Part VIII (Final)

51 6 1
                                    

မျက်လုံးဖွင့်လိုက်တာနဲ့ သူ သတိထားမိတာက အကုန် နဂိုအခြေအနေကို ပြန်ရောက်နေတာပါပဲ

ညက တစ်ညလုံး နီးပါး ပန်ချီဆွဲထားခဲ့တော့ လက်တွေလည်း ညောင်းနေတာ

အိပ်ယာပေါ်က ဆင်းပြီး ကိုယ်လက် သန့်စင်လိုက်တယ်

သူ့ စားပွဲမှာ သူ ထိုင်မိတော့ သူ့ စားပွဲပေါ်မှာ ရှိနေကျ မဟုတ်တဲ့ အရာ တစ်ခုကို တွေ့လိုက်ပါတယ်

ကြယ် ရောင်စုံလေးတွေ ထည့်ထားတဲ့ ဖန်ဘူးလေး တစ်ဘူး

ဘူးလေးကို ကိုင်ကြည့်လိုက်တော့ ဘူးအောက်မှာ ဖိထားတဲ့ စာရွက်ခေါက်လေးကို တွေ့တယ်

စာကို ဖတ်မိပြီးတဲ့နောက်

သူ စားပွဲကနေ ဝုန်းခနဲ ထလိုက်ပြီး အင်္ကျီ အမြန် လဲပြီး အပြင်ကို အမြန်ဆုံး ပြေးထွက်သွားတယ်

သူ့ကို မြင်လိုက်တဲ့ Youngbin က လှမ်းအော်တယ်

"Rowoon ahh... ဘယ်သွားတာလဲ အလောတကြီး"

"Yoona ဆီကို...."

သူ ပြန်အော်ပြောခဲ့ပြီး ကားပေါ်တက် အမြန်ဆုံးနှုန်းနဲ့ မောင်းထွက်ခဲ့ပါတယ်

Youngbin က မယုံနိုင်သလို ပါးစပ် အဟောင်းသားနဲ့ ကျန်ခဲ့လေရဲ့......

###################################

မျက်နှာပေါ်ဖြာကျနေတဲ့ နေရောင်ခြည်နုနုကို ခံစားမိနေတယ်

Yoona မျက်လုံးဖွင့်ကြည့်လိုက်တော့ ကိုယ့်အခန်းထဲမှာပါပဲ

အခန်းထဲကို ဝေ့ကြည့်လိုက်တော့လည်း အကုန်လုံးက ပုံမှန်ပါပဲ

ကုတင်ပေါ်ကဆင်းလိုက်ပြီး ရေမိုးချိုး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ လျှောက်လာခဲ့တယ်

အို.....

ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်သွားတယ်

ကျမ Apartment နံရံတွေမှာ ကျမ ပုံတူ ခဲပန်းချီတွေပါလား

ပန်းချီတွေက ကျမ ငယ်စဉ်ကတည်းက ခုအရွယ်ထိကို ပုံစံ အစုံပါပဲ

စားပွဲပေါ်မှာလည်း ကျမရဲ့ ဓာတ်ပုံ album လေးတွေ့တယ်

ဟင်... ဒါဆို....

Switched Where stories live. Discover now