Chapter 15

19.5K 1.8K 288
                                    


" ဟေ့ကောင် အခန်းထဲက ထွက်သွားလို့ပြောနေတယ်နော်...။ မင်း ငါ့လူမှန်းသိရက်နဲ့တောင် ထိရဲတာလား...။ Xiaozhan ...မင်းတို့က ဘာတွေလဲ..."

" ကျွန်တော်...ကျွန်တော်..."

ယုန်လေးကြည့်ရတာ ကော အော်လိုက်လို့ တော်တော်လန့်သွားပုံပင်...။ ငိုမဲ့မဲ့လေးကနေ...ပြိုတော့မယ် မိုးလို ဖြစ်နေပြီ...။ Yibo ကလည်း တကယ့် အ‌ကြောတင်း...ကောကို ပြန်စိုက်ကြည့်နေတာများ မသိရင် သူပိုင်တဲ့ ပစ္စည်းကို ကောကပဲ လာထိနေသလိုလို...

" ပြောလေ...ငါ မင်းကို ဖျားနေလို့ ခွင့်လွှတ်ထားတာနော်... နောက်တစ်ယောက်ထားရင် ငါ လုံး၀ သည်းခံမှာ မဟုတ်ဘူးလို့ ပြောထားပြီးသား..."

ကော အသံက တော်တော်ကျယ်လာတာမို့ ကျွန်တော်တောင် လန့်သွားမိသေး...။

" ဟေ့ကောင် ကုတင်ပေါ်က ဆင်းပြီး သူ့ကိုလွှတ်တော့...။ လာ Xiaozhan..."

မြင်ရတာတွေက ဘယ်လိုမှကို အဆင်ပြေမနေ..။ ကောက ယုန်လေး လက်မောင်းကို ဆွဲဖို့လုပ်တာနဲ့ Yibo က ချက်ချင်းသိုင်းပွေ့ပစ်လိုက်တာ....။ ယုန်လေးကလည်း ကြောက်လို့ပဲလား...Yibo ပြောသလို သူ့ချစ်သူပဲလားတော့မသိ...Yibo အကျီစကို ဆွဲထားပြီး လုံးဝ ကော ဆွဲထုတ်တာကို  မခံ...Yibo ကို အားကိုးတကြီးကို ဆွဲထားပြီး စငိုနေပြီ....

မဖြစ်တော့ ဒီကောင်တွေ နေမကောင်းတဲ့ကလေးကို ဘယ်လိုဆက်ဆံနေကြတာလဲ...

" ကော ဘယ်လိုဖြစ်လို့ အဲ့လောက်ဆွဲနေတာလဲ...။ ယုန်လေးကို ခုမှ မနည်းဆေးချိတ်ထားရတာလေ...အကုန်ပြုတ်ကုန်တော့မယ်....။ Yibo မင်းကလည်း ပြဿနာရှာချင်ရင် သူနေကောင်းမှ လုပ်ကွာ...လူနာက မင်းတို့ကြောင့် လန့်ပြီး သေတော့မယ်...သူ့မျက်နှာကိုလည်း ကြည့်ကြဦး..."

" Li Wei ကိုကို...ကျွန်တော် ဆေးရုံက ဆင်းချင်တယ်...ဆေးထပ်မထိုးချင်ဘူး..."

အင်းလေ...သူ့ခမျာ ခုနထဲက ဆေးထိုးခံရလို့ အော်ငိုနေပါတယ်ဆိုမှ...သူတို့က တမှောင့်...။ ကျွန်တော်  Yibo လက်ထဲကနေ ယုန်လေးကို ဆွဲယူလိုက်ပြီး...ကျွန်တော့်ရင်ခွင်ထဲ ပွေ့ပြီး ဆွဲထည့်လိုက်ရတော့သည်...

" Yibo ...ငြိမ်ငြိမ်နေတော့...မင်းတို့နှစ်ယောက် ရန်ဖြစ်ချင်နေကြတာမလား...သွား ...အပြင်မှာ သွားဖြစ်ကြ...။ မင်းတို့ အဲ့လို သူ့ဘက်ကို မကြည့်ရင် ...ငါ သူ့ကို ဘယ်သူ့လက်ထဲမှ ပြန်ထည့်ပေးမှာ မဟုတ်တော့ဘူးနော်...လူနာကွ...အရုပ်မဟုတ်ဘူး...."

Trust Your Heart [Completed]Where stories live. Discover now