရဲ့ ခန္ဓာကိုယ် ထဲမှာလေ

နာရီ ကြည့်လိုက်တော့ မနက် ၂ နာရီကြီး

စောင်ကို ပြန်ဆွဲယူပြီး အတင်း ပြန်အိပ်တော့ ၂ ယောက်သား သူ့ကို ခြေထောက်က ဝိုင်းဆွဲပြီး ကုတင်ပေါ်က ဆွဲချကြပါလေရော

နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကို ပြန်အားပေးဖို့ Light Stick တစ်ချောင်းနဲ့ Dongja Art Hall ရှေ့မှာ ငုတ်တုတ်

ဒီလောက် ချမ်းချမ်းစီးစီး ဝေလီဝေလင်းကြီး ဘာလာလုပ်ကြမှန်းလဲ မသိ... Fansign ကဖြင့် ည ၈ နာရီမှကို

သူတို့ အဖွဲ့တင်လားလို့... ဘေးနားလှည့်ပတ်ကြည့်လိုက်တော့လည်း Fantasy တွေ ဟိုတစ်စု ဒီတစ်စုနဲ့ Light Stick တွေ ကိုယ်စီ ကိုင်လို့

အရင်က Back stage မှာပဲ နေနေကျဆိုတော့ ဒီလို တွေ့ရတော့လည်း အမြင်တစ်မျိုးတော့ ဆန်းသား

လူက အရမ်း ပင်ပန်းပြီး နားချင်နေပြီ

မနေ့ကလည်း ဟို ကလေးမ ကိုယ်စား ကျောင်းသွားပြီး အတန်းထဲမှာ ၁၀ နာရီ နီးပါးလောက် ထိုင်လိုက်ရသေး

ဘေးကထိုင်တဲ့ Miyoung ဆိုတဲ့ ကောင်မလေးက Laptop နဲ့ တဂျောက်ဂျောက် ရေးနေလို့ Lecture များ လိုက် မှတ်နေသလား မှတ်တယ်

ငတိမက Fic ရေးနေတာဗျား....

Fic ကတော့ မပြောတော့ပါဘူး... သူက Chani ကို... ဟင်း ဟင်း

အဲ့လို fic တွေ ရှိမှန်းလည်း သိပါတယ်... ဖတ်လည်း ဖတ်ဖူးပါရဲ့

Switched जहाँ कहानियाँ रहती हैं। अभी खोजें