Chapter 17

19K 1.6K 139
                                    


အခုအခြေအနေက ချိန်ကိုက်ဗုံးနား ထိုင်နေရတဲ့ ခံစားချက်မျိုး...။ Li Wei ပြန်ခိုင်းလိုက်လို့သာ ကျွန်တော်တို့ ပြန်လာကြရတာ..။ မနက်ဖြန် အဖြေအတွက် စိတ်လှုပ်ရှားလွန်းနေတာမို့..ဖြစ်နိုင်ရင် သူ့နားမှာပဲ နေချင်တယ်...

ဒါပေမယ့် Li Wei က ကျွန်တော်တို့ကို ခွေးမောင်းသလိုကို မောင်းထုတ်ပစ်လိုက်တာ...။ အခုနေ မပြန်ရင်...ဆေးရုံကနေ အစောင့်တွေနဲ့ ဆွဲထုတ်ပစ်မယ့်ထိပါ ခြိမ်းခြောက်လို့ ပြန်လာခဲ့ရတာ...

အဲ့ကောင်ကို နည်းနည်းမှ ကြည့်လို့မရတော့ဘူး..။ ကောနဲ့တောင် လုမရတဲ့ကြားထဲ သူကပါ ကြားထဲက လာရှုပ်နေသေးတယ်..နောက်ဆို Xiaozhan တစ်ခုခုဖြစ်ရင်တောင် သူ့‌ဆေးရုံမှာ ဘယ်တော့မှ သွားမတက်ခိုင်းတော့ဘူး...

အခုလည်း ကောက ကားသာ မောင်းနေတာ လူထသတ်တော့မယ့် ရုပ်ကြီးနဲ့ ...။ ဘယ်ချိန် ကားပေါ်က မောင်းချမလဲ ကြည့်နေရတာ...

" အမေ့..." တွေးကာမှ မဆုံးသေး...။ ကားကို ဘရိတ်စောင့်အုပ်ချပစ်လိုက်တာကြောင့် ပေါက်ကွဲသွားမိသည်...။ ဟက် ရန်စတာပေါ့...ဒီကကောင်ကလည်း ရန်ဖြစ်ချင်နေတာနဲ့ အတော်ပဲ...။ ဒါ  ငယ်ငယ်တည်းက ကျွန်တော်တို့နှစ်ယောက်ရဲ့ ပုံစံပင်...ဦးသူ ချကြေးပဲ....

" ဘာဖြစ်တာလဲ..."

" ငါ မင်းကို ဆေးရုံမှာတုန်းက Xiaozhan ရှိနေလို့ သည်းခံနေတာ...။ ငါ မင်းကို ရှင်းအောင်ပြောထားမယ်နော်... Xiaozhan ကို မင်းဖက်ပါအောင် လုပ်နေတာတွေ ရပ်တန်းက ရပ်လိုက်တော့..."

" ဟက်...ဘာတွေကြောက်နေတာလဲ...ကျွန်တော်သာ ရပ်တန်းက ရပ်မနေရင်..အခုချိန်ဆို သူ ကျွန်တော့် ချစ်သူ ဖြစ်နေလောက်ပြီ..."

" မင်း..ငါလုပ်ရင်သေတော့မယ်..."

" လုပ်ကြည့်လေ...ဘယ်တုန်းက ငြိမ်ခံတာ တွေ့ဖူးလို့လဲ...လာထိလို့ကတော့ အကြီးတွေ ဘာတွေ နားလည်မယ့်ကောင် မဟုတ်ဘူးနော်..."

" မင်း ဘာအချိုးချိုးနေတာလဲ...။ ဘာလဲ Li Wei ကြောင့် မင်းဒီလိုတွေ လုပ်နေတာလား...။ ငါ ပြောပြီးသားနော်...ငါ တစ်ခါမှ သူ့ကို လိုက်လုနေခဲ့တာ မဟုတ်ဘူး...မင်းဘာသာမင်း အဖြစ်ရှိအောင် မလုပ်နိုင်ခဲ့တာပဲ ရှိတာ...ပြီးတော့ ငါ မင်းတို့နှစ်ယောက်ကြား လုံးဝ မဝင်တော့ဘူးလို့ ပြောပြီးသားပဲ...ဘာလို့ Xiaozhan ကို မင်း ဒီလိုလိုက်လုပ်နေတာလဲ...မကျေနပ်တာရှိရင် ငါနဲ့ တိုက်ရိုက်ရှင်း..."

Trust Your Heart [Completed]Where stories live. Discover now