4. U n e x p e c t e d M e e t i n g

2.6K 360 35
                                    

၈နာရီလောက်မှ အိမ်ပြန်လာသော သူ့အား အစ်ကိုဂျင်က တံခါးမှစောင့်၍ သုံးလေးချက်ဆင့်ထုသည်။ နောက်မှ မျက်နှာမကောင်းသည့် သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားဟန်ရှိ၏ ၊ မုန့်ဖိုးပေးမယ်ဆိုပြီး ခါးကြားထဲက ပိုက်ဆံအိတ်ထုတ်ပြီး မုန့်ဖိုးပေးလေသည် ။

အော် နှိုက်နေကျ အိတ်လေးတောင် နေရာပြောင်းသွားမှကို။

" ဟင်း " ကိုယ့်အတွေးနဲ့ ကိုယ်သက်ပြင်းချလိုက်သော သူ့ကို တစ်မျိုးထင်သွားသည့် အစ်ကိုဂျင်က မုန့်ဖိုးထပ်တိုးပေး၏။

" ဒီလေါက်ပဲ ထပ်ပေးနိုင်မယ် ၊ လာ ညစာ စားကြမယ်။"

ထမင်းဝိုင်းထဲ ဟင်းအမယ်ကအတန်ငယ်စုံလှသည်။ သို့သော် နွေးမနေ အကုန်အေးစက်နေ၏။

" မင်းပြန်လာတာ စောင့်ရင်း အကုန်အေးကုန်ပြီ ၊ ပြန်နွေးပေးရမလား ။ "

အစ်ကို့အပြောကြောင့် သူ့ရင်ထဲလှိုက်ကနဲ ။ ညစာကို သူနဲ့သာအမြဲအတူ စားတက်သည့်အစ်ကိုက အခုသူ့ကိုဘယ်လောက်စောင့်ခဲ့ရမလဲ ။ သူကတော့ လမ်းမှာ ပေါင်မုန့်ထုပ်အနည်းငယ်နှင့်ဖြည့်တင်းခဲ့၍ ခံသာနေခဲ့သည် ။ သို့သော် အစ်ကိုကတော့ အိမ်မှာ အဆာခံပြီး သူ့ကိုစောင့်နေခဲ့တာတဲ့လား ... ။

"ရပါတယ် ဒီတိုင်းစားရအောင် ။"

" နောက်ဆုံးစာမေးပွဲက ဖြေရတော့မှာ အားရှိအောင်စားပြီး စာကြိုးစားနော် ဂျောင်ဂုလေး ။ "

" ဟုတ် "

သူ့အတွက် စဥ်းစားပေးတက်လွန်းသည့်အစ်ကိုကြောင့် တွေးရင်း တွေးရင်း မျက်ရည်ဝဲလာရသည် ။

ဟုတ်တယ် သူဒီနေ့က စပြီးလိမ်မာတော့မယ်... ။
၄၅၆ကြိမ်မြောက်မတည်ဖြစ်သော ဆုံးဖြတ်ချက်ဖြစ်၏။
သူဆိုသည်ကား ​ခွေးမြီးကောက် ကျည်တောက်စွပ်အမျိုးဖြစ်လိမ့်မည် ။

ဒါနဲ့ အစ်ကို ထမင်းသိပ်မစားသလိုပဲ ။

တို့ကနဲ ဆိတ်ကနဲစားနေသည့် အစ်ကို့ပုံက အရင်နေ့ကနဲ့မတူ ၊ စားနေတာ အားရပါးရ သိပ်မရှိလှပေ ။

" ဘာဖြစ်လို့လဲ အစ်ကို စားမဝင်လို့လား ၊ ဒီနေ့သိပ်မစားသလိုပဲ ။"

My Crush is an IDOLМесто, где живут истории. Откройте их для себя