Chapter 22

19.2K 1.7K 230
                                    


ခွပ်...ခွပ်...ခွပ်...

" အား... Wang Yong..ငါတို့ တကယ်တောင်းပန်ပါတယ်ကွာ...ဒီတစ်ခါပဲ ခွင့်လွှတ်ပေးပါနော်...အ.."

" မင်းတို့ ဘယ်လိုသတ္တိနဲ့ Xiaozhan ကို ထိရဲတာလဲ...အေး...သူသာတစ်ခုခုဖြစ်သွားလို့ကတော့..မင်းတို့အကုန်သေပြီပဲ...။ ဒါတောင် ယဲ့ယဲ့ပဲ ကျန်တော့တာကွ..."

" ငါတို့မှားသွားပါတယ်ကွာ...အဲ့လောက်ကြီး ဖြစ်ဖို့ မရည်ရွယ်ပါဘူး...ငါတို့က သူ့ကို နည်းနည်းလောက် လန့်သွားအောင် ခြောက်ရုံပါ...ငါတို့ သူ့ကို တောင်းပန်ဆို တောင်းပန်ပါ့မယ်..."

ကျွန်တော် သူတို့ဘေး ခြေပစ်လက်ပစ် ဝင်ထိုင်ပစ်လိုက်တော့သည်...

" နောက်ဆို သူ့ကို အဲ့လိုမလုပ်ကြပါနဲ့ကွာ...။ ငါနဲ့ မတွဲဖြစ်တော့ရင်တောင် သူ့ကို ရန်မရှာပါနဲ့..."

" အင်းပါ...စိတ်ချ..အဲ့လိုထပ်မဖြစ်စေရပါဘူး...ငါတို့လည်း အဲ့နေ့က တကယ်လန့်သွားတာ..."

" ငါ လက်ထပ်တော့မယ်..."

" ဟမ်... Xiaozhan နဲ့လက်ထပ်တော့မှာလား...မြန်လှချည်လား..."

"" အေးလေ...မင်း သူ့ကို အတည်တွဲမှန်း သိပေမယ့် လက်ထပ်ဖို့ထိပါ ရည်ရွယ်ထားမယ် မထင်ထားဘူး..."

""" ဟုတ်တယ်...သားကြီး... Congratulations ကွာ...ငါတို့ သူ့ကို သေချာလိုက်တောင်းပန်ပါ့မယ်.."

" သူနဲ့ မဟုတ်ဘူး...။ ဘာမှထပ်မမေးနဲ့တော့...ငါ ဖြေချင်စိတ်မရှိသေးဘူး...။ ပြောပြီးသားနော်...ငါနဲ့တွဲတွဲ မတွဲတွဲ..သူ့ကို လက်ဖျားနဲ့တောင် ထပ်ထိဖို့ မတွေးနဲ့တော့...နောက်တစ်ခါဆို ခုထက်ပိုဆိုးမယ်..."

သူ ထထွက်သွားတာမို့...သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေမိကြတယ်...။ ဘာလဲဟ... Xiaozhan လည်းမဟုတ်ဘဲ..လက်တောင်ထပ်ယူသွားတာ...ဘယ်ကောင်လေးမို့လို့လဲ....

____

ဒီနေ့မှ Xiaozhan...သတိကောင်းကောင်းရလာတော့တယ်...။ သူမှီထိုင်လို့ရအောင် နောက်ကျောမှာ ခေါင်းအုံးလေး မှီထားပေးလိုက်ပြီး သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးထားလိုက်သည်...

သူ ကျွန်တော့်ကို မျက်လုံးအပြူးသားလေးနဲ့ လိုက်ကြည့်နေရှာတာ...။ တကယ်ပါ သူ့ကို မြင်ရတာ စိတ်မကောင်းလွန်းလို့...အစထဲက သိပ်မပြည့်တဲ့ ခန္ဓာကိုယ်လေးက အခုတော့ လေတိုက်ရင်တောင် လွှင့်ထွက်တော့မလို ဖြစ်နေပြီ...

Trust Your Heart [Completed]Where stories live. Discover now