3. Meet a STAR

3.2K 459 48
                                    

လတ်တလော ဂျွန်ဂျောင်ဂုတစ်ယောက် အခွင့်ထူးခံလူတန်းစားတစ်ရပ်လို ကျောင်းဝန်းထဲ မြောက်ကြွကြွဖြစ်နေ၏။

ဟုတ်သည်လေ ။ Idolဆီက reply ပြန်ရတာနည်းတဲ့ ကုသိုလ်လားလို့ ။

ထိုreply လေးကြောင့်ပဲ စာမေးပွဲမှာ မဖြေစဖူး မေးခွန်းအားလုံး ထိုင်ဖြေခဲ့တာ တန်းလုံးကျွတ်
1 ဆွဲသည်အထိ။ သူငယ်ချင်းများနဲ့ ဆရာ ၊ ဆရာမ များကတော့ မယုံနိုင်သည့် ဖြစ်ရပ်ကြောင့် အံ့တွေသြလို့ ပုံမှန်ဆို သူ့အဆင့်က နောက်ဆုံးမှာကိုး ။

Reply ရတဲ့နေ့ကဆို ပျော်လွန်းလို့ ရပ်ကွက်တစ်ခွင် အစ်ကိုဂျင် ဝယ်စုထားတဲ့ မုန့်တွေလျှောက်ဝေပစ်ခဲ့တာ။ အကြောင်းစုံသိချိန် အစ်ကိုဂျင်ဆီက အထုထောင်းခံလိုက်ရတာတော့ ပြောဖွယ်မရှိတော့ပါဘူးလေ။

ကျောင်းမှာလဲ ထိုနည်း၎င်း ပါပဲ။ အားကျသူများက အားကျ ၊ မနာလိုဖြစ်သူကဖြစ်နဲ့ ။
အင်းးး...သူကလဲသူပါပဲ။ လူကိုယ်တိုင်ကျသော်လည်းကောင်း ၊ Twitter ၊ Weverse တစ်ခုမကျန် ပြဲပြဲစင် လိုက်ကြွားမိတာလဲပါတာပေါ့ ။

ဒါမျိုးက အလကားကြွားစိန်လုပ်တာမှမဟုတ်ပဲ။
ဂုဏ်ယူဝံ့ကြွားတယ်လို့ ဆိုရမှာပေါ့ အဟင်း ..။ အဲ့ဒါမို့ ဂျွန်ဂျောင်ဂုတို့ကတော့ မရှက် ၊ မကြောက်တက်ပေါင်။

" ဟဲ့ ..နင်တို့ သိပြီးပြီလား "

ကျောင်းကန်တင်းမှာ ထိုင်နေတဲ့ သူတို့ ARMY တစ်သိုက်ဆီပြေးလာတဲ့ကောင်မလေး ။

မေးမနေနဲ့ ..။ သုတ်သုတ်ပျာပျာ ပြေးလာပုံထောက်
အဲ့ဒါWar ...။

" ရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်.. နာရင်း "

"War ဖြစ်လို့ဟဲ့ ..!! "

ပြောသားပဲ...။

"ဘယ် Fandom နဲ့လဲ "

"ပြည်ပစစ်မဟုတ်ဘူးဟေ့ ..ဒီတစ်ခါ ပြည်တွင်းစစ်ဟဲ့
ပြည်တွင်းစစ်.. ပြည်ပရန်လဲ ပါတယ်"

" အကျိုးနည်း OTP War ကြီးလား "

" အေး ! ထုံးစံတိုင်း MM ခိုးတယ်ဆိုပြီးစဖြစ်တာ ..နောက်ပြီး ဟို FD တစ်သိုက်က သူတို့ဟာမတွေနဲ့ ငါတို့ကလေးကို အရမ်းတွေ ပေးစားနေတာဟ ..
တကယ့် အကုသိုလ်တွေ"

My Crush is an IDOLWhere stories live. Discover now