Chapter 24

18.1K 1.5K 89
                                    


ဒီနေ့က ကျွန်တော်နဲ့ Li Wei ရဲ့ Wedding Day...

" မား...အခု ကျွန်တော့်ကို ကြည့်နေတယ်မလား...။ ဒီလိုနေ့မျိုးမှာ မားကို အရမ်းရှိနေစေချင်တာပဲ...။ ကျွန်တော့်မှာ သေချာပေါက် မားနဲ့ မိတ်ဆက်ပေးချင်တဲ့သူက တစ်ယောက်ရှိခဲ့တာဆိုပေမယ့်...အခု Li Wei ကိုလည်း မား ပိုတောင်သဘောကျမယ်လို့ ယုံပါတယ်...။ ဘယ်သူထင်မှာလဲနော်...ကျွန်တော်နဲ့ မားရဲ့လက်ပေါ်မှာ ကြီးလာတဲ့ ကလေးလေးက ...တစ်နေ့မှာ ကျွန်တော့်လက်တွဲဖော် ဖြစ်လာလိမ့်မယ်လို့ ...

အခုကစပြီး ကျွန်တော့်ကို စိတ်မပူလည်း ရပါပြီ....။ မနေ့က ပထမဆုံးအကြိမ် ပါးနဲ့ စကား အကြာကြီး ထိုင်ပြောဖြစ်ခဲ့တယ်...အစုံပေါ့...။ ကျွန်တော် ပါးနဲ့ အခုလို မျက်နှာချင်းမဆိုင်ခဲ့တာ နှစ်တွေမနည်းတော့ဘူးလေ...။ အခုမှ ပါးရဲ့ ခံစားချက်တွေကို အပြည့်အဝဆိုတာထက်ကို ကျော်လွန်ပြီးတော့‌တောင် နားလည်သွားတာ...မားကို အားနာပေမယ့်...ပါးလည်း တစ်ချိန်တုန်းက Yibo အမေနဲ့ လွဲခဲ့ရလို့ ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲဆိုတာ ခံစားလို့ရလိုက်ပြီ...

ဒါပေမယ့် စိတ်ချပါ...ကျွန်တော် ပါးလို လိုက်မလုပ်တော့ပါဘူး...အခုကစပြီး လိမ်မာတော့မယ်လို့ မားကို ကတိပေးတယ်နော်...။ ဘာလို့ဆို ကျွန်တော်သေချာပေါက်...စောင့်ရှောက်ပေးချင်တဲ့ သူရယ်....တစ်ခါမှ နားလည်ပေးမကြည့်ခဲ့ဖူးတဲ့ Yibo ရယ်...အခုကျွန်‌တော့်ရဲ့ အိမ်ထောင်ဖက်ဖြစ်လာမယ့် Li Wei ရယ်အတွက် ကျွန်တော် ဒီနေ့ကစပြီး...ကောင်းမွန်တဲ့ ရှေ့‌ဆောင်လမ်းပြဖြစ်အောင် ကြိုးစားချင်တယ်....

သူတို့သုံးယောက်ကို သေချာပေါက် တစ်သက်လုံး စောင့်ရှောက်ပေးတော့မှာမို့...အရင်လို ဘဝကို ဦးတည်ချက်မရှိ အရွဲ့တိုက်နေတာတွေကို ထပ်မလုပ်တော့ဘူး...။ ပါးကိုလည်း နားလည်လိုက်ပြီ...အင်း...Yibo အမေကိုလည်း တကယ် သနားမိသွားတာ...အဲ့ဒါမို့ အခုကစပြီး ကျွန်တော့်ကို စိတ်ချလက်ချ ထားခဲ့ပြီး အေးအေးချမ်းချမ်းအနားယူပါတော့နော်....မားကို ချစ်တယ်...လွမ်းတယ်....။ တကယ်ပါ...ဘဝဆက်တိုင်း မားရဲ့သားပဲ ပြန်ဖြစ်ချင်ပါတယ်....

" ကော...အပြင်မှာ ဘာထွက်လုပ်နေတာလဲ...သတို့သားက ပွဲကနေ ထွက်ပြေးဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်..."

Trust Your Heart [Completed]Where stories live. Discover now