episode 5 unicode

5K 309 9
                                    

ငြိုး....(episode 5)
-----------------
Warning>> နည်းနည်းကြမ်းတမ်းသည့်အသုံးအနှုန်းတွေပါဝင်ပါသည်။

ဥက္ကာသည် တစ်နေကုန် အလုပ်ကိုဇယ်ဆတ်မပြတ်လုပ်ခဲ့၍ ညောင်းညာကိုက်ခဲလျက်ရှိရာ သက်ပိုင်၏အိပ်ရာပေါ်တွင်လှဲရင်း ငြီးရှာသည်။ သူငြီးပုံက တစ်မျိုးပင်...။

"ကိုယ် တစ်ကိုယ်လုံးကိုက်ခဲနေရော၊ ကိုယ့်ကိုယ်ကို မသယ်ချင်တော့ဘူး ဒီညဒီမှာအိပ်မယ်နော်...."

ဘာမှမဆိုင်သလိုပင်...။ ခုမွညနေလေးနာရီသာရှိသေးသည်။ ပရုတ်ဆီလူး၍ ခဏလောက်နားလိုက်လျှင် ဆိုင်ကယ်တော့မောင်းနိုင်မည်သာ။ ဒါ ဥက္ကာ တမင်ဂွင်ဖန်ခြင်းဖြစ်မှန်း သက်ပိုင်သိသည်။

နွေးနွေးတို့က အိမ်နောက်ဖေးတွင် ချက်ပြုတ်နေကြ၍ အိပ်ခန်းထဲတွင် သက်ပိုင်နှင့်ဥက္ကာနှစ်ယောက်တည်းရှိသည်။ ခုလိုနှစ်ယောက်တည်းအတူရှိနေရသည်ကိုပင် သက်ပိုင်ကျောချမ်းလှသည်။ မေမေကလည်း ဥက္ကာကိုအားနာက ပရုတ်ဆီလူးပေးရန်သက်ပိုင်ကို အပူပေးသည်။ မေမေ့ကိုလည်း ဒီလူဘယ်သူဆိုတာပေးသိချင်သည်။ သူ့အကြောင်းတွေကိုပြောပြချင်နေသည်။

" ဒီမွာမမနွေးတို့ပါလာအိပ်မွာ ...."

သက်ပိုင်က ငြင်းရန်စကားအစပျိုးတော့ ဥက္ကာက မျက်နှာငယ်လေးဖြင့် ညိုးညိုးနွမ်းနွမ်းထပ်၍ပြောရှာသည်။ ညိုးညိုးနွမ်းနွမ်းဆိုသော်လည်း အသံကသာညိုးနေခြင်းဖြစ်သည်။ စကားကအထက်စီးမွ...။

"အို...သူတို့ငါးယောက်က ဧည့်ခန်းထဲအိပ်ပေါ့၊ ကိုယ်က မင်းအခန်းထဲမှာအိပ်မွာကို..."

"အို ရှုပ်ရှုပ်ရှပ်ရှပ် ကုတင်ကတစ်ယောက်အိပ်ကုတင်လေး၊ ပြီးတော့ ကျွန်တော်လည်း နှစ်ယောက်အိပ်တတ်တဲ့အကျင့်မရှိဘူး...."

စကားလွအောင် ရှာမနေတော့ပဲ သက်ပိုင်လည်း တည့်တိုးပြောချလိုက်တော့ ညိုးနေသော ဥက္ကာမျက်နှာလေးက နွမ်းခြောက်သြားတော့၏။

"ရတယ်...ကိုယ်အောက်မှာဖျာခင်းအိပ်မယ်၊ ဘာမှမဖြစ်ဘူး...."

"မရဘူးဆို မရဘူးဘဲ၊ ခုဆေးလိမ်းပေးမယ် ခဏနားပြီးပြန်တော့..."

~ၿငိဳး.....~Where stories live. Discover now