1. Fanboy ပါဝါ

9.7K 561 90
                                    

"ပတ်ဂျီမင်း !! ပတ်ဂျီမင်း!! ပတ်ဂျီမင်း!!
ထယ်ထယ်Hyung!! Namjoon Hyung!!!!
အမယ်လေး Suga Hyungရဲ့ Rap skillကသေလောက်တယ် "

"ဖြေးဖြေး အော်ပါဟ ဘေးအိမ်တွေလဲ အားနာဦး"

​ဘေးက ပွစိပွစိပြောနေသည့် အစ်ကိုဖြစ်သူစကားကို ဂျောင်ဂုမကြားနိုင်။ သူ့အာရုံအားလုံးက TV ဖန်သားမျက်နှာပြင်က သူချစ်ရသော IDOL BTSဆီမှာသာ။

"ဟာ ပေါ်ကုန်ပြီ ဂျီမင်းရှီ သတိထားပါဦး ငါ့ကလေး အင်္ကျီကဘာလို့ အရမ်းပေါ်နေရတာလဲ သူများတွေငမ်းတော့မှာပဲ"

"TVရှေ့ ဖင်ကုန်းအောင် အော်မနေနဲ့ မင်း ဟာက မကြားနိုင်ဘူး "

ထိုကဲ့သို့ အပြောတွေနဲ့ အသားကျပြီးသား ဂျောင်ဂုကတော့ မျက်နှာပြောင်ပြောင်နဲ့ ဆက်အော်စဲ။

ဘေးက အစ်ကိုဂျင်ကတော့ သူ့ကို လက်ရောခြေပါမြှောက်တယ်ဟူသည့် အကြည့်နှင့်ကြည့်နေသည်။

ဟုတ်ပါသည်။ ကျွန်တော် ဂျောင်ကုကီးလေးဟာ ထိုကဲ့သို့သော မနာလိုအူတို ဘေးစကားများအား နားယောင်တက်သူမဟုတ်။ ကြိုးစားပါက မိမိbiasသည် မိမိခင်ပွန်းဖြစ်နိုင်သည်ဟု ယူဆထားသူဖြစ်ပါ၏။

ကျွန်တော်က အခုမှ အထက်တန်းတက်ရောက်နေသောကျောင်းသားအရွယ်သာရှိသေးသည်။ဘာမှဖြစ်ဖြစ်မြောက်မြောက် မရှိသေး။
ကျွန်တော့်IDOLများကတော့ ကမ္ဘာကျော်အောင် အောင်မြင်နေသည့် ငယ်ရွယ်သည့် IDOLများ။ တစ်ခါတစ်လေတော့လဲ အားငယ်မိတာပေါ့။ဒါပေမယ့် ဘာအရေးလဲ ကြိုးစားရင် သူတို့နဲ့နီးစပ်ခွင့်ရနိုင်တာပဲဟာ။

TVက Musicအစီအစဥ်ပြီးတော့ အပေါ်ထပ်က ကိုယ့်အခန်းကိုယ်အပြေးအလွှားပြန်လာခဲ့သည်။ အရေးကြီးလုပ်စရာ ရှိသည်မဟုတ်ပါလား။
အခန်းတံခါးကို ဘယ်သူမှ မနှောက်ယှက်နိုင်အောင် လော့ခ်လေးချ။TVကြည့်တုန်း အစ်ကိုမသိအောင်ယူလာသည့် အစ်ကိုဂျင် ဖုန်းကို အိတ်ကပ်ထဲကထုတ်။နောက် ရှိသမျှ ဖုန်း ၊laptopတွေဖွင့်ပြီး MV streamဖို့ တာဆူတော့သည်။

ဟုတ်တယ် ။ဒီတစ်ခေါက် Viewerတက်ဖို့အရေး
ဂျွန်ဂျောင်ဂုအရေးပဲ။ Viewerတက်ရင် ဂျီမင်းရှီလေးပျော်နေတော့မှာပဲ။

My Crush is an IDOLWhere stories live. Discover now