2.မင်္ဂလာဆောင်တော့မယ်

4K 479 82
                                    

အားးးးးးးး !!!

အထိတ်တလန့်အော်သံကျယ်ဟာ ဟာဂျောင်း ဆိတ်ငြိမ်ရပ်ကွက်လေးအတွင်း လွမ်းမိုးသွားသည်။ ထိုအော်သံကြောင့် အိမ်ပြင်သို့ အထိတ်တလန့်ထွက်ကြည့်သူရှိသလို အိမ်ထဲမှ အပြင်သို့ အကဲခတ်နေကြသူများလဲရှိလေသည်။

"ကုန်ပါပြီ ကုန်ပါပြီ ငါ့ပိုက်ဆံတွေ အကုန် ကုန်ပြီလို့"

ရှုပ်ပွထနေသည့် အခန်းငယ်လေးထဲ ဂျောင်ဂုရဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေးဟာ အစိတ်စိတ်အပိုင်းပိုင်းကွဲကြေသွားသလို ။ ခေါင်းအုံးပေါ် မျက်နှာအပ်၍ ငိုနေသည်မှာ ခေါင်းအုံးပင် အတော်ရွဲနေပြီဖြစ်သည်။

မလှမ်းမကမ်းတွင် ပစ်ထားသော ဖုန်းမျက်နှာပြင်မှာတော့ Moon and Star ဆိုသည့် online shopမှ လိမ်လည်သွားပြီဆိုသည့် အကြောင်းများက ပလူပျံလျက်။
ထိုPageတွင် သိပ်မကြာခင်က Album4verလုံး သူမှာခဲ့သည်။ပိုက်ဆံအရင် ပေးထားရမည်ဆို၍လဲ သူပိုက်ဆံ လွဲပေးခဲ့ပါသည်။ ပိုက်ဆံရှိလွန်း၍တော့မဟုတ် မုန့်ဖိုးနဲ့ ဘတ်စ်ကားဖိုးထဲက ချွေတာပြီးစုထားသော ပိုက်ဆံများနှင့် ဝယ်ခဲ့ခြင်းဖြစ်သည်။

အခုတော့ ထိုpageသည် လိမ်လည်သွားပြီဖြစ်ကြောင်း ARMYအသိများက လာပြော၍ သူသိခဲ့ရသည်။

ဘယ်လိုများ. . .။ ဘယ်လိုစိတ်နဲ့များ လုပ်ရက်နိုင်ကြတာလဲ။

အခု သူဘယ်လို ဆက်လုပ်ရမည်မသိ။ လိမ်တဲ့သူက ဘယ်သူဘယ်ဝါမသိသလို၊ ဘယ်အရပ်ဌာနေ နေသည်မသိ။

မျက်လုံးများကလဲ ငိုရလွန်း၍ အောင့်သက်လာသည်။ခန္ဓာကိုယ် တစ်ခုလုံးကလဲ လှုပ်ချင် ကိုင်ချင်စိတ်မရှိတော့ ။

သူတစ်ပါးဆီက အလိမ်ခံရလောက်အောင် သူတုံးအ ခဲ့မိသည်လား။

အတွေးများစွာက သူ့အားဘက်ပေါင်းစုံမှ ရိုက်ခတ်သည်။ မျက်ရည်များကလဲ လုံးဝမရပ်တော့။
အခုအချိန် သူ ကမ္ဘာပေါ်က ခေတ္တခဏသာပျောက်ကွယ်ချင်မိတော့သည်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒေါက် ဒေါက်

"ဂျောင်ဂု ထမင်းမစားဘူးလား "

မိုးပြာရောင် အခန်းငယ်လေးအတွင်းမှ မည်သည့် တုံ့ပြန်မှုမျှ ပြန်ထွက်မလာ။

My Crush is an IDOLWhere stories live. Discover now