episode 18 unicode

3.5K 180 0
                                    

ငြိုး.....(episode 18)
-------------------

ညသည်မှောင်မိုက်၍နေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးနှင့် သူရောက်ရှိနေရာ အဆောင်အတွင်းတွင်လည်းမှောင်မိုက်၍နေသည်။ ဖုန်းမီးရောင် တစ်စွန်းတစ်စကိုတော့ သူ့အနီးပတ်ပတ်လည်တွင် မြင်တွေ့နေရသည်။ အဆောင်ဟောင်းကြီးဖြစ်၍ ညှီစို့စို့အနံ့များက ဟောင်နေသည်။ တိတ်ဆိတ်နေသည့်အဆောင်အတွင်း ဟိုသည်လျှောက်လှမ်းနေသောခြေသံများနှင့် တစ်ချက်ချက် ထထပ်ံသော လင်းနို့တောင်ပံခတ်သံမ်ားကို အထိတ်တလန့်ကြားနေရသည်။

သက်ပိုင်သည် ကုလားထိုင်အပျက်ပေါ်တွင် ထိုင်ချက်ရှိနေပြီး လက်ကိုလည်း အနွေးအကျႌတစ်ထည်ဖြင့် နောက်ပြန်ချည်နှောင်ခြင်းခံထားရသည်။ ပြဲဈေးအတွင်း ကိုဥက္ကာမရှိတော့သည့်အခါ လူငါးယောက်က သူ့အနားတိုးကပ်လာ၍ ဖမ်းခေါ်ခံရမှုကို ရင်တလေးလေးဖြင့် ပြန်တွေးနေမိသည်။

ထွဋ်ခေါ်ဟု ထင်မှတ်ရသည့်လူက သက်ပိုင်ရှိရာသို့ ရှပ်တိုက်လျှောက်တိုးလာသည့်ခြေသံကို အသည်းတယားယားကြားနေရသည်။ ဖျတ်ခနဲပေါ်ထွက်လာသော မီးခြစ်ဆီမွ အလင်းရောင်ခပ်သဲ့သဲ့အောက်တွင် အဆီတဝင်းဝင်းနှင့် ထွဋ်ခေါင်၏မျက်နှာကို သက်ပိုင် ဝိုးတဝါးမြင်တွေ့လိုက်ရသည်နှင့် ကြောက်စိတ်မ်ားက တစ်ကိုယ်လုံးလွှမ်းခြုံသွားတော့သည်။

သက်ပိုင်သည် ကြောက်အားလန့်အားဖြင့် ခေါင်းကို အနောက်သို့တွန့်ဆုတ်လိုက်ပါသည်။ စိတ်က ဒီနေရာမှ အလျင်အမြန်လွတ်မြောက်ချင်နေသည်။ သို့ရာတွင် ဥက္ကာလာမည်ကိုလည်း စိုးရိမ်နေမိသည်။ ငါးယောက်နှင့်တစ်ယောက် အင်အားခြင်းမမ်ွပေ။

ရတက်မအေး အပူတစ်လေးလေးဖြင့် သက်ပိုင်သည် ကြောက်စိတ်မ်ားကို အားစိုက်မျိုချနေရပေသည်။

ထွဋ်ခေါင်သည် သက်ပိုင်၏မေးဖျော့လေးကို လက်ဖြင့်ဆုပ်ကိုင်ကာ မော့စေ၍ မီးခြစ်မှအလင်းရောင်ဖြင့် အရသာခံကာကြည့်လေသည်။

"ကိုးနာရီခွဲပြီ...နောက်နာရီဝက်နေမှ မင်းကောင် မလာရင် ငါတို့မင်းကို ကောင်းကင်ဘုံပို့ပေးမယ်..."

သက်ပိုင် စကားမပြန်ရဲ။ ဥက္ကာမှလွဲ၍ ကျန်သည့်လူမိုက်ပုံဆိုးသွမ်းသူအားလုံးကို သူကြောက်ရွံ့လှသည်။

~ၿငိဳး.....~Where stories live. Discover now