6. Shy

3.1K 369 124
                                    

နက်ဖြန် Dorm သို့ ပြောင်းနေရမည့်ရက်ရောက်ပြီမို့ ဂျောင်ဂုတစ်ယောက် စိတ်လှုပ်ရှားလို့ နေသည် ။ အိမ်နဲ့ ခွဲနေရတော့မည်မို့ အရေးကြီးတာတွေ စတင်ထုပ်ပိုးရသည့် လုပ်ငန်းကစရတော့သည် ။ ယူသွားမယ့် အရေးကြီးပစ္စည်းတွေကို list မှတ်ပြီး အရေးကြီးတာက စထုပ်ပိုးဖို့ စရသည် ။ စစချင်း ကုတင်ပေါ်ထိုင်ပြီး လက်ဆွဲအိတ်ထဲ အရေးကြီးဆုံးဖြစ်သည့် အနှစ်နှစ်အလလ ဝယ်ယူ စုဆောင်းထားသည့် Album တွေနဲ့ light stickတွေကို သေချာ ထုပ်ပိုးထည့်သည် ။ Album လေးတွေ သိမ်းစုထည့်ရင်း ဒါက ဘယ် Comebackတုန်းက ဘယ်လိုလေးမုန့်ဖိုးစုဝယ်ရတာ ၊ ဘတ်ဝယ်ခဲ့ရတာ ၊ GAတို့ SGတို့ ရခဲ့တာဟူ၍ တစိမ့်စိမ့်ကြည့် ပြန်တွေးမိသည် ။
အဲ့တုန်းက အဝေးတစ်နေရာက မျှော်ငေးကြည့်ခဲ့ရသည့် အိမ်မက်လေးက ယခုဆို အနီးဆုံးရောက်လို့ လာနိုင်ခဲ့ပြီ ဟု တွေးတိုင်း ပီတီပြုံး ပြုံးမိသည် ။

" အထုတ်တွေ ထုပ်ပြီးပြီ လား ။ "

" မပြီးသေးဘူး ထုပ်တုန်း ။ "

အခန်းထဲ ဝင်လာသည့် ဂျင်Hyungကြောင့် အတွေးစဖြတ်ရင်း အထုတ် ဆက်ထုပ်ရသည် ။ အထုတ်မထုပ်ပဲ ဆက်တွေးငေးငိုင်နေရင်လဲ ခေါက်ခံက ထိတော့မှာ ။

" ရား !!! ဝတ်ရမည့် အဝတ်ကို အရင်မထည့်ပဲ မင်းဟာတွေ အရင်ထည့်နေတာလား ဟမ် ။ ဘာလဲ ဟိုရောက်ရင် အဝတ်မဝတ်ပဲ မင်းဟာကို Albumနဲ့ ကွယ်နေတော့မှာလား ။ "

" ဟာ Hyungကလဲ ထုပ်မှာပေါ့လို့ အရေးကြီးတာ အရင် ထည့်နေတာကို ။ "

" အေး ..လုပ်နေလိုက် အဲ့ဒါက အရေးကြီးတယ် မင်း အဝတ် ဝတ်မနေနဲ့ ကိုယ်လုံးတီးနေ ။
ပေး နောက်အိတ်တစ်ခု ငါ အဝတ်တွေကူထည့် ပေးစမ်းမယ် ။
တကယ်တည်း ငါမပါရင် ပြီးကို မပြီးဘူး ၊ မင်းဟာလေ ကလေးလဲ မဟုတ်တော့ ...$&*'•*=$&&% "

လက်က ဒလက်ဆက် အင်္ကျီတွေ ခေါက်ထည့်ရင်း ပါးစပ်ကလဲ တတွတ်တွတ် တွတ်ထိုးနေသည့် အစ်ကိုကြောင့် ကိုယ်ပိုင်အတွေးကမ္ဘာနှင့် ကြည်လင်နေခဲ့သော ဂျောင်ဂုမှာ ခေါင်းတကုတ်ကုတ် နားရွက်တပွတ်ပွတ်နဲ့ အထုတ်ထုပ်ပိုး သိမ်းဆည်းခြင်းကိုခပ်သွက်သွက် လုပ်ရတော့သည် ။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Nov 19, 2020 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

My Crush is an IDOLDove le storie prendono vita. Scoprilo ora