PART VII

34 2 1
                                    

"Rowoon ah....

ကျမတို့ နေရာမှန် လူမှန်ကို ပြန်ရောက်ကြရတော့မယ်

ဒီတလောအတွင်း အချိန်တွေက ကျမအတွက်တော့ အိမ်မက်လိုပါပဲ

တကယ်လည်း အိမ်မက် ဖြစ်နေနိုင်တာပဲလေ

ကျမ ဘဝမှာ တစ်ခါမှ အိမ်မက်တောင် မမက်ဖူးတဲ့ အဖြစ်တွေ ဖြစ်ရတယ်

ကျမ အရမ်း ချစ်ရတဲ့ လူတွေနဲ့ အနီးကပ် ၇ ရက်လောက် အချိန်ကုန်ခွင့်ရတဲ့အပြင်

ကျမ အချစ်ဆုံး ဖြစ်တဲ့ ရှင့်ရဲ့ ခန္ဓာကိုယ် ထဲမှာ ၇ ရက်တာ နေခွင့်ရတယ်

ဒါဟာ ကျမ အတွက်တော့ အကြီးမားဆုံး ဆုလာဘ် ပါပဲ

နှစ်တွေ အကြာကြီး အဝေးကပဲ ငေးကြည့်နေခဲ့ရတဲ့လူတွေနဲ့ တစ်မိုးအောက်တည်းမှာ ၇ ရက်တာ နေခွင့်ရတာပဲလေ

ကျမ အချစ်ဆုံး ရှင့်အခန်းထဲမှာ နေခွင့်ရတယ်

ရှင့်အသုံးအဆောင်တွေကို သုံးခွင့်ရတယ်

တစ်သက်လုံး အဝေးကပဲ ငေးကြည့်လာရတဲ့ ရှင့်မျက်နှာလေးကို အနီးကပ် ထိခွင့်ရတယ်

ရှင့်အငွေ့အသက်တွေ ရှိနေတဲ့ ရှင့်အခန်းလေးထဲ ၇ ရက်တာ ကုန်ဆုံးခွင့်ရတယ်

ဒါဟာ Accident တစ်ခု ဆိုပေမယ့် ကျမ အတွက်တော့ ဘုရားပေးတဲ့ဆုလာဘ်ပေါ့နော်

ကျမ ရှင့်ကို ချစ်ခဲ့ရတာ ကြာပါပြီ

ရှင်နဲ့ ပတ်သက်ရင် အရူးမလေးဖြစ်နေတဲ့ ကျမကို ဒီ အဖြစ်အပျက်က ပိုပြီး ရူးသွပ်စေပါတယ်

ရူးတယ်ဆိုရင်တောင် ရှင့်အတွက် ရူးရတဲ့ အချစ်ရူးမလေးအဖြစ် ကျမ ကျေကျေနပ်နပ် အဖြစ်ခံပါမယ်

ရှင်က ကျမရဲ့ Idol ပါ

ရှင့်ရဲ့ Fan တွေ အများကြီးထဲကမှ တစ်ယောက် ဖြစ်တဲ့ ကျမဟာ ရှင့်ဆီက notice ရဖို့ တော်တော် ခက်ခဲပါတယ်

ဒီလို ခက်ခဲတဲ့ အခွင့်အရေးကို ကျမ ကံထူးစွာ ရခဲ့တဲ့အတွက် သေမယ်ဆိုရင်တောင် သေပျော်ပါပြီ

ဖြစ်နိုင်ရင် ရှင့်ကို ဒီ နှစ်ပိုင်းတွေအတွင်း Dating မရှိစေချင်သေးဘူး

Switched Where stories live. Discover now