episode 21 unicode

3.7K 165 0
                                    

ငြိုး.....(episode 21)
-------------------

အိပ်မက်နှင့်သာ အဖော်ပြုနေရသည့်
အထီးကျန်ဒီလူသားအတွက်
ဘယ် အဘဘုရား၏ ကောင်းချီးမင်္ဂလာတွေကများ
ဧရင်ကျူးပေးနိုင်မည်နည်း။
-----------------

တစ်နေ့က သက်ပိုင်တို့အိမ်၏မျက်စောင်းထိုးမွ တိုက်ပုလေးသို့ ကိုကျော်စြာပြောင်းလာသည်။

"အကူအညီလိုရင် ပြောပါ"ဟုတော့ ကိုကျော်စြာကပြောသည်။ သို့ရာတွင် သူလိုချင်သောအကူအညီကိုဘယ်သူကပေးနိုင်ပါမည်နည်း။ တမလွန်က ကိုဥက္ကာကို ပြန်ခေါ်ပေးပါဟုအကူအညီတောင်းလိုက်ရ မခက်ပါသလား။
ကိုကျော်စွာနှင့်ဆုံတိုင်း ဒီစကားမျိုး ကိုကျော်စြာကပြောပြောတတ်သော်လည်း သက်ပိုင်ခင်မ်ာ စိတ်မလုံမလဲဖြင့်ရှောင်ထွက်သွားရသည်သာများသည်။ ကိုဥက္ကာသေဆုံးမှုအပေါ်တွင် သူ့ပရောဂမကင်းသည့် အရိပ်မည်းကြီးက အျမဲလိုလိုခြောက်လှန့်နေသည်။ ခြောက်လှန့်နေသည့်အတွက်လည်း ကိုဥက္ကာနှင့်သက်ဆိုင်ခြင်းရှိသည့်သူမ်ားကို ရှောင်ရှား၍သာသွားလာတတ်သည်။ တစ်ခြားသူများကို ရှောင်ရှား၍ သွားလာနိုင်သော်လည်း ကိုကျော်စြာကိုတော့မရှောင်ရှားနိုင်။

တစ်ရက်တစ်ကြိမ် နှစ်ကြိမ်လောက်ကအမြဲဆုံသည်။ ပျင်းပျင်းနှင့်မုန့်ထွက်စားသည့် အကြော်ဆိုင်မှာကအစဆုံသည်။ ဆုံတိုင်းလည်း မျက်နှာပူရသည်။ မျက်နှာပူရသည့်အထဲ ခုတော့ အိမ်နားကိုပါ ပြောင်းလာပြန်ပြီ။ ဘယ်လိုမျက်နှာ ဘယ်လိုစကားများနှင့် ကိုကျော်စွာကိုဆက်ဆံရမလဲမတွေးတတ်တော့။

ခံသာသည်တစ်ခုက ကိုကျော်စြာက ကိုဥက္ကာအကြောင်းဘယ်တုန်းကမှမဟခဲ့ခြင်းဖြစ်သည်။ ကိုဥက္ကာနှင့်ပတ်သက်သည့်ကိစ္စများသာ ပြောခဲ့ပါလျှင်လည်း သက်ပိုင်ဘယ်လိုမှသည်းခံနိုင်မည်မဟုတ်။

ကိုဥက္ကာမရှိတော့သည့်နောက်ပိုင်း ကိုကျော်စွာနှင့် ခဏခဏဆုံနေခဲ့သော်လည်း ထိုနေ့က်မွ ကိုကျော်စွာကိုမြင်သည့်အခါ အလျင်ထက်ဥက္ကာကို တမ်းတမ်းတတလေးလွမ်းမိပြန်သည်။ မကြည့်ရဲခဲသည့် ပြက္ကဒိန်ကို ပြန်ကြည့်မိကာ လက်ချိုးရေတွက်ကြည့်တော့ ကိုဥက္ကာ သူ့ကိုထားခဲ့သည်မွာ တစ်လတင်းတင်းပြည့်ခဲ့ပါပြီ။ ဘယ်ဆီဘယ်ဝယ်တွေများ လွင့်ပျောက်ကွယ်နေပြီလဲ ကိုဥက္ကာရယ်။

~ၿငိဳး.....~Where stories live. Discover now