5. Next to you

1.8K 311 31
                                    

၂လ ကြာပြီးနောက် ...။

သီချင်းသံဆုံးသွားသည်နှင့် နွမ်းလျနေသော ကိုယ်ကို ကြမ်းပြင်ပေါ် လဲချလိုက်သည် ။ သူ့နည်းတူ အကလေ့ကျင့်ခန်းထဲက လူအချို့ လဲ ပစ်လဲချကြသည် ။ ရေသောက်သူကသောက် နံရံမှီ၍ နားသူက နားနှင့် အားလုံး ချွေးပြိုက်ပြိုက်ကျလျက် ပင်ပန်းနေကြသည်။
ဂျောင်ဂုလဲ ၃နာရီမျှ ဆက်တိုက်ကထားရ၍ ဝတ်ထားသည့် ရှပ်ဖြူဖြူက ချွေးများရွှဲလို့ အသားပင်ကပ်နေချေပြီ ။ နှာခေါင်းဖြင့် လေရှုရတာ မလုံလောက်တာကြောင့် ပါးစပ်နှင့်ပါ လေရှုသွင်းထုတ်လုပ်နေရ၏။

" ပင်ပန်း သွားပြီလား ။ "

ဟိုဆော့ Hyungက ဘေးတွင် ဝင်လဲပြီး မေးသည် ။

" အင်း နဲနဲ ။ "

" ပင်ပန်းလဲ နဲနဲ အားတင်းထားရအောင် ၊ သဘက်ခါဆို နောက်ဆုံး ကျန်ခဲ့မယ့်သူကို ကြေညာမှာမလား ။ "

" ဟုတ်ပါရဲ့ ။ "

မျက်နှာကျက် ဖြူဖြူတွေကို ငေးရင်း ဂျောင်ဂု သက်ပြင်းချလိုက်သည် ။

ဟုတ်ပါရဲ့ မနက်ဖြန် ကြေညာချက်ထုတ်မယ့်နေ့ပဲ ။

နက်ဖြန်ကျ အခန်းထဲ လက်တစ်ဘက်စာသာ ရှိတော့တဲ့ လူတွေထဲ ဘယ်သူဖြုတ်ခံထိပြီး ဘယ်သူက ရွေးခံရမည်မသိ ။ ကျိန်းသေပေါက် ရလဒ်ကောင်းအမြဲရသည့် ဟိုဆော့ Hyungက  ရွေးခံရမည်မှာ မလွဲလောက် ။အမြဲ ရလဒ် အတက်အကျ မငြိမ်သည့်သူသာ မှန်း၍ မရတာဖြစ်သည် ။

လူစစ်ပွဲနေ့ ဇကာတင်စာရင်းမှာ ပါကတည်းက တစ်ပတ်တစ်ခါ ဖြုတ်သည့် လူထဲ မပါသွားရအောင် ဂျောင်ဂု ကြိုးစားခဲ့ရသည် ။ သူများတွေထက် ပိုပြီး ဟိုဆော့Hyungနဲ့အတူ လေ့ကျင့်ခဲ့ရသည် ။ သီချင်းတိုင်းကိုလဲ ကျွမ်းကျင် ပိုင်နိုင်စွာဆိုနိုင်ဖို့ လေ့ကျင့်ရသည် ။ လေ့ကျင့်လွန်း၍ အစ်ကိုဂျင်က သူ့ကို မင်းသာ ကျောင်းစာ ဒီလေါက်ကြိုးစားရင် ဟားဘတ်က ခုချိန်မင်းကို လာခေါ်လောက်တယ်ဟု ပြောလေ့ရှိ၏ ။
ထိုမျှ ကြိုးစားခဲ့ရ၍ ရလာမည့် အဆုံးသတ်ရလဒ်ကိုတော့ ထူးစေချင်မိသည် ။

" Hyungနဲ့ ကျွန်တော် ရွေးခံရရင် ကောင်းမယ် ။ "

" Hyungရဲ့ ဂျောင်ဂုကီးက ကျိန်းသေပေါက်ရွေးခံရမှာပါ ။
ဂျောင်ဂု ...တကယ်လို့ မင်းအရွေးခံရပြီး အဖွဲ့ထဲ ပါခဲ့လို့ မင်းသဘောကျတဲ့ဂျီမင်းကိုတွေ့ရင် ဘာပြောမှာလဲ။"

My Crush is an IDOLWhere stories live. Discover now